ကျွန်မကလေး မျက်ရည်တစ်ဖက် ကျနေလို့ …
|-အမေးများပါတယ်
-အဖြစ်များလို့ပါ
-တစ်ဖက်ထဲ ဖြစ်နိုင်သလို ၂ ဖက်လဲ ဖြစ်နိုင်ပါတယ်
-မလိုအပ်ဘဲ မျက်စဉ်းအမျိုးမျိုး ပြောင်းမခပ်စေလိုပါ။
(၁) သဘာဝ
ပုံပါအတိုင်း မျက်လုံးမှာ မျက်ရည် အိတ်လေးတွေ ရှိပါတယ်။ မျက်လုံးကို သဘာဝအလျောက် သန့်စင်ပေးဖို့ မျက်ရည်အိတ်လေးတွေက တာဝန်ယူပါတယ်။ ပုံမှန်မှာ မျက်လုံးကို ဆေးကြောပေးတဲ့ မျက်ရည်တွေက နှာခေါင်းမှတဆင့် လည်ပင်းထဲ စီးဆင်းပါတယ်။
(၂) ပြဿနာ
မွေးကင်းစမှ တစ်နှစ်အောက် ကလေးများမှာ မျက်ရည်အိတ်စီးဆင်းတဲ့ လမ်းကြောင်းလေး အပြည့်မပွင့်သေးလို့ မျက်ရည်က နှာခေါင်းနောက်ထဲမစီးပဲ မျက်လုံးပြင်ပကိုကျနိုင်ပါတ
(၃) စိုးရိမ်ရလား
မစိုးရိမ်ရပါ။ ကလေး ၆ လကျော်လာတာနဲ့ အမျှ မျက်ရည်ပြွန်လေး ပွင့်ပြီး ပြဿနာ ပြေလည်သွားမှာပါ။
(၄) မပွင့်ခင် ဘာလုပ်ပေးနိုင်သလဲ?
-မျက်လုံးနဲ့ နှာခေါင်းကြားက လမ်းကလေးကို ဖွဖွ နှိပ်ပေးပါ။
-မျက်ဝပ် ထွက်လွန်းရင် မျက်ခွံတွေကို အဝတ်သန့်သန့် (သို့) ဝါဂွမ်းစဖြူဖြူသန့်သန့်ကို ရေနွေးနွေးလေး စွတ်ပြီ့း ပုံမှန်သန့်စင်ပေးပါ။
-တစ်နှစ်ကျော်လို့မပွင့်ရင်
ကလေးငယ်များရဲ့ မျက်ရည်အကြောင်း နားလည်နိုင်ကြပါစေ။
#နေနေမိုးဆွေ (Child Health Myanmar Page)
#naynaymoeswe