ပဲခေါက်ဆွဲ

လုပ်ရတာလွယ်ပြီးစားကောင်းတဲ့ပဲခေါက်ဆွဲလေးလုပ်စားကြမယ် သမီးကတော့အရမ်းကြိုက်

#ဝက်သား လက်တစ်ဝါးစာကိုအရွယ်သေးသေးလေးတွေတုံး ဆားနဲ့နယ်ပြီးနှပ်ထား

#မုန်လာဥနီ တစ်လုံးအခွံခွာ အတုံးသေးလေးတွေတုံး

#ကြက်သွန်နီအဝါ တစ်လုံး(အဝါမရှိလည်းရိုးရိုးကြက်သွန်နီ)အခွံခွာ လေးစိတ်စိတ်ပြီးဖွထား

# အာလူးအလုံးကြီးတစ်လုံးအခွံခွာ အတုံးအသေးလေးတွေတုံးထား

#ကြက်သွန်ဖြူသုံးမွှာတစ်ပြားရိုက် နုတ်နုတ်စင်း

#အပေါ်မှာတင်စားရန် သခွားသီးပါးပါးအချောင်းလေးတွေလှီး ကြက်ဥပြုတ်

#ခရုဆီ ထမင်စားဇွန်းတစ်ဇွန်း(ခရုဆီမရှိလျှင် သကြား ဆား အစားထိုးသုံး)

#ပြောင်းကော်မှုန့် ထမင်းစားဇွန်းတစ်ဇွန်း ရေထမင်းစားဇွန်းသုံးဇွန်းလောက်နဲ့ဖျော်ထား

# ကိုရီးယားပဲခေါက်ဆွဲအနှစ် ထမင်းစားဇွန်းတစ်ဇွန်းခွဲ

#ကြက်ဥခေါက်ဆွဲကိုပြုတ်ရေစစ

မီးအလည်လတ်နဲ့ သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်းကို ကြက်သွန်ဖြူနီနဲ့ဆီသတ် အနံ့မွှေးလာရင် ဝက်သားထည့် ငါးမိနစ်နေရင် မုန်လာဥနီ့်ီ အာလူးထည့် အဖုံးအုပ် မီးနည်းနည်းနဲ့ဆယ်မိနစ်နေရင် ပဲခေါက်ဆွဲအနှစ်ထည့်ခရုဆီထည့်မွှေ ရေအနည်းငယ်ထည့် အဖုံးပြန်အုပ်ထား မုန်လာဥနီ အာလူး နူးပြီဆို ကော်မှု့န် ဖျော်ထားတာထည့် အရည်ပျစ်လာအောင် တည်ပြီးအပေါ့အငံလိုတာပြင် မီးပိတ် ခေါက်ဆွဲပေါ်လောင်း သခွားသီး ကြက်ဥတို့ဖြင့် သုံးဆောင်ပါ။

လေးပွဲစာပါ။