ဗိုက်ခွဲမွေးဖူးတယ်၊ ရိုးရိုးမွေးချင်လို့ ရဦးမလား။ “””””””””””””””””””””””””””””””””””””””
|အမေးလွယ်ပြီး အဖြေခက်ပါတယ်။ တစ်ခါခွဲမွေးဖူးပြီးမှ နောက်ကို ရိုးရိုးမွေးသင့်မမွေးသင့်က
ဘာကြောင့်လဲဆိုတာ ရှင်းပြပါ့မယ်။ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဆေးဝါးကုသရေးဝန်ဆောင်မှု အများစုဟာ doctor-centred လို့ခေါ်တဲ့ ဆရာဝန်ကသာ ကုသမှုတွေကို ရွေးချယ်ဆုံးဖြတ်ပြီး လူနာက ဘာမှ ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်
တစ်ခါခွဲမွေးဖူးပြီးမှ နောက်ကိုယ်ဝန်မှာ ရိုးရိုးမွေးချင်ရင် မွေးလို့ရနိုင်ပါတယ်။ အင်္ဂလိပ်လို vaginal birth after Caesarean section (VBAC) သို့မဟုတ် trial of scar လို့ ခေါ်ပါတယ်။ ဆရာဝန်တွေ ဆေးရုံတွေဘက်ကလည်း လူနာရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် မိခင်ရောကလေးပါ အန္တရာယ်ကင်း ဘေးရှင်းအောင် ကြိုးစားပေးထား သင့်ပါတယ်။ လုပ်ထားသင့်တာတွေက မနည်းတော့ အတော်ကြိုးစားကြရပါမယ်။
VBAC ကိုကြိုးစားရာမှာ အန္တရာယ်ရှိနိုင်တယ် ဆိုတာကို မငြင်းပယ်နိုင်ပါဘူး။ ဒါဆို ဘာလို့ ပေးလုပ်နေသေးလဲလို့ အမေးမစောလိုက်ပါနဲ့။ အကျိုးကျေးဇူးတွေလည်းရှိလို
VBAC ၏အကျိုးကျေးဇူးများ
————————
* Caesarean section (ခွဲမွေးခြင်း) ရဲ့အန္တရာယ်တွေကို ရှောင်ဖယ်နိုင်ပါမယ်။
– CS ဟာ major surgery (အကြီးစားခွဲစိတ်မှု) ဆိုတာ မေ့ထားလို့မရပါဘူး။ ခွဲစိတ်စဉ် သွေးထွက်လွန်ခြင်း၊ ဆီးအိမ်နှင့် အူများကို မရည်ရွယ်ဘဲ ပေါက်သွားစေခြင်း၊ ခွဲပြီး သားအိမ်နှင့် ခွဲရာအနာ ပိုးဝင်ခြင်း၊ ခြေသလုံး အတွင်းနက်နက်ရှိ သွေးပြန်ကြောတွင် သွေးခဲခြင်း၊ ထိုသွေးခဲ ရွေ့လျားပြီး အဆုတ်တွင် သွားပိတ်၍ အသက်အန္တရာယ် ဖြစ်နိုင်ခြင်း၊ ဆေးရုံတွင် နေရရက်ပိုကြာခြင်း ဆိုတဲ့ဆိုးကျိုးတွေရှိပါတယ်
– မွေးကင်းစ၏ အဆုတ်ထဲမှ ရေမြွှာရည် အထွက်နှေး၍ အသက်ရှုမြန်ခြင်း (TTN – transient tachypnea of newborn) – အထူးသဖြင့် ၃၈-၃၉ ပတ်ထက်စောပြီး ခွဲမွေးရင်၊ မိခင်မှကလေးကို သံယောဇဉ်နှောင်ဖွဲ့ဖို့ နှောင့်နှေးစေခြင်း၊ အစောပိုင်းရက်များတွင် နို့တိုက်ရခက်နိုင်ခြေမျာြး
– နှစ်ခါခွဲမွေးပြီးရင် သုံးကြိမ်မြောက်နဲ့နောက်ပို
– ခွဲတဲ့အကြိမ်များလေ အခြင်းက သားအိမ်အမာရွတ်မှာ အရမ်းကပ်နိုင်ခြေ ပိုများလေပါပဲ။ အရမ်းကပ်နေရင် သွေးထွက်လွန်နိုင်ပါတယ်။
* အချို့မိခင်တွေက ကိုယ်ကိုယ်တိုင် ဗိုက်နာ ကလေးကို ကိုယ်ကိုယ်တိုင် အောင်အောင်မြင်မြင် ညှစ်မွေးထုတ်လိုက်ရတာကိုမှ အားရဂုဏ်ယူချင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဆေးပညာရဲ့ နီတိမှာ လူနာရဲ့ ခံစားချက် မျော်လင့်ချက်တွေကို လေးစားရမယ်လို့ ဆိုထားပါတယ်။
VBAC ၏ အန္တရာယ်များ
———————
* အဆိုးဆုံး၊ အန္တရာယ်အကြီးဆုံးကတော့ သားအိမ်ညှစ်နေတုန်း သားအိမ်ရဲ့ အမာရွတ်ကွဲထွက်ပြီး သားအိမ်ပေါက်သွားခြင်း ဖြစ်ပါတယ်။ VBAC တစ်ရာမှာ တစ်ယောက် နီးပါး ဖြစ်နိုင်ပါတယ်။ ရှားပေမယ့် ဖြစ်လာရင် အချိန်မှီ ခွဲမမွေးနိုင်ရင် ကလေး အသက်ရှင်ဖို့မလွယ်ပါဘူး။ ဆိုးရွားလွန်းရင် သားအိမ် ထုတ်လိုက်ရတာ၊ မိခင်ရဲ့ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာတွေအထိ ဖြစ်နိုင်ပါတယ်။
* အရင်ခွဲတုန်းက သားအိမ်ပေါ်မှာ vertical (အထက်အောက်) ခွဲတဲ့ classical CS ကိုသုံးခဲ့ရင် သားအိမ် ပေါက်နိုင်ခြေ ပိုများလို့ ရိုးရိုးပေးမမွေးတော့ပါဘူး။
* သားအိမ်ခေါင်း အပွင့်နှေးရင် (failure to progress)၊ ကလေး နှလုံးခုန်နှုန်းတွေကျရင် ပုံမမှန်ရင် (fetal distress) အချိန်ကြာကြာ မဆွဲဘဲ အရေးပေါ်ခွဲရနိုင်ပါတယ်။ အရေးပေါ်ခွဲရင် (emergency CS) ကြိုတင်ပြင်ဆင်ခွဲခြင်း (elective CS) ထက် ပိုခက်ပြီး ဘေးထွက်ဆိုးကျိုး (complication) အနည်းငယ် ပိုများနိုင်ပါတယ်။
* VBAC ကို ကြိုးစားတဲ့သူ တစ်ဝက်လောက်က မအောင်မြင်ပါဘူး။
* VBAC အောင်မြင်နိုင်ခြေ ပိုများစေတဲ့အချက်များ
– ခွဲပြီး နှစ်နှစ်ကြာမှ မွေးရင် (သားအိမ်အမာရွတ် ပိုခိုင်တယ်လို့ ယူဆလို့ပါ)
– အဝ မလွန်ရင် (BMI <30)
– ကလေးမကြီးရင် (<4kg)
– သူ့အလိုလို စပြီးဗိုက်နာရင် (အပတ်ကျော်လို့ (overdue) ဆေးသွင်းပြီး VBAC ကို ကြိုးစားရင် အလွန် အန္တရာယ်ကြီးပါတယ်၊ Australia လို နိုင်ငံမှာတောင် ဆေးရုံအကြီးတွေကပဲ ဒီလိုလုပ်ပေးပါတယ်)
– အရင်ကရိုးရိုးမွေးဖူးရင်
– အရင်ကခွဲရတာ ကလေးမထွက်နိုင်လို့ မဟုတ်ဘဲ အခြားအကြောင်းများကြောင့်ဆိ
VBAC ကို ကြိုးစားနေစဉ် သိသင့် လုပ်သင့်သည့် အရာများ
————————–
* အိမ်မှာ မွေးဖို့ လုံးဝ မသင့်လျော်ပါ။ လက်သည်ကစွမ်းလွန်းလို့ အိမ်မှာကြိုးစားကြည့်မယ်၊ မရမှ ဆေးရုံသွားမယ်လို့လည်း လုပ်လို့မရပါ။
* ဆေးရုံကြီးလေ ပိုကောင်းလေပါ။ OG အထူးကု အဆင်သင့် ရှိရင်ပိုကောင်းပါတယ်။ ရှိတဲ့နေရာ သွားနိုင်ရင် သွားမွေးပါ။
* သွေးလိုရင် သွင်းနိုင်ရပါမယ်။
* မွေးဖို့ ဗိုက်နာနေစဉ် အစာမစားသင့်ပါ။ အရေးပေါ် မေ့ဆေးသုံး ခွဲရနိုင်ခြေရှိလို့ပါ။
* နိုင်ငံ အတော်များများမှာတော့ CTG (cardiotocography) လို့ခေါ်တဲ့ ကလေးနှလုံးခုန်နှုန်းကို အဆက်မပြတ် စောင့်ကြည့်တဲ့စက်ကို သားအိမ်ညှစ်နေစဉ် သုံးကိုသုံးရပါတယ်။ အဝိုင်းပြား နှစ်ခုကို သားရေကြိုးနှစ်ခုနဲ့ ဗိုက်ပေါ်ပတ်တင်ပေးထားပြီး စက်က စက္ကူပေါ် ရေးခြစ်ပြပါတယ်။ မြန်မာပြည်မှာတော့ ဆေးရုံတော်တော်များများမှာ (အထူးသဖြင့် နယ်ဆေးရုံတွေမှာ) မရှိသေးဘူး၊ မသုံးသေးဘူးလို့ ထင်ပါတယ်။ မရှိရင် နှလုံးခုန် အသံချဲ့စက် doptone နဲ့ နားထောင်လို့ရပါတယ်။ မှန်မှန်ကန်ကန် နားထောင်တတ်ဖို့တော့ အရေးကြီးပါတယ်။
* သားအိမ်ညှစ်နေစဉ် ပြဿနာတစ်ခုခုရှိရင် ကြာကြာမစောင့်ကြည့်ဘဲ စောစောစီးစီး ခွဲမွေးရပါမယ်။
* သားအိမ်အမာရွတ် ပေါက်သွားတဲ့ လက္ခဏာများကတော့
– CTG ပေါ်တွင် ကလေးနှလုံးခုန်နှုန်း ပုံမမှန်တော့ခြင်း
– သားအိမ်ညှစ်နားနေချိန်တွင်ပ
– သားအိမ်ညှစ်ရပ်သွားခြင်း
– သွေးဆင်းခြင်း
– ဗိုက် လုံးပုံ ပြောင်းသွားခြင်းတို့ဖြစ်ပြ
Australia မှာတော့ မွေးနေချိန် ဗိုက်နာတာကို မခံစားရအောင် ဆေးတွေပေးပါတယ်။ Entonox gas ပေးရှူခြင်း၊ Morphine ထိုးခြင်း၊ ခါးလယ်ရိုးထဲ ပိုက်ငယ်ထည့်၍ ထုံဆေးပေးခြင်း (epidural) တွေကို VBAC မှာလည်း ပေးနိုင်ပါတယ်။ မြန်မာပြည်မှာတော့ ဆေးရုံအနည်းငယ်ကသာ လုပ်ပေးနိုင်လို့ အချို့မိခင်များက ရိုးရိုးမမွေးချင်တာကို အပြစ်ပြောလို့မရပါ။ ဗိုက်နာနေစဉ် သားဖွားဆရာမက ကလေးနှလုံးခုန်နှုန်း စောင့်ကြည့်မှုအပိုင်းမှာလည်
~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ မိခင်များနှင့် သန္ဓေသားများကို ကာကွယ်စောင့်ရှောက် နိုင်ကြပါစေ။
photo credit to google image
reference to Royal Australian and Newzealand College of Obstetricians and Gynaecologists guidelines
ကျော်စန်းလွင်(Child Health Myanmar)