သီးစုံပုဇွန်ထောပတ်ထမင်းကြော်

ဒါကတော့သမီးအကြိုက်ထောပတ်အနံ့မွှေးမွှေးလေးနဲ့ အာဟာရပြည့်တဲ့ ထမင်းကြော်။

ချက်ပြီးသားထမင်း ပန်းကန်တစ်လုံးစာ
မုန်လာဥနီ ပြောင်းဖူး ပဲသီး ပဲစိမ်းလုံး အစုံ (ပန်းကန်လုံးရဲ့ သုံးပုံတစ်ပုံ)
ပုဇွန်အကောင်ဆယ်ကောင်ခန့် ကလေးစားနိုင်မယ့်အရွယ် အတုံးလေးတွေတုံးထား
ထောပတ်
ဂျပန်ပဲငံပြာရည်အကြည် ထမင်းစားဇွန်းတစ်ဇွန်း
ငရုတ်ကောင်းမှုန့်
ကြက်သွန်ဖြူအမွှာသုံးခုကိုနုတ်နုတ်စင်း

ထောပတ်ကိုအပူပေးပြီးကြက်သွန်ဖြူထည့် မွှေးလာပြီဆို ပုဇွန်ထည့် ပုဇွန်အရောင်ပြောင်းတာနဲ့ မုန်လာဥ ပြောင်းဖူး ပဲသီး ပဲစိမ်းလုံးလေးတွေထည့် ကျက်ပြီဆိုမှ ထမင်းထည့် ပဲငံပြာရည်အကြည်ထည့် ငရုတ်ကောင်းလေးဖြူး အပေါ့အငံမြည်း လိုသလိုပြင်ပါရှင်။