Strawberry 🍓 jam

စတော်ဗယ်ရီသီးလေးတွေဈေးကျနေတဲ့အချိန်မို့ယိုလေးထိုးဖြစ်တယ်။အပြင်ကနေဝယ်စားတဲ့ယိုတွေဟာအတော်လေးချိုတာမို့မစားနိုင်ဘူး သမီးကလည်းမကြိုက်ဘူး စတော်ဗယ်ရီအပြင် တခြား နာနတ် ဗလူးဗယ်ရီသီး စတာတွေကိုလည်းဒီနည်းအတိုင်းယိုထိုးလို့ရပါတယ်။အဓိကကရေကုန်အောင်ထိုးဖို့ပါ။သန့်ရှင်းတဲ့ပုလင်းတစ်လုံးထဲ ထည့်ရေခဲသေတ္တာထဲထည့်ပြီးဇွန်းသန့်နဲ့ခတ်မယ်ဆို တစ်လလောက်အထားခံပါတယ်။ယိုထိုးတဲ့အခါလုံးဝရေမထည့်ဖို့လိုပါတယ် ပထမတစ်ခါကျွန်မရေထည့်ပြီးထိုးတာရေမထည့်တာလောက်မကောင်းသလိုအထားလည်းသိပ်မခံပါဘူး။ခုတစ်ခါနည်းအတိုင်းထိုးတာက အပြင်ကဝယ်တဲ့ယိုတွေလိုဘဲ အနံ့ရောအရသာရောအချိုပေါ့တာလွဲလို့အကုန်တူတူပါဘဲ အချိုလေးချင်ရင်တော့ ကိုယ့်စိတ်ကြိုက်အချိုကိုထည့်ပါမီးနည်းနည်းနဲ့စိတ်ရှည်ရှည်ယိုထိုးပါ။မွှေပေးပါ။

စတော်ဗယ်ရီသီးကို အညှာချွေအတုံးလေးတွေတုံးရေသေချာဆေးထားတာ 1cup
သကြား 1 tbsp (အချိုကြိုက်ရင်ပိုထည့်ပါ)
ဆားအနည်းငယ်
သံပရာရည်1tbsp

ပါဝင်ပစ္စည်းတွေသံပရာရည်ကလွဲလို့အကုန်ထည့် မီးနည်းနည်းနဲ့ယိုထိုးပါ အဖုံးအုပ်လိုက် မွှေလိုက် မကြာခဏလုပ်ပါ စတော်ဗယ်ရီလေးတွေနွမ်းသွားပြီးဆို အဖုံးမအုပ်တော့ဘဲဆက်တိုက်မွှေပေးပါ ရေကုန်တဲ့အခါ သံပရာရည်လေးထည့်ပြီး ယိုအနေအထားရောက်သည်အထိမွှေပေးပါ။
မီးပိတ်အအေးခံပြီးမှ ပုလင်းထဲသိမ်းပါ။