ကိုယ်ဝန်ဆောင်စ ပျို့အန်ချင်စိတ်
|(၁) ဘာကြောင့်ဖြစ်🔺
ကိုယ်ဝန်ဆောင်စ မိခင်အများစုတွင် ကြုံရသောပြဿနာဖြစ်သည်။ ကိုယ်ဝန်ကြောင့် ထွက်ရှိသော ဟော်မုန်း၊ ကစီဓာတ်၏ ဓာတုဖြစ်စဉ်ပြောင်းလဲမှုများ
(၂) ဘယ်လောက်ပြင်းထန်🔺
အချို့က မနက်ခင်းလေးသာ ပျို့အန်ချင်စိတ် ခဏဖြစ်ပြီး ပေါ့ပေါ့ပါးပါးပြီးသွားသည်။
(၃) ဘယ်လောက်ကြာ🔺
အများအားဖြင့် ကိုယ်ဝန်ပထမ ၃ လကျော်လျှင် အလိုလိုကောင်းသွားသည်။ ၅ ယောက်မှာ ၁ ယောက်က ကိုယ်ဝန်ရင့်ချိန်အထိအန်ချင
(၄) အထောက်အကူဖြစ်မယ့်ဆေးများ🔺
ဂျင်းဆေးပြားလေးများက အန်ချင်စိတ်ကို လျှော့ချပေးနိုင်သည်။ ဂျင်းဆေးပြားမရလျှင် အိမ်တွင်းဖြစ် ဂျင်းရည်သောက်ကြည့်ပါ။
ဗိုက်တာမင် B6 သောက်လျှင် အချို့ကိုယ်ဝန်ဆောင်များက ပျို့အန်ခြင်းသက်သာသော်လည်း
ကြိုတင်စီစဉ်ပြီး ကိုယ်ဝန်ယူမည့်သူများ ကိုယ်ဝန်မရှိခင် ၃ လအကြို Multivitamins သောက်ခြင်းဖြင့် အန်ချင်ပျို့ချင်စိတ်ကို ကြိုတင်ကာကွယ်နိုင်ကြောင်း လက်ရှိသုတေသနများမှ တွေ့ရှိထားသည်။
အခြားမည်သည့်ဆေးကိုမှ ဆရာဝန်မညွှန်ပဲ မသောက်ပါနှင့်။
(၅) အန်လွန်းခြင်း၏နောက်ကွယ်🔺
အလွန်အကျွံအန်လွန်းခြင်း၏ အရေးကြီးသော အကြောင်းများမှာ ကလေးအမွှာဖြစ်နေခြင်း၊ စပျစ်သီး သန္ဓေတည်ခြင်းနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်နေနိုင်၍ ဆရာဝန်နှင့် သေချာစစ်ဆေးပါ။
(၆) အိမ်မှာဘာတွေကြိုးစားကြည့်မ🔺
-မနက်နိုးရင် ဘီစကစ်၊ ဝေဖာ၊ပေါင်မုန့်စသော အစာကျေလွယ်သည့် အစာများစားပါ။
-အစားစားလျှင် ပမာဏအနည်းငယ်နှင့် အချိန်မှန်မှန်စားပါ။
-ရေများများသောက်ပါ။
-အသီးဖျော်ရည်ကျဲကျဲ၊ မအီသော ဟင်းရည်များ သောက်ပါ။ အချိုရည် Sprite ကို ပိုက်လေးနှင့် နည်းနည်းစီ စုပ်သောက်ပါ။ Ginger Tea ကြိုက်လျှင်သောက်ပါ။
-ဗိုက်မတင်းကျပ်အောင် အင်္ကျီပွပွဝတ်ပါ။
-မကြာခဏအနားယူပါ။
-စိတ်ဓာတ်မကျပါနှင့်။
နေနေမိုးဆွေ (Child Health Myanmar)
Reference: Better Health Channel, Victoria, Australia
#naynaymoeswe