မွေးရာပါ အမှတ်ကလေးများ မှတ်စုတို (၂)
|ဒီကနေ့မှာတာ့ အညိုရောင်သန်းတဲ့ မွေးရာပါအမှတ်ကလေးများ အကြောင်း ပြောပြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က နီနီ့ကို ပွဲထုတ်လိုက်တော့ ညိုညို့ကို ချန်ထားခဲ့လို့ ဘယ်ဖြစ်မလဲ။ အနီရောင်သန်းတဲ့ အမှတ်တွေက သွေးကြောစုတွေဆိုတာ ပရိသတ်ကြီးတို့ မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ အညိုရောင်သန်းတဲ့ အမှတ်တွေကတော့ melanocyte လေးတွေ ရှိနေရာ စုစည်းရာ အတိမ်အနက် မညီမျှလို့ ဖြစ်ကြတာပါ။ melanocyte ဆိုတာကတော့ အသားရဲ့အရောင်ကို သယ်ဆောင်ပိုင်ဆိုင်ထားတဲ့ အရေပြားရဲ့ ဆဲလ်တမျိုးဖြစ်ပါတယ်။
1. Mongolian spot (မွန်ဂို စက်)
အဖြစ် အရမ်းများပါတယ်။ ကံကောင်းချင်တော့ အန္တရာယ်မရှိပါဘူး။ သွေးကင်ဆာလည်း မဟုတ်ပါဘူး။ ကုသရန်လည်း မလိုပါ။ သူ့ကို အပြာရောင်သန်းသော မဖုမဖောင်းတဲ့ အကွက်ခပ်ကြီးကြီး အနေနဲ့ ကျောကုန်း၊ တင်ပါး၊ ဖင် စတဲ့ နေရာတွေမှာ အတွေ့များပါတယ်။ အရွယ်သေးနဲ့ အခြားနေရာမှာ တွေ့ရခြင်းလည်း ဖြစ်နိုင်ပါတယ်။ သူ့အလိုလို ပျောက်ပါတယ်။ ၅ နှစ်မှ ၁၀ နှစ် အထိရှိနေတတ်ပြီး သေချာတာကတော့ အပျိုလူပျိုမဝင်ခင် ပျောက်ကိုပျောက်မှာပါ။
တစ်ခုပဲ ကြောက်ရတာ။ ဒါ ဘာမှန်း မသိတဲ့သူ တစ်ယောက်က တွေ့သွားရင် ဘာဖြစ်သွားမယ်လို့ ပရိသတ်ကြီး ထင်ပါသလဲ။ မိခင်က ကလေးကို နှိပ်စက်ထားတယ်လို့ထင်မှာပေ
2. Congenital melanocytic naevus (မွေးရာပါ မှဲ့)
မှဲ့တွေက အများအားဖြင့် ကလေး သုံးလေးနှစ်မှာ စပေါ်လာ တတ်ပေမယ့် မွေးရာပါမှဲ့လည်း ရှိတတ်ပါတယ်။ အညိုရောင်ကနေ အနက်ရောင်အထိ ရှိနိုင်ပါတယ်။ မှဲ့အသေးက အဖြစ်များပေမယ့် အရွယ်မျိုးစုံ ဖြစ်နိုင်ပါတယ်။ အချို့မှာ အမွေးကြမ်းလေးတွေ ပေါက်နေတာလည်း တွေ့နိုင်ပါတယ်။ မေးစရာက ကလေးကြီးလာရင် မှဲ့ကင်ဆာ ပြောင်းသွား မလားပေါ့။ လုံးဝ မပြောင်းနိုင်ဘူးလို့ဖြေရင်
ဒီနေရာမှာ အခွင့်ကြုံတုန်း နေပူဒဏ် ကာကွယ်နည်းလေးအကြောင်း မျှဝေချင်ပါတယ်။ ကျွန်တော် ကဗျာလေး တစ်ပုဒ် စပ်ထားပါတယ်။
ခြုံပါဝတ်ပါ.. လက်ရှည်ခြေရှည်..
မဖြစ်နိုင်က.. လိမ်းပါလူးပါ.. နေကာဆေးဖြင့်
ရှိရှိသမျှ အရိပ်ကိုခို..
မရှိပါက.. ဆောင်းပါ ထီးနှင့်ဦးထုပ်ကို..
မိုက်ပါခိုက်ပါ.. နေကာမျက်မှန်လေး ထုတ်ဝတ်လို့..
ကြွေးကြော်ပါ… ဝေးစွ ခရမ်းလွန်.. သွားလော့ဟေ….
နေပူဒဏ် ကာကွယ်တဲ့အကျင့်ကို ကလေးဘဝက စရမှာဖြစ်ပါတယ်။ ရှင်းပါတယ်၊ အထောင်းကြာကြာခံရလေလေ ပျက်စီးဖို့ ရာနှုန်းများလေလေ ဖြစ်မှာပေါ့။ ကလေးဘဝကရခဲ့တဲ့ ဒဏ်တွေကို လူကြီးဘဝမှာ ခံရပါတယ်။ သြစတြေးလျနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာဟာ အရေပြားကင်ဆာဆိုတာ သင်သိပါသလား။
ပရိသတ်ကြီးအားလုံး အမြဲတစေ သတိချပ်ထားရမှာက ကျွန်တော်တို့ အားလုံးရဲ့ အထက်ကောင်းကင်မှာ ပေါက်နေတဲ့ အိုဇုန်းလွှာ အပေါက်ကြီးက ဖားကန့်က ကျောက်စိမ်းတွင်းကြီးလို ကြီးကြီးလာဖို့ပဲရှိပါတယ်။ ဒေါ်နယ် ထရန့်က တက်ဖာပေးမှာ မဟုတ်ဘူး၊ ဗလာတီယာမီယာ ပူတင်ကလည်း လုံးဝစိတ်မဝင်စားပါဘူး။ ကိုယ့်ကလေးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှကာက
3. Cafe’ au lait spot (ကော်ဖီစက်)
ဘဲဥပုံသဏ္ဌန် ခပ်ညိုညို ခပ်ဖျော့ဖျော့ ဇီးစေ့မှ မရမ်းစေ့ အရွယ်လောက်အထိ ရှိတဲ့အကွက်လေးတွေပါ။ ရှားပါတယ်။ တကိုယ်လုံး ၂ ခု ၃ ခု လောက်ပဲရှိတတ်ပါတယ်။ မစိုးရိမ်ရ၊ ကုသရန်လည်း မလိုပါ။ ၅ ခု ၆ ခု လောက်ရှိရင်တော့ အလွန်ရှားတဲ့ neurofibromatosis ဆိုတဲ့ရောဂါနဲ့ ဆက်စပ်နိုင်ခြေ အနည်းငယ်ရှိတဲ့အတွက် ဆရာဝန်နဲ့ပြပါ။
ဒီကနေ့တော့ ဒီလောက်ပါပဲ။ မှတ်စရာတွေလည်း များသွားပြီဖြစ်လို့ ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
စာဖတ်သူမိဘပြည်သူအပေါင်း ကျန်းမာရေးဗဟုသုတများ ရရှိကြ၍ ကျန်းမာသန်စွမ်းသော သားသားမီးမီးလေးများကို ပြု့စုပျိုးထောင်နိုင်ကြပါေ
Photo credit: google image
ကျော်စန်းလွင်(Child Health Myanmar)