ကြက်ဥချိစ်ဆန်းဝှစ်
|ကလေးရော လူကြီးပါကြိုက်တဲ့ ကြက်ဥချိစ်ဆန်းဝှစ်ကလေးပါ။
လုပ်ရတာလည်းလွယ်ကူပါတယ်။
ကလေးကိုတော့ သခွားသီးမထည့်ဘဲကျွေးပါတယ်။
ကလေးအိပ်ချိန်မှာ မြန်မြန်လေးလုပ်ရတာမို့ ဓာတ်ပုံကတော့ မလှနိုင်ပါဘူးရှင်။
အရသာလေးက အရမ်းကောင်းလို့ လုပ်စားကြည့်ကြပါဦးနော်။
ကြက်ဥ ၂လုံး
ပေါင်မုန့် ၆ချပ်
ထောပတ် စားပွဲဇွန်း ၁ဇွန်း
မရို့နိစ် စားပွဲဇွန်း ၂ ဇွန်း
( Kewpie Sandwich Spread ကို သုံးထားပါတယ်။)
ချိစ်အပြား ၂ပြား
သခွားသီး ၁လုံး (အလုံးသေး)
ထောပတ်ကို ဒယ်မှာအပူပေးပါ ။ ပူလာရင် ကြက်ဥ ၂ လုံးဖောက်ထည့်ကာ မွှေကြော်ပေးပါ။
ပြီးမှ မရို့နိစ်နဲ့ နယ်ပေးပါ။
သခွားသီးကိုလည်း သေးသေးလှီးကာ မရို့နိစ်နဲ့နယ်ပါ။
ပေါင်မုန့်တွေကို ဘေးသားတွေလှီးထားပါ။
ပေါင်မုန့်တစ်ချပ်ပေါ်မှာ ချိစ်တစ်ပြားတင်ပါ။
ချိစ်အပြားပေါ်မှာ ကြက်ဥတွေဖြန့်တင်ပါ။
အပေါ်ကနေ ပေါင်မုန့်တစ်ချပ်ထပ်တင်ပါ။
ပေါင်မုန့်ပေါ်မှာ သခွားသီးဖြန့်ထည့်ပါ။
အပေါ်ကနေ ပေါင်မုန့်တစ်ချပ်ထပ်တင်ပေး
ဒေါင့်ဖြတ်လှီးလိုက်ပါ။
ကလေးတွေအတွက်ဆိုရင်တော့ သခွားသီးမထည့်ဘဲလုပ်ပါတယ်။
အဟာရပြည့်ဝပြီး မြန်ဆန်တဲ့ မုန့်လေးတစ်မျိုးပါ။
မေမေတို့လည်း လုပ်စားကြည့်ပါဦးနော်။