ရွက်လွှင့်သူလေးမောင်သာ (သဘောင်္သားကလေး)

ဟိုးရှေးရှေးတုန်းက မောင်သာဆိုတဲ့ ကောင်လေး တစ်ယောက် ရှိတယ်တဲ့။ သူဟာ နူးညံ့သိမ်မွေ့ တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့ ရဲ့ အကြီးမားဆုံး ဆန္ဒ ကတော့ သဘောင်္လေးတစ်စီးပိုင်ဆိုင်ပြီး ရွှက်လွှင့် သွားလာ ဖို့ တဲ့ကွယ်။ ဒါပေမဲ့ မောင်သာ ရဲ့ မေမေ ကတော့ မောင်သာ့ ကို အလွန် ချစ်တာကြောင့် ဘယ်မှမသွားစေပဲ အိမ်မှာပဲနေစေ တယ်တဲ့ ။ တစ်နေ့ မှာတော့ မောင်သာ လေး ဟာ သူ့ မေမေ ကို ခွင့်ပန် သတဲ့ကွယ်။ “မေမေ သားကို ခရီးပေးထွက်ပါလား ဟင်” လို့ ပြောတဲ့အခါ မေမေ က “လောကကြီး က ကျယ်ပြောလွန်းသလို အန္တရာယ်တွေက ထူထပ်လှပါတယ် ။ မေမေ့သားလေးက နူးနူးညံ့ညံ့လေးမို့  မဖြစ်ပါဖူးကွယ် ၊ မေမေ စိတ်ပူလှပါတယ်” လို့ ပြန်ပြောသတဲ့။ ဒါပေမဲ့ မောင်သာလေးကတော့ အမြဲသွားချင်နေတာပါပဲတဲ့။ အဲ့ဒါကြောင့် သူဟာ မေမေ မသိအောင် သဘောင်္လေးတစ်စီး တိတ်တိတ်လေးခိုးဆောက်သတဲ့ ။ မောင်သာလေးရဲ့ သဘောင်္လေးဟာ ရောင်စုံ ကထ္ထူပြားလေးတွေ နဲ့  မွန်းမံထားပြီး ရေပုံးလေးတစ်ပုံး လဲပါသလို ၊ သတ္တု မုန့် ဗုံးလေးတွေသုံးပြီး ဆောက်ထားတဲ့ခေါင်းတိုင်လှလှလေး လဲပါတယ်ကွဲ့ ။ နောက်မောင်သာလေးဟာ ဘီစကစ်မုန့် ၊ ရေ စတဲ့ ရိက္ခာလေးတွေ လဲ တိတ်တိတ်လေး စုထားတယ်။ တစ်ညမှာတော့ မောင်သာရဲ့ သဘောင်္လေးဟာ အားလုံးပြည့်စုံ သွားပြီး ရွက်လွှင့်ဖို့ ပဲ ကျန်တော့တယ်တဲ့ကွယ်။ မေမေ့ရဲ့ ခြုံပုဝါလေးကို ကြိုး နဲ့ ချည်ပြီး ရွက်တိုင်လုပ်လို့ အပြီးမှာတော့ သဘောင်္လေးဟာ ထွက်ဖို့ အသင့်ဖြစ်နေပါပြီတဲ့။ အဒီညမှာတော့ မောင်သာဟာ မေမေ အိပ်ပျော်နေတုန်း တိတ်တိတ်လေး ထလာပြီး ခြံနောက်က ရေကန်လေးထဲကနေ စတင်ပြီး ရွက်လွှင့်လာခဲ့တယ်တဲ့ ကွယ်။
မောင်သာလေးဟာ ရွက်လွှင့်လာရင်း တစ်နေရာအရောက်မှာတော့ ပွေးလေးတစ်ကောင် နဲ့ တွေ့ တယ်ကွဲ့ ။ ပွေးလေးဟာ ခရီးကြုံလိုက်ပါရစလို့ ပြောသတဲ့ ။ အခကြေးငွေအဖြစ် သူ စုထားတဲ့ သစ်ဥ သစ်ဖုလေးတွေလဲပေးတယ်။အဒါနဲ့မောင်သာလေးဟာပွေးလေးကိုသဘောင်္ပေါ်ခေါ်တင်လာခဲ့ပြီးဆက်လက်ရွက်လွှင့်လာခဲ့တာပေါ့ကွယ်။ မောင်သာ နဲ့ ပွေးလေးဟာ ရွက်လွှင့်ရင်း တစ်နေရာပြီးတစ်နေရာ ရောက်လာလိုက်တာ တောအုပ်ကလေးတစ်ခုထဲ ကို ဖြတ်သန်း လာခဲ့ပါရောတဲ့။ တောအုပ်လေး ဟာ သိပ်သာယာတာပဲတဲ့ ။ အဒါကြောင့်လှပလွန်းတဲ့ရှူခင်းကို ကြည့်ပြီး ပွေးလေးဟာ သီချင်းဆိုချင်လာပါရောတဲ့ကွယ်။ ဒါနဲ့ပဲ ပွေးလေးဟာ သီချင်းစဆိုပါရောတဲ့ ။ ပွေးလေးရဲ့ သီချင်းသံကို နားထောင်ရင်း မောင်သာလေးဟာ လည်းတဖြည်းဖြည်း အိပ်ချင်လာပြီးအိပ်ပျော်သွားပါရောတဲ့ကွယ်။
မောင်သာလေးဟာ အကြာကြီးအိပ်ပျော်သွားလိုက်တာ ပြန်နိုးလာတဲ့အခါမှာတော့ ပွေးလေးကို မတွေ့ ရတော့ဘူးတဲ့ ။ ဒါနဲ့ မောင်သာလေးဟာ သဘောင်္လေးကို ကမ်းမှာ ကပ်လိုက်ပြီး တောအုပ်လေးထဲ လျှောက်သွားရင်းပွေးလေးကို လိုက်ရှာသတဲ့ကွယ်။ သူ ဟာ စမ်းချောင်း ဘေးက ပန်းသီးပင်တွေကို တွေ့ တဲ့အခါ “ပွေးလေးတစ်ကောင်ဖြတ်သွားတာများ မြင်မိပါသလား ခင်မျာ”လို့ မေးသတဲ့။ မာနကြီးပြီး ဘ၀င်မြင့်တဲ့ ပန်းသီးပင်က “အိုးသိတာပေါ့ မဲညစ်တဲ့ ပွေးဟာ ငါ့အမြစ်တွေကိုတောင် ကိုက်ဖြတ်သွားလေရဲ့ ” လို့ ပြန်ပြောသတဲ့။ မောင်သာ က ပန်းသီးပင်ရဲ့ အနာကို ထောပါတ် နဲ့ သုတ်ပေးရင်း “စိတ်မဆိုးပါ နဲ့ ပန်းသီးပင်ရယ် ။ ပွေးလေး ဘယ်နားကို ထွက်သွားလဲဆိုတာ သိချင်လို့ ပြောပြပါခင်မျာ” လို့ ထပ်မေးတဲ့အခါကြမှ ပန်းသီးပင်က “မင်းသူငယ်ချင်း ပွေးလေးကို စမ်းချောင်းထဲက နဂါးကြီးက ခေါ်သွားတယ်ကွဲ့ ။ နဂါးကြီးဟာ အိပ်ချင်သော်လည်း အိပ်မရတာကြာလှဘီ။ အခုပွေးလေး သီချင်းဆိုသံကြားလို့ သူ့ အတွက်သီချင်းဆိုပြလို့ ရအောင်ခေါ်သွားတာကွဲ့ ” လို့ ပြောပြတယ်။
ဒီတော့မောင်သာလေးက “နဂါးကြီး ဆီကို ဘယ်လိုရောက်အောင်သွားရမလဲခင်မျာ ” လို့ ထပ်မေးတဲ့အခါ ညဖက်လသာလာတဲ့ အခါ ရေပြင်ပေါ်ကို လရောင်ကျလာပါလိမ့်မယ် လရိပ်ကျတဲ့နေရာ မှာ သီချင်းသွားဆိုလိုက်ရင် နဂါးကြီးအိမ်ကိုရောက်သွားပါလိမ့်မယ် လို့ ပန်းသီးပင်က ပြောပြတယ်တဲ့။
အဒိညမှာတော့ မောင်သာလေးဟာ ရေစပ်က လရောင်အောက်မှာ သဘောင်္လေးကို ကပ်ပြီး သီချင်းဆိုသတဲ့။ သီချင်းမဆုံးခင်မှာပဲ သူဟာ ရေအောက်က နဂါးကြီးအိမ်ကို ရောက်သွားပါရောတဲ့။
နဂါးကြီးဟာ မှီအုံးကြီးပေါ်မှာ ခွေရင်း ပွေးလေး သီချင်းဆိုပြတာကို မှိန်းပြီးနားထောင်နေသတဲ့။ ပွေးလေးဟာ နဂါးကြီး အိပ်ပျော်အောင် သနားစဖွယ်သီချင်းဆိုပြနေရ ရှာတာပေါ့ကွယ်။ ဒါကိုတွေ့ သွားတဲ့ မောင်သာကလေး ဟာ သူ့ သူငယ်ချင်းပွေးလေး ကို အရမ်းသနားသွားပြီး ကနုကမာခွံကြီးတစ်ခု ရှာကာ ပွေးလေးကို တိတ်တိတ်လေး နဂါးကြီးမသိအောင် ပေးလိုက်တယ်ကွဲ့ ။
ပွေးလေးဟာ ကနုကမာခွံကြီးကိုကိုင်ရင်း သီချင်းဆိုကာ နဂါးကြီးနားက တစ်လှမ်းချင်း ဆုတ်ကာ အိမ်ထဲက ထွက်လာတာပေါ့ကွယ်။ ကနုကမာခွံကြီးကြောင့် ပွေးလေးထွက်သွားပေမဲ့ သီချင်းသံဟာ ရပ်မသွားဘဲ တဖြည်းဖြည်းတိုးသွားသော်လည်း အဝေးရောက်တဲ့အထိ ကျန်နေသေးသတဲ့။ အဒိနောက် မောင်သာ နဲ့ ပွေးလေးဟာ သေဘာၤေလးဆီ အျမန္ကူးသြားၾကၿပီး သေဘာၤေလးကို အလျှင်အမြန် ရွက်လွှင့်ကြပါရောတဲ့။ ဒါပေမဲ့ နဂါးကြီး နိုးလာပြီး သူတို့ ထွက်ပြေးမှန်းသိသွားတာကြောင့် စိတ်ဆိုးပြီး လှိုင်းလုံးတွေကို မှူတ်ထုတ်လိုက်ပါရောတဲ့။ လှိုင်းလုံးတွေအရှိန်နဲ့ သူတို့ သဘောင်္လေးဟာ ပင်လယ်ထဲကို မြောသွားပြီး ပင်လယ်ထဲက ဝေလငါးကြီးတစ်ကောင်က မြိုချလိုက်ပါရောတဲ့ ။ ဝေလငါးဗိုက် ထဲ ရောက်သွားတဲ့အခါ မောင်သာနဲ့ ပွေးလေး တို့ ဟာ ဝေလငါး ဗိုက်ထဲက ထွက်လို့ ရအောင်ကြိုးစားအကြံထုတ်ကြတာပေါ့ကွယ်။ သူတို့ ဟာ ဝေလငါး ကြီး ရဲ့ အာခေါင်ကို တုတ်ကလေးတွေ နဲ့ ထိုးဆွကြသတဲ့။ အဒိအခါ ဝေလ ငါးကြီးဟာလည်း အာခေါင်ယားလာပြီးနှာချေချင်လာပါရောတဲ့ ။ ဒါနဲ့ ပဲ နှာချေလိုက်တာ သူတို့ သဘောင်္လေးဟာ ဝေလငါး ဗိုက်ထဲက ပျံထွက်လာပြီး ကျွမ်းလေးတစ်ကျွမ်းပေါ် ကို သွားတင်နေပါရောတဲ့။
အဒိကျွမ်းလေးမှာ ကမ္ဘာလိပ်တွေ နေကြတယ်ကွဲ့ ။ မောင်သာတို့ ကျွမ်းပေါ်ရောက်သွားတဲ့ အချိန်မှာ လိပ်တွေဟာ အကပြိုင်ပွဲကျင်းပ နေကြတယ်တဲ့။ ဒါပေမဲ့ သူတို့  ဟာ အချင်းချင်း အနိုင်လိုချင်အားများတာကြောင့် ဘယ်သူမှ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ကြဘူးတဲ့ကွယ်။ သူတို့ ထဲက အကြီးဆုံးကမ္ဘာလိပ်ကြီးက မောင်သာ့ကို အကပြိုင်ပွဲရဲ့  ဒိုင်လူကြီးလုပ်ဖို့ ကမ်းလှမ်းတယ်တဲ့ကွယ်။ မောင်သာလေးကလဲ လက်ခံပြီး ည ကျရင် ထပ်ပြီးအကပြိုင်ပွဲကျင်းပဖို့ ကြေငြာလိုက်တာပေါ့ကွယ်။ အဒိနောက် ပွေးလေး နဲ့ မောင်သာလေးတို့ ဟာ ကျွမ်းပေါ်က ဂူကြီးထဲမှာ နားနေကြတာပေါ့ကွယ်။ အဒိအချိန်မှာ လိပ်တွေထဲက အကြီးဆုံးအလှဆုံးလိပ်ကြီးတစ်ကောင်ဟာ တိတ်တိတ်လေး သူတို့ ဆီရောက်လာပြီး သူ့ ကို အနိုင်ပေးရင် ကျွမ်းပေါ်က ရတနာသိုက်ကို ပြမယ်လို့ ပြောသတဲ့။ မောင်သာလေးက ဘာမှမပြောဘဲ လိပ်ကိုသာ ပြန်လွှတ်လိုက်တယ်ကွဲ့ ။ မောင်သာလေးစိတ်ထဲမှာတော့ မေမေ့ အတွက် ရတနာတွေ ယူသွားပေးလို့ ရမှာမို့ ပျော်နေတာပေါ့ကွယ်။
ညရောက်တဲ့အခါမှာတော့ လိပ်အကပြိုင်ပွဲကြီးစတင်ကြတာပေါ့ ။ တကယ်တမ်းမှာတော့ ရတနာတွေ ပေးမယ်ဆိုတဲ့ လိပ်ကြီးဟာ သိပ်မကနိုင်ပါဘူးတဲ့။ ဒါပေမဲ့ အကောင်သေးသေး လိပ်မလေးတစ်ကောင်ကတော့ အရမ်းအက ကောင်းတယ်တဲ့ ။ မောင်သာလေးဟာ ရတနာတွေ မေမေ့ ဖို့ ယူသွားချင်တဲ့ စိတ်က တစ်ဖက်၊ လိပ်မလေးကို အနိုင်ပေးချင်စိတ်က တစ်ဖက် နဲ့  လွန်ဆွဲနေတာပေါ့ကွယ်။ ဒါကို ရိပ်မိတဲ့ပွေးကလေးက
“သူငယ်ချင်း မောင်သာလေးရေ ရတနာတွေ မေမေ့ အတွက် မယူသွားနိုင်ပေမဲ့ ၀မ်းမနည်းပါနဲ့ ကွယ်။ မင်းရဲ့ မှန်ကန် ရိုးသားတဲ့ ဆုံးဖြတ်ချက် အတွက် မေမေ က အမြဲ ဂုဏ်ယူနေပါလိမ့်မယ်” လို့  ပြောတယ်ကွဲ့ ။
အဒိလို ပွေးလေးက အကြံပေးတဲ့အခါ မောင်သာလေးလဲ စိတ်လက်ပေါ့ပါးသွားပြီး လိပ်မလေးကိုပဲ အနိုင်ပေးလိုက် တယ်တဲ့ကွယ်။ နောက်တစ်နေ့ မှာတော့ မောင်သာလေး နဲ့  ပွေးကလေးဟာ သဘောင်္လေးကို အိမ်ပြန်ဖို့ ရွက်လွှင့်ကြတာပေါ့ကွယ်။ ဒါကို သိတဲ့ ပင်လယ်စောင့်နတ်က မောင်သာလေးရဲ့ တရားမျှတမှူကို ချီးမြှောက်လိုတာကြောင့် ပင်လယ်အောက်က အင်မတန် အဖိုးထိုက်တန်တဲ့ ပုလဲလုံးကြီးကို မောင်သာလေးကို ပေးသတဲ့။
မောင်သာလေးလဲ ၀မ်းသာအားရနဲ့ ပုလဲလုံးကြီးကိုယူပြီး ပွေးလေးနဲ့ သဘောင်္ကို မောင်းပြီး ထွက်ခွာလာတာပေါ့ကွယ်။ ဒီလိုနဲ့ တောအုပ်ကလေး တစ်ခု ကို အရောက်မှာတော့ ပွေးလေးဟာ သူ့ အိမ်ကို ရောက်ပြီမို့ ဆင်းနေရစ်ခဲ့ သတဲ့ ။
မောင်သာလေးတစ်ယောက်ထဲ ဆက်လက် ရွက်လွှင့်လာလိုက်တာ လမ်းမှာဒဏ်ရာ အနာတရဖြစ်လို့ ညည်းညူ နေ တဲ့ ဘီလူးကြီးတစ်ကောင် နဲ့ တွေ့ တယ်။ ဘီလူးကြီးက
“မောင်သာလေးရေ ကျွန်ုပ် ကို ကယ်ပါကွယ်။ မဟုတ်ရင် ကျွန်ုပ်သေရ ပါလိမ့်မယ်” လို့ ပြောသတဲ့။ မောင်သာလေးက “ကျွန်တော် ဘီလူးကြီးကို ဘယ်လို များကယ်တင် ရမှာလဲ” လို့ မေးတဲ့အခါ ဘီလူးကြီးက ပင်လယ်ပုလဲလုံးကို စားခွင့်ရရင်တော့ သူ အသက် ရှင် နိုင်ပါလိမ့်မယ်လို့ ပြောသတဲ့။
မောင်သာလေးဟာ ပင်လယ်ပုလဲလုံးကို နှမြောပေမဲ့လည်း ဘီလူးကြီးရဲ့ အသက်ကို ကယ်တင်ခွင့် ရဖို့ အတွက် ပင်လယ်ပုလဲလုံးကို ဘီလူးကြီးကို ပေးလိုက်သတဲ့ကွယ်။ ဘီလူးကြီး ဟာ ပင်လယ် ပုလဲ လုံးကို စားပြီးတာနဲ့  တပြိုင်နက် အားအင်တွေ ပြန်လည်ပြည့်ဖြိုးလာပြီး နေကောင်းသွားရောတဲ့။ နောက် သူ့ အိပ်ထဲက ရွှေသစ်စေ့ လေး တစ်စေ့ မောင်ပါလေးကို ထုတ်ပေးပြီး အိမ်ရောက်ရင် စိုက်ပျိုးပါ လို့ မှာကြားကာ ပျောက်သွားပါရောတဲ့ကွယ်။
မောင်သာလေးလဲ သဘောင်္လေးကို မောင်းနှင်လာလိုက်တာ အိမ်ကို ပြန်ရောက်သွားပါရောတဲ့။ အိမ်မှာတော့ မေမေ ဟာ မောင်သာလေး ပျောက်သွားတာကြောင့် စိတ်ပူနေတာပေါ့ကွယ်။ မောင်သာလေးဟာ ရောက်ရောက် ချင်းပဲ မေ မေ့ ကို ပြေးဖက်ပြီး သူ့ ရဲ့ စွန့် စားခန်းတွေ ကို ပြောပြတယ်။ မေမေ့ က အလွန် အံ့သြသွားပြီး “သားရေ သားဟာ အခု တကယ့်သူရဲကောင်းကြီး ဖြစ်သွားဘီမို့ မေမေ စိတ်မပူတော့ပါဘူးကွယ်” လို့ ပြောလိုက်တယ်တဲ့ကွယ်။
အဒိနောက် သားအမိနှစ်ယောက်ဟာ ဘီလူးကြီးပေးတဲ့ သစ်စေ့ လေး ကို စိုက်ပျိုးကြသတဲ့။ သစ်စေ့လေးဟာ စိုက်ပြီးပြီးချင်း တဖြည်းဖြည်း ကြီးလာပြီး ကျောက်သံပတ္တမြားတွေ သီးတဲ့ ရွှေပင်လေး ဖြစ်သွားပါရောတဲ့ကွယ်။ အဒိနောက် မောင်သာလေး ဟာ မေမေ့အတွက် ကျောက်သံပတ္တမြားတွေ ခူးပေးပြီး သားအမိ နှစ်ယောက်ပျော်ရွှင်စွာ နေထိုင်သွားကြတယ်တဲ့ကွယ်။
ကဲပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့ လဲ မောင်သာလေးလို ကိုယ့်အိမ်မက်ကို ကိုယ် အကောင်အထည်ဖော်ကြရမယ်ကွဲ့ နော်။ ပွေးလေးလို မှန်ကန် တဲ့ နည်းလမ်းပြတဲ့ သူငယ်ချင်းမျိုး ကို တွေ့ ရင်လည်းတန်ဖိုးထားကြရမယ်။ အမှန်တရားကိုလည်းမြတ်နိုးပြီးရိုးသားကြရမယ်ကွဲ့ ။ သူများကို ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဟာလည်း ဘယ်တော့မှ ဆုံးရှုံးမသွားဘူးဆိုတာလည်းသိထားကြရမယ်နော်။ နောက်ပြီးကလေးတို့ မေမေ ဟာ ကလေးတို့ ကို အမြဲ စိုးရိမ်ပူပန်နေတတ်တာကိုလည်း မမေ့ ဘဲ မေမေ့ ကို ဂရုစိုက်ကြရမယ်ကွဲ့
ဇူးထိုက်