အားငယ်တတ်တဲ့ဘဲကလေး

တစ်ခါတုန်းက ဘဲတိုင်းပြည်မှာ ဘဲကလေးတစ်ကောင်ရှိသတဲ့။ အဒိဘဲကလေး အရွယ်ရောက်လာတဲ့အခါ တစ်ခြားဘဲတွေ နဲ့ မတူတဲ့ အချက်ကို သတိပြုမိသတဲ့။ အဒါကတော့ သူ့ ရဲ့  အမွှေးအတောင် တွေဟာ သူများတွေလို ဖြူဖွေးမနေဘဲ မဲညစ်ညစ်ကြီးဖြစ်နေတာပဲတဲ့ကွယ်။ အဒိအမွှေးအတောင် မဲညစ်ညစ်ကြီးတွေကြောင့်ပဲ ဘဲကလေးဟာ အလွန်အားငယ်ရသတဲ့ကွယ်။အဒါကြောင့်ဘဲကလေးဟာ နေ့ တိုင်း ဦးထုံးအိုးဆီက ထုံးတွေတောင်းတောင်းပြီး သူ့ အမွှေးအတောင်တွေကို ဖြူအောင်လိမ်းသတဲ့။ အဒိနောက် ဘဲဖြူလေးအဖြစ် နဲ့ သူ့ အမွှေးအတောင် တွေရဲ့ အရောင် ကို မေ့လျော့ထားပြီးနေသတဲ့ကွယ်။တခြားဘဲလေးတွေနဲ့ သွားလာတဲ့အခါမှာလည်း သူ့ အမွှေးအတောင်တွေ အရောင် ပျက်သွားမှာ စိုးလို့ အထူးဂရုစိုက်ပြီးနေတယ်တဲ့ကွဲ့ ။ သူဟာ ရေလဲမကူးသလို နေပူထဲလဲမသွားဘူးတဲ့ကွယ်။
တစ်နေ့ မှာတော့ ဘဲများဟာ စုပေါင်းပြီးကပွဲကြီး ကျင်းပသတဲ့။ အဒိ ဘဲကပွဲ ကို အလှဆုံးဘဲမလေးတွေလဲ လာကြတာပေါ့ကွယ်။ ဘဲမဲလေးဟာလည်း ကပွဲကို သွားဖို့ အတွက် အကောင်းဆုံးပြင်ဆင်နေတာပေါ့ကွယ်။ သူဟာ ခါတိုင်းထက် ထုံးတွေပိုသုံးပြီးလှပကျော့ရှင်းနေအောင် ပြင်ဆင်သတဲ့။ နောက် ဆေးသုတ်သမားဆီသွားကာ ရွှေဆေးအနည်းငယ်ကိုလည်း ဆိုးသတဲ့။ အဲဒိနောက် ကြာပန်းပုတီးလေး ဆွဲကာ ကပွဲကို သွားသတဲ့။ ကပွဲကိုရောက်တဲ့အခါ ဘဲမဲလေးဟာ လှပ ကျော့ရှင်းလွန်းလို့ ဘဲမ ချောချော လေးတွေကတောင် ငေးကြည့်နေရသတဲ့ကွယ်။ သူ နဲ့ တွဲကချင်တဲ့ ဘဲမလေးတွေလဲ တန်းစီနေတာပဲတဲ့။ ဘဲမဲလေးဟာလည်း ဘဲဖြူလေးအဖြစ် ဟန်ဆောင်ထားတာကိုတောင်မေ့ပြီး ပျော်ရွှင် နေတယ်တဲ့။
ဘဲများဟာ တစ်ညလုံး ပျော်ရွှင်စွာ ကခုန်ကြသတဲ့။ ဘဲမဲလေးဟာလည်း အလှဆုံး ဘဲမလေးတွေ တစ်ကောင်ပြီးတစ်ကောင် နဲ့ တွဲတွဲပြီးကသတဲ့။ အဒိလို က ခုန် ကြရင်း ရေစပ် ကို တဖြည်းဖြည်း ရောက်လာရောတဲ့။ ရေစပ် ကို ရောက်တဲ့အခါ ဘဲမလေးတွေဟာ ရေ ဆင်းကူးကြသတဲ့ ကွယ်။
ဘဲမဲလေးခမျာမှာတော့ ရေထဲ မဆင်းရဲ ရှာ ဖူးတဲ့ကွယ်။ တစ်ကောင်ထဲ ရေစပ်မှာသာ ငိုင်နေသတဲ့။
ဘဲဖြူမလေးတွေဟာ ငိုင်နေတဲ့ ဘဲကလေး ကို စနောက်ပြီး ရေ နဲ့ လှမ်းပက်ကြသတဲ့။ ဘဲကလေးဟာ ရေ တွေစင်ကုန်မှာကြောက်လို့  ရှောင်ရှားရင်း စိတ်ဆင်းရဲ နေရှာတာပေါ့ကွယ်။ သူ ဆိုးထားတဲ့ ထုံးတွေဟာလည်း ရေထိတာကြောင့် တဖြည်းဖြည်း ပျက်ပြယ်လာတာမို့  ဘဲကလေးဟာ အိမ်ပြန်ပြေးဖို့ လုပ်သတဲ့။ အဒိအချိန်မှာပဲ ခပ်စွာစွာ ဘဲဝတုတ်ကြီးတစ်ကာင် ဟာ ဘဲမဲလေးကို ရေထဲဆွဲချလိုက်ပါရောတဲ့ကွယ်။ ရေထဲရောက်တာနဲ့  တပြိုင်ထဲ ဘဲလေး ကိုယ်ပေါ်က ထုံးတွေဟာ ပျက်သွားပြီး သူ့ နဂို အမွှေးအတောင်တွေပေါ်လာ တာပေါ့ကွယ်။ ဘဲဖြူမလေးတွေဟာ ရေကန်အလည်မှာ အရောင်တွေ ပြယ်သွားတဲ့ ဘဲမဲလေးကို ကြည့်ပြီး လှောင်ပြောင်ကြသတဲ့။ ဘဲမဲလေးဟာလည်း စိတ်ထိခိုက်ပြီး အိမ်ကို ပြန်သွားပါရောတဲ့ကွယ်။
စိတ်ထိခိုက်သွားတဲ့ဘဲမဲလေးဟာ အိမ်ထဲမှာ အချိန်အတန်ကြာတဲ့အထိ ကုပ်နေသတဲ့ကွယ်။
အချိန်တစ်ချို့ ကြာလာတဲ့အချိန်မှာတော့ ဘဲမဲလေးဟာ အိမ် ပြင်ကို ပြန်ထွက်လာပြီး ။ သူဟာ ခြံဝန်းထဲက ပိုးကောင်တွေ ပေါင်းပင်တွေကို ထိုးဆွ စားသောက်ရင်း သူ လုပ်စရာရှိတာလေးတွေ စလုပ်သတဲ့။ အမွှေးအတောင်တွေကိုလည်း ထုံးတွေ မဆိုးတော့ဘဲ ရှိရင်းစွဲ အမွှေးအရောင် အတိုင်းသာနေသတဲ့။ တစ်နေ့ မှာတော့လှပလွန်းတဲ့ ဘဲခေါင်းစိမ်းတစ်အုပ်ဟာ ဘဲကလေးရဲ့ ခြံဝန်းရှေ့  ကနေ ဖြတ်သန်းသွားသတဲ့။ ဘဲခေါင်းစိမ်း အုပ်ဟာ လှပလွန်းလို့  အစိမ်းရောင်တွေ ရောယှက်နေတဲ့ သူတို့ ရဲ့  ခေါင်းတွေဟာ ကျောက်စိမ်း နဲ့  မြ ရောစပ် ထားသလိုပါပဲတဲ့။ ကတ္တီပါ နက်ရောင် တဖိတ်ဖိတ် တောက်ပနေတဲ့ သူတို့ ရဲ့ အမွှေးအတောင်တွေကို ဖြန့် ကားလိုက်ပြီးလွတ်လပ်ပျော်ရွှင်စွာနဲ့  ရေထဲမှာ ဆော့ကစားနေကြတာပေါ့ကွယ်။
ဘဲမဲလေးဟာလည်း ဘဲခေါင်းစိမ်းတစ်အုပ်ကို အားကျပြီးငေးမော နေမိတာပေါ့ကွယ်။ သူငေးကြည့်နေတာကို မြင်သွားတဲ့ ဘဲခေါင်းစိမ်းအုပ်က ခေါင်းဆောင်ဘဲကြီးဟာ ရေကန်ထဲကတက်လာပြီး
“လှပလိမ္မာတဲ့ ဘဲကလေးရေ မင်း အမွှေးအတောင်တွေက တောက်ပထည်ဝါလွန်းလှချည်လား။ ငါတို့ နဲ့ တူတူ ရေလာကစားလှည့်ပါလားကွယ်” လို့  ဖိတ်ခေါ်သတဲ့ကွယ်။
ဘဲကလေးဟာ ပြုံးပျော်သွားပြီး ဘဲခေါင်းစိမ်းအုပ် နဲ့ တူတူ ရေကစားကာလွတ်လပ်ပျော်ရွှင်နေသတဲ့။ သူဟာ စိုးရိမ်ကြောင့်ကြမှုတွေလဲမရှိတော့ဖူးတဲ့။ စိတ်အားငယ်မှုတွေလဲကင်းစင်သွားပြီး အားပါးတရ လွတ်လပ်စွာ ရေကစားနေတယ်တဲ့ကွယ်။
အဲဒိနောက်သူဟာ ဘဲခေါင်းစိမ်းအုပ်သွားရာဆီကို ဘဲခေါင်းစိမ်းတွေနဲ့ အတူ လိုက်ပါသွားတော့သတဲ့ကွယ်။
နောက်နှစ်နွေဦးမှာတော့ ဘဲမဲလေးဟာ ငေါင်စင်းစင်း ဘဲကလေး တစ်ကောင်မဟုတ်တော့ဘဲ ဘဲခေါင်းစိမ်းမ လှလှလေးရယ်၊ ဘဲသား သမီးလေးတွေရယ် နဲ့ ကိုယ်ပိုင်ဘဲအုပ်လေး ကို ဦးဆောင်ပြီး သူ့ အိမ်ကို ပြန်လာသတဲ့။
အရင်လို ဘဲမဲလေးလဲ မဟုတ်တော့ဘဲ တောက်ပ နက်မှောင်လှတဲ့ အမွှေးအတောင် တွေ နဲ့  မြစိမ်းရောင် ဦးခေါင်းရှိပြီး ခန့်ညား တဲ့ ဘဲထီးလေး တစ်ကောင် လဲ ဖြစ်နေဘီပေါ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့ လည်း ကိုယ့်ကိုယ်ပိုင် အားနည်းချက်တွေကြောင့် စိတ်အားမငယ်ရဖူးကွဲ့ ။ တစ်ခါတစ်လေမှာ အားနည်းချက် လို့ ယူဆရတဲ့အရာတွေဟာ ကိုယ့်ရဲ့ အားသာချက်တွေဖြစ်နေတတ်တယ်ကွဲ့ ။ ကိုယ့်အားနည်းချက်ကို အရှိအတိုင်းလက်ခံပြီး အားမငယ်ဘဲ ကြိုးစားတယ်ဆိုရင် ပိုမိုပျော်ရွှင်လှပတဲ့ အနာဂါတ်တွေ တည်ဆောက် နိုင်ကြလိမ့် မှာပေါ့ကွယ်။
ဇူးထိုက်