ကိုယ်ဝန်ဆောင်နှင့် အသီးများ
|(၁) ဘာသီးတွေစားမလဲ။
ယေဘုယျပြောရလျှင် သန့်ရှင်းလတ်ဆတ်ပြီး စားလို့ရသည့် အသီးတိုင်းကို စားနိုင်သည်။ မည်သည့်အသီးမဆို အလွန်အကျွံမစားပါနှင့်။
(၂) ဘာသီးတွေရှောင်မလဲ။
မလတ်ဆတ်သော၊ အမှည့်လွန်နေသော၊ မပုပ်သေးသော်လည်း ပုပ်ခါနီးသော၊ ယင်နားထားသော၊ မည်သူ့လက်နှင့် ထိတွေ့ထားမှန်းမသိသော အသီးများမစားပါနှင့်။ ကိုယ့်ဘာသာ အခွံနွှာစားသောအသီးက သန့်ရှင်းမှုအတွက် စိတ်ချရသည်။
(၃) ကိုယ်ဝန်ဆောင်တို့ အမေးများသော အသီးအချို့ကို ဥပမာပေးပြီး ရှင်းပြရလျှင်
နာနတ်သီးတွင် ဗိုက်တာမင်ဘီဝမ်း၊ အခြားဗိုက်တာမင်ဘီများ၊ ဗိုက်တာမင် စီ၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တို့ကြွယ်ဝ၍ အာဟာရဖြစ်သည့်အပြင် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးသည်။
ဒူးရင်းသီးတွင် သကြားဓာတ်၊ ဗိုက်တာမင်ဘီမျိုးစုံ၊ ဗိုက်တာမင်အေ၊ ဗိုက်တာမင် စီ၊ အသားဓာတ်၊ ကစီဓာတ်၊ ကယ်လ်စီယမ်နှင့် သံဓာတ်စသည်တို့ပါဝင်၍ အာဟာရဖြစ်စေသည်။ အချိုဓာတ်များ၍ ကိုယ်ဝန်တွင် ဆီးချိုရှိလျှင် မစားသင့်ပါ။
သင်္ဘောသီးမှည့်တွင် ကစီဓာတ်၊ ဗိုက်တာမင်အေ၊ ဗိုက်တာမင် စီ၊ ကယ်လ်စီယမ်နှင့် သံဓာတ်တို့ပါဝင်သည်။ ဝမ်းမှန်စေမည့် အမျှင်ပါဝင်မှုများသည်။
ဒညင်းသီးတွင် ကစီဓာတ်၊ ပရိုတင်း၊ ဗိုက်တာမင်အေ၊ ဗိုက်တာမင် စီ၊ ကယ်လ်စီယမ်စသည်တို့ပါဝင်သည်
ဒညင်းသီးက အရှေ့တောင်အာရှနိုင်ငံသားမျ
ထို့ကြောင့် ဒညင်းသီး ဘယ်နှစ်လုံးစားလျှင်၊ ဘယ်လောက်ကြာစားလျှင်၊ ဘယ်သူစားလျှင် ကျောက်ကပ်ပျက်ကြောင်း အချက်အလက်မရှိပါ။ ဒညင်းသီး အနည်းငယ်စား၍ ကျောက်ကပ်ရုတ်တရက် ပျက်သွားသူများရှိသည်။ မစားရင်တော့ အန္တရာယ်မရှိတာ သေချာသည်။
နေနေမိုးဆွေ (Child Health Myanmar)
Reference: Nutrition Facts Google, Djenkolism Pubmed Articles
Photo Credit to Google Images
#naynaymoeswe