ကလေး ဝမ်းလျားမှောက်ခြင်း ***********************
|(၁) သဘာဝအတိုင်း မှောက်နိုင်ခြင်း
ကလေးစမှောက်လျှင် မိဘများ ပျော်ကြသည်။ အများစုက ၄-၅ လတွင် မှောက်ခုံမှ ပက်လက်၊ ပက်လက်မှ မှောက်ခုံလှည့်နိုင်ကြသည်။
(၂) မိဘက မှောက်ပေးခြင်း
ကလေးကိုယ်တိုင် မမှောက်တတ်ခင် မိဘက မှောက်ပေးနိုင်သည်။ မှောက်ပေးလျှင် ပုံတွင်ပြထားသည့် ချစ်စရာအနေအထားများကို အရွယ်လိုက် တွေ့ရမည်။
(က) မှောက်ပေးခြင်း အကျိုးကျေးဇူးများ
မမှောက်တတ်ခင် မှောက်ပေးခြင်းသည် လည်ပင်း၊ ပခုံး၊ လက်မောင်း၊ လက်ဖျံနှင့် ကိုယ်ခန္ဓာအပေါ်ပိုင်းမှ ကြွက်သားများအတွက် လေ့ကျင့်ခန်းဖြစ်သည်။
ကြွက်သားများ သန်မာလာလျှင် ကလေးက ကိုယ်တိုင် မှောက်နိုင်လာမည်။ ထိုင်ခြင်း၊ ထခြင်း၊ တွားသွားခြင်းတို့ ဆက်လုပ်နိုင်ဖို့ အထောက်အကူ များစွာဖြစ်သည်။
ကလေးကို မှောက်ပေးခြင်းဖြင့် ခေါင်းပြားခြင်းမှလည်း ကာကွယ်ပေးသည်။
(ခ) မှောက်ပေးရန် နည်းလမ်း
ကလေးနိုးနေချိန်တွင် မေမေ(သို့) ဖေဖေ့ပေါင်ပေါ်တွင် စမှောက်ပေးပါ။ တစ်ခါမှောက်လျှင် ၁မိနစ်-၂ မိနစ်နှင့် တစ်နေ့ ၄-၅ ခါ မှောက်ပေးနိုင်သည်။
ရက်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အချိန်တိုးပြီး မှောက်ပေးပါ။ တစ်ခါမှောက် ၁၅ မိနစ်ဝန်းကျင်၊ တစ်နေ့ ၄-၅ ကြိမ်နှုန်းနှင့် ကလေးသန်လာလျှင် ဖျာ/
မှောက်ပေးစဉ် ကလေးကို စကားပြောခြင်း၊ သီချင်းဆိုပြခြင်း၊ ကျောကို လက်ချောင်းသုံး၍ ပွတ်သပ်ပေးခြင်းကို ကလေးငယ်တို့ ကြိုက်သည်။ မှန်ရှေ့တွင်မှောက်ပေးလျှင်
(ဂ) မှောက်ပေးလျှင်သတိပြုရန်
အချို့ကလေးငယ်များက ပေါင်ပေါ် မှောက်ပေးစတွင် ကြောက်၍ ငိုလျှင် မေမေ/
နို့အန်များသော ကလေးငယ်ကို နို့တိုက်ပြီး ၁ နာရီခွဲအတွင်း မမှောက်ပေးပါနှင့်။
အိပ်ပျော်နေချိန်၊ ပင်ပန်းပြီး အိပ်ငိုက်နေချိန်၊ ဗိုက်တင်းနေချိန်များတွင် ကလေးငယ်ကို မမှောက်ပေးပါနှင့်။
နေနေမိုးဆွေ Child Health Myanmar
Pictures- credits to Google
Reference-The Royal Children’s Hospital, Melbourne
#naynaymoeswe