မွေးကင်းစမှ ၆ လထိ ကလေးဝမ်းနှင့် ပတ်သက်ပြီး အမေးများသောမေးခွန်းများ
|
-နို့စို့ကလေးက တစ်ခါစို့ တစ်ခါဝမ်းသွားတတ်သလို တစ်ပတ် ၁၀ ရက်မှ တစ်ကြိမ်သွားခြင်းလည်းဖြစ်န

-မွေးပြီးပထမဆုံးသော ဝမ်းက အစိမ်းပုတ်ရောင်ဖြစ်ပြီး စီးကပ်နေနိုင်သည်။
-ရက် အနည်းငယ်အတွင်း အဝါရောင်၊ စိမ်းဝါရောင် ပြောင်းသွားပါလိမ့်မည်။
-formula နို့ဗူးတိုက်လျှင် အညိုရင့်ရောင် ဖြစ်ကောင်းဖြစ်မည်။ အချို့ formula များက ကလေးဝမ်းအရောင်ကို စိမ်းစေနိုင်သည်။
-သံဓာတ်ပါသော အားဆေးတိုက်လျှင် ဝမ်းအရောင်မည်းနိုင်သည်။
(၃) ပုံမှန် အပျော့အမာ✅
-မိခင်နို့တိုက်လျှင် ဝမ်းပျော့ပျော့မှ အရည်သွားသည်။ ကလေးပုံမှန် နို့စို့နေသရွေ့ အရည်သွားတိုင်းစိတ်မပူပါနှင
-formula နို့ဗူးတိုက်လျှင် ဝမ်းကအနည်းငယ်လေးမာနိုင်သည်
(၄) ပုံမှန် အနံ့✅
-မိခင်နို့စို့လျှင် ယေဘုယျအားဖြင့် အနံ့မရှိသလောက်ဖြစ်ပြီး နို့ဗူးတိုက်လျှင် အနံ့ပိုရှိတတ်သည်။
(၅) ကလေးအီိးညှစ်ခြင်း✅
-ဝမ်းမသွားခင် ကလေး အီးညှစ်ခြင်း၊ ငိုခြင်းက ပုံမှန်ဖြစ်ပါသည်။
(၆) ပြောင်းလဲခြင်း✅
-အချို့ကလေးများက ဝမ်း အကြိမ်ရည်, အရောင်၊ အပျော့အမာ တစ်ရက်နှင့်တစ်ရက်၊ တစ်ပတ်ပြီးတစ်ပတ် ပြောင်းလဲနိုင်ပါသည်။ ပုံမှန်ပါ။
-ရုတ်တရက် ဝမ်းအလွန်မာတောင့်ပြီး စအိုဝနား ကွဲရှရာများတွေ့ခြင်း၊ ရုတ်တရက် ဝမ်းအရည်များ အကြိမ်ကြိမ်သွားပြီး ကလေးပျော့ဖတ်သွားခြင်း၊ နို့မစို့ခြင်း၊ ဝမ်းထဲသွေးပါခြင်းရှိလျှင် ဆရာဝန်နှင့် အမြန် စစ်ဆေးပါ။
(၇) ပိတ်အနှီး Vs တစ်ခါသုံး diaper ✅
-ဘယ်ဟာသုံးသုံး ကလေးဝမ်းသွားပြီးတိုင်း ချက်ချင်းလဲပေးပါ။ မွေးကင်းစ ကလေး၏ အရေပြားက အလွန်နူးညံ့၍ ဝမ်းထဲပါသော အမိုးနီးယားဓာတ်ကြောင့် အရေပြားလောင်တတ်ပါသည်။
-တစ်ခါသုံး ပလတ်စတစ် ဘောင်းဘီမသုံးပါနှင့်။
#နေနေမိုးဆွေ (Child Health Myanmar)
Reference- Raising Children Net, RCH-Kid Health Information
Photo Credits to Google
#naynaymoeswe