၂၁ လသားအရွယ် ကလေးနှစ်ယောက် ရေနစ်နေတာကို ကယ်တင်ခဲ့တဲ့ ၆ နှစ်သား

rescue

Lovisiana ပြည်နယ်တွင် ၆ နှစ်သားအရွယ်ကလေးက ညီဝမ်းကွဲတော်စပ်သူ အသက် ၂၁ လသားအ ရွယ်အမွှာပူး Isaac နှင့် Kaden Kelley တို့နှစ်ယောက် ရေကူးကန်တွင် ပေါလောပေါ်နေသည်ကို တွေ့ရှိ၍ ရေကူးမတတ်သော်လည်း ရေကန်အတွင်း ဆင်းဆယ်ခဲ့ပါသည်။

ထို ၆နှစ်အရွယ် Branson က ကလေးနှစ်ယောက်အား ဆယ်ယူခဲ့ပြီး အိမ်တွင်းရှိလူများကို အကူအညီ ရရန် အော်ဟစ် အကူအညီ တောင်းခဲ့ပါသည်။ အိမ်တွင်းရှိမိဘများမှာ ၃ မိနစ်အတွင်း ကလေးများအား အိမ်နောက်ရေကူးကန်သို့ ရောက်နေမှန်းမသိခဲ့ပါ။ လူကြီးများ ရေကူးကန်နားသို့ ရောက်ရှိသောအချိန်တွင်

ကလေးနှစ်ဦးမှာ ပြာနှမ်းနေပြီး အသက်မရှိသယောင် တွေ့မြင်ရပါသည်။ လူကြီးများက စက္ကန့် ၃၀ မျှပြုစု အပြီးတွင် Isaac နှင့် Kaden Kelley ကလေးနှစ်ဦးမှ လှုပ်ရှားမှုအရိပ်အရောင် တွေ့မြင်ရပါသည်။ မကြာမီ အချိန်တွင် ကယ်ဆယ်ရေးသမားများ ရောက်ရှိလာပြီး ဟယ်လီကော်ပလာဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။

ထိုသို့ ဆေားရုံသို့ပို့ဆောင်စဉ် ကလေးမိခင်သည် အဲ့ဒီအချိန်တွင် တရားဟောဆရာတွေ ဘယ်လို တရားဟောဆုတောင်းလဲ မမှတ်မိတော့ပါ။ ကျွန်မကတော့ အသက်ပြန်ရှင်ပါစေ ပကတိပြည့်စုံသော ဘုရားသခင်ဖြစ်ပါစေလို့ တစ်ချိန်လုံး ဒါပဲ ဆုတောင်းနေခဲ့ပါတယ်။ ဆေးရုံသို့ရောက်ပြီး မကြာမှီပင် မည်သို့မျှမ ဖြစ်ပျက်သကဲ့သို့ ဆော့ကစားလျက်ရှိပါသည်။ တာဝန်ကျ ဆရာဝန်ပင် အံသြစွာဖြင့် ကလေးနှစ်ဦး ကောင်းမွန်စွာ အသက်ရှင်သွားသည့်အတွက် ဘုရားသခင်က ကျွန်တော်တို့ အပေါ် တော်တော်ကောင်း တာပဲဟု ဆိုခဲ့ပါသည်။

အသက် ၃၂ နှစ်အရွယ် ကလေးအမေ Kelley က တံခါးကိုအမြဲတမ်းပိတ်ထားရမှာ မိသားစုဝင်တွေက ရေကူးကန်ကို အမြဲတမ်း သော့ခတ်ထားရမှာကို ဖွင့်ထားခဲ့လို့ အခုလိုဖြစ်ရတာဟု ဆိုခဲ့ပါသည်။

မျိုးမြန်မာ မှ ဘာသာပြန်ဆိုရေးသားသည်။

Credit : Allyouths.com