၂ နှစ်​​အောက်​ က​လေးတို့ရဲ့ ရုပ်​ပိုင်းစိတ်​ပိုင်း ဖွံဖြိုးမှုနဲ့ သင့်​တင့်​မျှတ​သော အာဟာရ

နှစ်နှစ်အောက်ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုနဲ့ အာဟာရဆက်နွယ်မှုဟာ အရေးကြီးပါတယ်။ကလေးတစ်ယောက်ရဲ့ ဖွံဖြိုးမှုမှာ ခန္ဓာကိုယ်ရဲ့ ဖွံဖြိုးမှုက အရေးကြီးသလို ဦးနှောက်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုက ပိုပြီးတော့ အရေးကြီးပါတယ်။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ မွေးပြီးစအချိန်မှာ ချက်ချင်း ဖွံဖြိုးမှု မရှိသေးပါဘူး။ နှစ်နှစ်အောက်ကလေးတွေရဲ့ ဦးနှောက်ဖွံဖြိုးမှုက အရေးကြီးတဲ့ အပိုင်းမှာ ပါပါတယ်။နှစ်နှစ်အထိ ဦးနှောက်က ဆက်လက်ဖွံဖြိုးနေပါတယ်။ဒါကြောင့် နှစ်နှစ်အောက်ကလေးတွေရဲ့ အာဟာရပြည့်စုံမှုဟာ အလွန်ဘဲ အရေးကြီးပါတယ်။ အာဟာရပြည့်စုံမှုရှိမှဘဲ ကလေးတွေရဲ့ဖွံဖြိုးမှု ပြည့်စုံပါလိမ့်မယ်။မွေးကာစကလေးတွေအတွက် အာဟာရအပြည့်စုံဆုံးက မိခင်နို့ပါပဲ။အသက်လေးလအရွယ်အထိ မိခင်နိုဟာ လုံလောက်တဲ့ အာဟာရကို ပေးပါလိမ်မယ်။

#နို့ဦးရည်

မိခင်နို့တိုက်ဖို ဘယ်အချိန်လောက်ကစပြီး ဂရုစိုက်ရမလဲဆိုတော့ ကိုယ်ဝန်ဆောင်တဲ့ အချိန်ကစပြီးတော့ အမေဟာ လုံလောက်တဲ့ အစာအာဟာရကို စားသုံးဖို လိုအပ်ပါတယ်။ဒါမှလဲ မိခင်နို့ထဲမှာ အာဟာရပြည့်ပြည့်ဝဝပါလာမယ်။နောက်တစ်ခုက မိခင်နိုတိုက်နိုင်အောင်နိုသီးခေါင်းရဲ့အနေအထားကို ကိုယ်ဝန်ဆောင်ချိန်မှာ သေချာစစ်ဆေးထားဖိုလိုပါတယ်။ကလေးနို့စိုနိုင်အောင် ပြင်ဆင်ပေးထားဖို လိုအပ်ပါတယ်။ကလေးမွေးပြီးပြီးချင်း မိခင်ဟာ လန်းလန်းဆန်းဆန်း ရှိမယ်ဆိုရင် မိနစ်သုံးဆယ်အတွင်းမှာဘဲ ကလေးကို မိခင်နို့တိုက်နိုင်ပါတယ်။
မိခင်နို့ရဲ့သဘာဝဟာ ကလေးကသောက်သုံးနိုင်လေလေ ထွက်လေလေပါပဲ။မိခင်ဟာ အာဟာရအနေနဲ့ အသား၊ငါး၊ဟင်းသီးဟင်းရွက်၊အရည် စတာတွေကို လုံလုံလောက်လောက် ပြည့်ပြည့်၀၀ စားဖိုလိုသလို တချိန်ထဲမှာဘဲ ကလေးကိုမိခင်နိုတိုက်ကျွေးဖို လိုပါတယ်။အထူးသဖြင့် ပထမသုံးရက်မှာ မိခင်ရဲ့ နို့ဦးရည်ဆိုတာထွက်ပါတယ်။ဒီနို့ဦးရည်ဟာ ကလေးအတွက် အာဟာရနဲ့ အလွန်ပြည့်စုံစေသလို အသက်ရှူလမ်းကြောင်းရောဂါ၊ဝမ်းပြက်ဝမ်းလျှောရောဂါနဲ့ကျန်တဲ့ ရောဂါတွေကိုလည်း ကလေးနှစ်နှစ်အောက်အထိ ကူးစက်ခြင်းမခံရပါဘူး။ကူးစက်ခြင်းခံရလျှင်လည်း ဒီရောဂါတွေကို ကာကွယ်ပေးနေတဲ့ ဓာတ်တွေဟာ မိခင်ရဲ့ နိုရည်ဦးထဲမှာ အလုံအလောက် ပါဝင်ပါတယ်။
ကလေးကို အမေ့နို့မထွက်သေးဘူးဆိုပြီး ပထမသုံးရက်လောက်မှာ နို့ဘူးကို အားပြုပြီးဖိတိုက်တာမျိုး မလုပ်ဘဲ စို့မှထွက်လာမှာ ဖြစ်တဲ့ မိခင်နို့ကို တိုက်ပေးဖို လိုပါတယ်။ရောဂါကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေရယ်၊အာဟာရရယ် ပြည့်စုံစွာ ပါဝင်တဲ့ နို့ဦးရည်ကို တိုက်နိုင်ဖို့ မိခင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေရန် အားလုံက ဝိုင်းပြီး ပြုစုပေးရပါမယ်။
မိခင်ကိုယ်တိုင်ကလည်း အစာကို လုံလောက်စွာ စားဖိုလိုပါတယ်။မိခင်အိပ်ရေးဝဝ အိပ်ရအောင် ဝိုင်ဝန်းစောင့်ရှောက်ပေးမည့် လူတွေလဲလိုအပ်ပါတယ်။ မိခင်ဟာ သူကိုယ်သူ ယုံကြည်မှု ရှိသွားတဲ့ အချိန်ကျရင် နို့ဦးရည်ကို အောင်အောင်မြင်မြင်တိုက်နိုင်ပါလိမ့်မည်။

#အနေအထား

မိခင်နိုတိုက်တဲ့အနေအထားကို ကျွမ်းကျင်သူတွေနဲ့ သေချာပြသထားဖို လိုပါတယ်။ကလေးနိုတိုက်တဲ့အခါ ကလေးရဲ့ ခေါင်းနဲ့ လည်ပင်းဟာ မိခင်ရဲ့ တံတောင်ဆစ်ကွေးမှာ ရှိဖိုလိုပါတယ်။ မိခင်ဟာ သက်တောင့်သက်သာထိုင်လျက် အနေအထားနဲ့သော်လည်းကောင်း ၊အိပ်လျက်အနေအထားနဲ့သော်လည်းကောင်း ဖြစ်ဖိုလိုပါတယ် ။ ကလေးရဲ့ရင်ဘက်နဲ့ ၀မ်းဗိုက် တစ်ခုလုံးဟာ မိခင်ရဲ့ဝမ်းဗိုက်နဲ့ဖက်ထားတဲ့ အနေအထားအတိုင်း ထိကပ်ဖိုလိုပါတယ်။ ကလေးဟာ သူရဲ့ပါးလေးကို မိခင်ရဲ့ နိ့သီးခေါင်းလေးနဲ့ ထိလိုက်ပါ။ ပါးစပ်တစ်ခုလုံးနဲ့ နိုသီးခေါင်းကို ထိတာမဟုတ်ဘဲ ပါးလေးနဲ့ အသာထိလိုက်ရင် ကလေးရဲ့ ပါးစပ်ဟာ သူအလိုလို အကျယ်ကြီးဟလာပါတယ်။အဲ့ဒီလို့အချိန်မှာ မိခင်နို့သီးခေါင်းရဲ့ အမည်းကွင်းတစ်ခုလုံး ငုံမိတဲ့အထိ ကလေးရဲ့ပါးစပ်ထဲ့ကို ထည့်လိုက်ပါ။
နို့သီးခေါင်းနဲ့ပါးစပ်အတင်းထိလိုက်ပြီး နို့ရည်ကိုညစ်ချတာ မှားသွင်းတဲ့ နည်းလမ်းပါပဲ။ မိခင်ရဲ့ နာကျင်မှုရှိသလို ကလေးရဲ့ပါးစပ်ကလဲ ခုနကလောက်မဟပါဘူး။နို့သီးခေါင်းလေးနဲ့ ပါးစပ်ထိလိုက်တာ ပိုကောင်းပါတယ်။အနေအထားကအရေးကြီးပါတယ်။
အဲ့နည်းလမ်းအတိုင်းဆိုရင် ကလေးဟာပါးစပ်လေးဖောင်းပြီး ပါးစပ်ထဲကို နို့ရည်လေးရောက်လာတာ သတိထားမိမယ်။ကလေးတစ်ယောက်ဟာ သူသန်ရာဘက်တစ်ဖက်ကို ၁၀မိနစ်လောက် ဆိုပြီးရင် လုံလောက်ပြီလို့ ယူဆပါတယ်။နှစ်နာရီခြာတစ်ခါလောက် ၁၀မိနစ်စီ မိခင်နို့ကို တိုက်ရပါမယ်။ပုံမှန်တိုက်ပေးရင် ကလေးအတွက် လုံးဝစိုးရိမ်စရာမရှိဘဲ လုံလောက်တဲ့နို့ရည်ကိုရပါလိမ်မယ်။

#အချိန်မှန်မှန်

နောက်တစ်ချက်က နို့မှန်မှန်တိုက်ပေးမှသာ ကလေးအတွက် အာဟာရ ရရုံသာမက ကလေးတွေမှာ အဖြစ်များတဲ့မွေးကာစအသားဝါခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်ပါလိမ်မယ်။ဒီလို အမေ့နို့ကိုတိုက်ရာမှာ ခြို့ရွင်းချက်လေးတွေရှိပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် အိပ်ရာထဲကမထနိုင်တဲ့အနေအထားမျိုး ၊ ကလေးနဲ့မသင့်တော်တဲ့ ဆေးဝါးတွေတိုက်တဲ့အနေအထားမျိုး ၊ ဒါမှမဟုတ် နို့ပါးစပ်ဖြစ်နိုင်တဲ့ ကိုယ်ဝန်ဆောင်ကာလမှာ နို့ပါးစပ်ကိုကြိုးစားပြီး ပြင်ပါသော်လည်း နိုကလုံးဝမထွက်နိုင်တဲ့ဟာမျိုး၊အမေနိုကိုတိုက်လို့ အဆင်မပြေတဲ့အခါမျိုးမှာ ကလေးများအတွက်သူအရွယ်နဲ့ သင့်တော်တဲ့နို့မှုန့်ကို ဆရာဝန်တွေမဲ့တိုင်ပင်ပြီး တိုက်လိုရပါတယ်။ တစ်ခါတစ်လေ နို့မှာအနာဖြစ်ရင် နို့သီးခေါင်းကွဲရင် နို့ဆက်မတိုက်နိုင်တဲ့ အခက်အခဲလေးတွေရှိတယိ။ နို့သီးခေါင်းကွဲတယ်ဆိုတာ နို့အုံအမည်းကွင်းတစ်ခုလုံးကို ကလေးပါးစပ်နဲ့မငုံမိဘဲ နို့သီးခေါင်းလေးငုံထားတာကို ရပြီဆိုပြီး ဆက်တိုက်ရင် နို့သီးခေါင်းလေးကိုဘဲ ကလေးက စို့ရင် နို့က ကွဲသွားနိုင်ပါတယ်။မိခင်နို့တိုက်တာက မအောင်မြင်ဘူးပေါ့။

# မိခင်၏အာဟာရ

ခုနကပြောခဲ့တဲ့အချက်တွေအနက် အရေးကြီးတဲ့အချက်က မိခင်နို့တိုက်ရာမှာ အသက်လေးလအထိ မိခင်နို့တစ်မျိုးထဲကိုဘဲ တိုက်ရင်လုံလောက်ပါတယ်။အဲ့ဒီလုံလောက်စေဖို့ အမေဟာ အစာကို အများကြီးရှောင်ဖိုမလိုပါဘူး။အမေဟာလုံလောက်တဲ့ အသားဓာတ်၊ကစီဓာတ်၊ငါးဓာတ်၊ဗီတာမင် တွေလိုအပ်ပါတယ်။

#နို့တိုက်နည်း

မိခင်နို့ကိုအောင်မြင်တိုက်နိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ နို့သီးခေါင်းကို ဘယ်လိုပြင်ဆင်ရမလဲ။ နိုသီးခေါင်းက နို့အုံနဲ့ကပ်လေ့ရှိတယ်။ဒီတော့အပြင်ကို သေချာထွက်လာအောင် နို့အုံကို အပေါ်အောက်ဘေးဘယ်ညာ အသာလေးနှိပ်နယ်ပေးရမယ်။အမည်းကွင်းနဲ့နို့သီးခေါင်းနေရာကနေပြီး နို့သီးခေါင်းထွက်လာအောင်အသာလေး လက်နဲ့အသာလေး ဆွဲတင်ပေးရမည်။သိပ်ဝင်တဲ့သူတွေအတွက် မနက်တစ်ကြိမ်ညတစ်ကြိမ် ရေချိုးတဲ့အခါတိုင်း လေ့ကျင့်ပေးရမယ်။အဲ့ဒါမှကလေးမွေးတဲ့အခါအနေတော်ဖြစ်နေပါမည်။အဲ့ဒီလိုလုပ်ရက်နဲ့နို့သီးခေါင်းက အထဲကိုပါးစပ်ပုံချိုင့်ဝင်နေရင် နို့ပါးစပ်လို့ခေါ်တယ်။တကယ်တန်းက နို့သီခေါင်းကို သေချာသေချာမပြုပြင်ထားလို နို့ပါးစပ်ရောင်ဖြစ်နေတာတွေက များပါတယ်။တကယ့်နို့ပါးစပ်က နည်းပါတယ်။ အခုလိုတွေပြင်ဆင်ထားမယ်ဆို နို့တိုက်လိုရပါပြီ။

#ဖြည့်စွက်စာ
လေးလကနေတစ်နှစ်ကြားမှာ ကလေးတွေကို ဖြည့်စွက်စာကျွေးလိုရပါပြီ။လေးလကျော်မှကျွေးတာဟာ ကလေးကိုအစာခြေဖို့ လုံလောက်တဲ့ အင်ဇိုင်းနဲ့ အစာအိမ်လမ်းကြောင်းက အဆင်သင့်ဖြစ်တာကြောင့် ဖြည့်စွက်စာတွေကျွေးလိုရပါတယ်။မြန်မာရိုးရာ ထုံးတမ်းအစဉ်အလာအရ ထမင်းချက်ပြီး ပိတ်စိမ်းပါးပါးလေးနဲ့ တိုက်လို့လည်းရပါတယ်။ထမင်းကိုပျော့အောင် ချက်ပြီးမှ ဇွန်းလေးနဲ့ခြေရင်လည်း ရပါတယ် ။ကလေးကို ဇွန်းလေးနဲ့ ခွံပြီးကျွေးနိုင်ပါတယ်။ကလေးတွေက ပျော့ပျော့ပြောင်းပြောင်းဆို မျိုချတယိ။ကလေးကို ဝတဲ့အထိကျွေးပါ။ဒီနေရာမှာ အရေးကြီးတာက ကလေးကသူဝပြီဆို လျှာလေးနဲ့တွန်းထုတ်တယ်။အဲ့တာကို ဂရုမပြုဘဲဆက်ကျွေးနေမယ်ဆို ကလေးကိုနောက်တစ်ခါအစာကျွေးရ ခက်သွားမယ်။
ဖြည့်စွက်စာကျွေးတဲ့နေရာမှာ ကစီဓာတ်အုပ်စုဘက်က ထမင်း၊ခေါက်ဆွဲ၊အာလူး ကလေးနှစ်သက်တာကို ကျွေးလိုရပါတယ်။ဟင်းသီးဟင်းရွက်၊ပဲ အမျိုးမျိုးအနေနဲ့က အစာကြေလွယ်တဲ့ ပဲနီလေး၊ဂေါ်ဖီထုတ်၊ဟင်းနုနွယ်ရွက်၊မုန်လာဥဝါ၊ကန်စွန်းရွက်၊လတ်ဆတ်တဲ့ အစိမ်းရောင်အရွက်အားလုံးကို နည်းနည်းပါးပါး ထည့်ကျွေးလိုရပါတယ်။အသားဘက်ဆိုရင်လဲ ကြက်သားနဲ့ငါးကို နည်းနည်းစီတိုးပေးလိုရပါတယ်။
ရယ်ဒီမိတ်အစာတွေနဲ့အနေက ကလေးများအတွက် အသက်အရွယ်အလိုက်စပ်ထားတဲ့အရာတွေမို့ ကောင်းတယ်လို့ပြောပေမဲ့ ကုန်ကျစရိတ်ကိုထည့်သွင်းစဉ်းစားရမှာပါ။ရယိဒီမိတ်အစာတွေအားလုံးကို ကောင်းတယ်ဆို့ယူဆလိုမရပါဘူး။အထူးသဖြင့် ကိုယ်ကျွေးမယ် ဖော်မြူလာကို သက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို တိုင်ပင်ဖိုလိုပါတယ်။အာဟာရတန်ဖိုးကြီးမားပြီး အလွယ်တကူရနိုင်တာကတော့ ကြက်ဥဘဲဖြစ်ပါတယ်။ဒါကြောင့်လေးလသားအရွယ်ထဲက ကြက်ဥကို မကျက်တကျက်ပြုတ်ပြီး တစ်နေ့တစ်လုံးခွာကျွေးရင် ကလေးအတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ရသွားနိုင်ပါတယ်။ကလေးဟာအသက်အရွယ်ကြီးလာတာနဲ့အမျှ ပေါင်ချိန်တိုးလာတာကြောင့် တစ်နေ့ဘယ်လောက်ကျွေးရမယ်ဆိုတာ ဆရာဝန်ကို မေးရပါမယ်။နောက်တစ်ခုက ဖြည့်စွက်စာထဲမှာ ဦးနှောက်ဖွံဖြိုးမှုအတွက် အဆီဓာတ်ပါဖို့တော်ရင်းဓာတ်ပါဖို့ အရေးကြီးပါတယ်။ ခုနောက်ပိုင်းလာတဲ့ နိုမှုန်ထဲမှာ တော်ရင်းဓာတ်ပါဝင်ပါတယ်။ဦးနှောက်ဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ လင်းနို့လစ်အက်ဆစ်စတာတွေကို ထည့်သွင်းလာပါတယ်။ဒါကလည်း ဦးနှောက်ဖွံဖြိုးဖို့အတွက် အရေးကြီးတဲ့အပိုင်းမှာ ပါဝင်ပါတယ်။

#ပေါင်ချိန်မှတ်တဲ့ကတ်ပြား
ကလေးငါးနှစ်အထိ ကလေးပေါင်ချိနိကို မှတ်သားထားတဲ့ ကတ်ပြားလေးတွေရှိပါတယ်။အစိမ်း၊အဝါ၊အနီ အရောင်သုံးမျိုးခွဲထားပါတယ်။ သတ်မှတ်ထားတဲ့အစိမ်းရောင်ထဲမှာ တလိုင်းတည်း တစ်ပြေးညီ တိုးတက်နေမယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။အစိမ်းရောင်ထဲမှာရှိနေတဲ့ ကလေးတစ်ယောက်ဟာ အဝေါင်ရောင်ထဲကို ထိုးဆင်းလာတယ်။ ဒါမှမဟုတ် ပေါင်ချိန်လမ်းကြောင်းဟာ သုံးလလောက်မှာတည့်တည့်ဖြစ်သွားမယ်ဆိုရင်ကလေးမှာ ရောဂါတစ်ခုမှရှိမနေသည့်အတိုင် အာဟာရပိုင်းမှာဘဲ မပြည့်စုံတာလား ၊ အာဟာရကိုကလေးနဲ့အပြိုင်စုပ်ယူနေတဲ့ သန်ကောင်တွေများရှိနေလား ဒါမှမဟုတ် တခြားရောဂါတွေများရှိနေမလားဆိုတာ စစ်ဆေးထားရပါမယ်။

#နေမကောင်းခြင်းနှင့်အာဟာရ

တစ်ခါတစ်လေ သွားပေါက်ခါနီးအချိန်မှာ ကလေးတွေဟာ သွားဖုံးနာတာ၊ ရောင်တာ၊ သွားရည်ကျတာမျိုးလေးတွေဖြစ်တက်ပါတယ်။ဒီအချိန်မှာကလေးကို ပါရာစီတမောအရည်လေး နည်းနည်းတိုက်ထားပြီး မာတဲ့အစာလုံးဝမကျွေးဘဲ စားရပါမယ်။တစ်ရက်၊နှစ်ရက်လောက် ပုံမှန်စားနေတာထက် လျော့သွားတက်ပါမယ်။နောက်တော့ပုံမှန်အတိုင်း ပြန်စားပါမယ်။
နောက်တစ်ခုက အထိုင်အထ အရွယ်ပြောင်းကလေးတွေမှာ မှောက်လို့ ဝမ်းသွားတယ်လိုပြောကြပါတယ်။မဟုတ်ပါဘူး။မှောက်ရင်ဝမ်းသွားတာက မှောက်ရင်းနဲ့ တွေရာကြုံရာတွေ ပါးစပ်ထဲကောက်ထည့်မိလိုပါ။ဒီအချိန်မှာ သွားပေါက်တဲ့အချိန်တုန်းကလို အစာမစားပါဘူး။ အသင့်တော်ဆုံးကတော့ ဓာတ်ဆားရည်ပါပဲ။ မွေးကင်းစကာလအတွင်း အဖျားဝင်တာ၊ငယ်ထိပ်တအားဖောင်းတာ၊ဝမ်းသွားတာတွေဟာ စိုးရိမ်ရတဲ့ရောဂါတွေပါ။နောက်ပိုင်းမှာ လူအများ နှာစေး၊ချောင်းဆိုးတက်တဲ့နေရာတွေ ဖုန်ထူတဲ့နေရာတွေ ခဏခဏ ခေါ်သွားခဲရင် အဆုတ်အအေးမိတာ အသက်ရှူလမ်းကြောင်းရောဂါတွေ ကူးလာနိုင်ပါတယ်။ နှစ်နှစ်အောက်ကလေးတွေမှာ ကလေးတီဘီရောဂါ ဖြစ်လေ့ရှိပါတယ်။ ကလေးကို အာဟာရပြည့်ပြည့်ဝဝ ဂရုစိုက်ပြီးကျွေးမယ်ဆိုရင် ကလေးဟာ ကိုယ်ခံအားကောင်းတဲ့အတွက် ရောဂါကိုခံနိုင်ရည် ရှိပါတယ်။ တချိုကျတော့ ဆေးတိုက်မှပြောက်ပါတယ်။ ဒီလိုရောဂါမျိုးတွေ ဆိုးဆိုးဝါးဝါးမဖြစ်ရအောင် ကာကွယ်ဆေးထိုးလိုရပါတယ်။ အဆုတ်ရောဂါကာကွယ်ဆေး၊အသက်ရှူလမ်းကြောင်းပိတ်ပြီး အသက်အန္တရာယ်ရှိတဲ့ ဆုံဆိုနာရောဂါ ကာကွယ်ဆေး၊မေးခိုင်ရောဂါကာကွယ်ဆေး၊ကြက်ညှာချောင်းဆိုးကာကွယ်ဆေး တို့ဘဲဖြစ်ပါတယ်။သုံးလလောက်အထိ ကြက်ညှာချောင်းဆိုးတဲ့ကလေးဟာ အစာမစားနိုင်ပါဘူး။ဆက်တိုက်ချောင်းဆိုးပြီး နောက်ဆက်တွဲ ပြသနာတွေရှိတဲ့အတွက် ကာကွယ်ဆေးထိုးထားရပါမယ်။အသက်အန္တရာယ်ရှိတဲ့အတွက် ကာကွယ်ဆေးကို တစ်လခွဲအရွယ်၊နှစ်လခွဲအရွယ်၊သုံးလခွဲအရွယ်တွေမှာ ထိုးထားရမည်။ဝက်သတ်ကာကွယ်ဆေးကို ကိုးလအရွယ်မှာထိုးရမည်။ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးလိုပြောတဲ့ Hib ကာကွယ်ဆေးဆိုရင်လည်း အဆုတ်အအေးမိတာ ၊ လေပြွန်ရောင်တာ၊ဦးနှောက်အမြှေးရောင် ရောဂါသုံးမျိုးလောက်ကိုကာကွယ်ထားနိုင်တယ်။
ကောင်းတာတော့ ကလေးတွေမှာ ပုံမှန်တစ်ရက်လောက်ဖျားတာမဟုတ်ဘဲ အဖျားရက်ရှည်တာ၊မှိန်းလွန်းတာ၊ပျော့ခွေနေတာ၊အဖျားကြီးလွန်းတာ၊အစာမစားတာ၊အရည်လုံးဝမဝင်တာ၊ဆက်တိုက်အန်တာ၊နောက်ပြီး တက်ချင်သလိုဖြစ်တာ၊ငယဂနာမငြိမ်ဖြသ်လွန်းတာ ဖြစ်ခဲ့ရင်တော့ ရောဂါကြီးကြီးမားမားဖြစ်နေပြီဆိုပြီး ကျွမ်းကျင်သူတွေနဲ့ပြသမယ်ဆို အန္တရာယ်တွေ ကင်းဝေးမှာ ဖြစ်ပါတယ်။

ပါမောက္ခ ဒေါက်တာကေသီထွန်းရဲ့ “အနာဂတ်ကြယ်ပွင့်များ၏ မိုးကောင်းကင် ကလေးသူငယ်တို့၏ ကျန်းမာရေး” (ဒုတိယအကြိမ် ပုံနှိပ်ခြင်း) စာအုပ်မှ ဆရာမ၏ခွင့်ပြုချက်ဖြင့် Lebay Baby Diapers မှ ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။