ဆယ်ကျော်သက်သားငယ်သမီးငယ်လေးတွေအတွက်
|– ကျောင်းစာမှာ အဆင့်တွေ အမှတ်တွေ ကျလာမယ်။
– မျက်လုံးမျက်သားတွေ နီနေမယ်။
– အစားကို မရပ်မနားတချိန်လုံးဆာနေတတ်တ
– အရင် စိတ်ပါဝင်စားတဲ့ ဝါသနာ၊ လှုပ်ရှားမှုတွေမှာ စိတ်ဝင်စားမှုမပြတော့ဘူး
– တကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်တော့ဘူး။
– မိဘနဲ့ စကားပြောတဲ့အခါ မျက်လုံးချင်းတည့်တည့်ဆုံပြ
– ကိုယ်နံ့၊ အဝတ်အစားတွေမှာ မီးခိုးနံ့ စွဲနေမယ်။
– နုံးခွေလာမယ်။
– အခန်းတံခါးပိတ်ပြီး တစ်ယောက်တည်း လျို့လျို့ဝှက်ဝှက်နေတတ်လာမ
– နှာခေါင်းသွေးခဏခဏလျှံတတ်တယ
– ဆိုးတဲ့အခါမှာ အတက်ရောဂါမရှိဘဲ ရုတ်တရက် တက်တတ်တာ။
– ပုံမှန်မဟုတ်တဲ့ စိတ်အပြောင်းအလဲတွေ ဖြစ်လာတာ။ ဥပမာ – ဒေါသကြီးတာ၊ အကြောင်းမရှိ ရယ်နေတတ်မယ်။ အူမြူးနေမယ်။
– ကိုယ်အလေးချိန် ရုတ်တရက် အတက်အကျဖြစ်တာ။
– ခေါင်းအမြဲကိုက်တတ်တာ။ စိတ်ဓါတ်ကျတာ။မူးယစ်ဆေးနဲ့ ပတ်သတ်တာကတော့ အနောက်နိုင်ငံတွေမှာ ပိုဖြစ်တတ်ပေမယ့် သတိဆိုတာ ပိုတယ်မရှိပါဘူး။ မူးယစ်ဆေးဆိုတာမှာ ဆေးခြောက်မှ၊ ကိုကိန်းမှ၊ ဘိန်းဖြူမှ၊ ဆေးပြားတွေမှမဟုတ်။ အလွယ်တကူ ဝယ်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးကိုလည်
အင်တာနက်ဟာ ကိုယ်ဘာလုပ်လုပ် မှတ်ထားတဲ့နေရာပါ။ အကောင်းဆုံး memory ရှိတဲ့နေရာတစ်ခုပေါ့။ ဒါကြောင့် အဲဒီ memory ကို သန့်ရှင်းအောင်ထားပါ။ အင်တာနက်ပေါ်မှာ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုဟာ ဘယ်တော့မှ ပျောက်မသွားပါဘူး။ နည်းမျိုးစုံနဲ့ ခြေရာခံလိုက်လို့ရတယ်ဆိုတာ သတိကြပ်ကြပ်အမြဲထားပါ။ ကိုယ်ရေးလိုက်တဲ့ စကားတစ်လုံး၊ ကိုယ်တင်လိုက်တဲ့ ဓါတ်ပုံတစ်ပုံဟာ enter လေးတစ်ချက်ခေါက်လိုက်တာနဲ့၊
အင်တာနက်ပေါ်မှာ တွေ့ဆုံခင်မင်တဲ့သူငယ်ချင်း
Spam email တွေ။ လိမ်လည်နည်းမျိုးစုံ၊ ကြေငြာမျိုးစုံပါတဲ့ email တွေ အများကြီး လာပါလိမ့်မယ်။ တစ်ခုမှ ဖွင့်တောင်မကြည့်သင့်ကြောင်
ဝတ်လစ်စလစ်ပုံတွေနဲ့ အပြာအင်တာနက်စာမျက်နှာတွေ
အင်တာနက်သုံးသူတိုင်း မလွဲမသွေတွေ့ရတတ်တာတွေပါ။ အဲဒါတွေနဲ့ ကြုံတဲ့အခါ ဘာလုပ်သင့်သလဲဆိုတာ ပြောပြထားပါ။ အဲဒါတွေနဲ့ ပတ်သက်တဲ့ email တွေလာတဲ့အခါ ဖွင့်မကြည့်ပါနဲ့။ အပြာအင်တာနက်စာမျက်နှာက ရုပ်ရှင်တွေ ရေးသားချက်တွေဟာ တကယ်မဟုတ်ဘူးဆိုတာ ပြောပြပါ။ သူတို့အားလုံးဟာ သရုပ်ဆောင်နေကြတာပါ။ တကယ့်အပြင်လောကမှာ ဒါမျိုးဖြစ်ဖို့ ခဲယဉ်းပါတယ်။ လိင်နဲ့ ပတ်သက်ပြီး သိချင်တာရှိရင် မှန်မှန်ကန်ကန်သင်ပေးတဲ့ နေရာမျိုးကို သွားရှာပြီး ဖတ်နိုင်ပါတယ်။ ဥပမာ – WebMD’s Teen Health Channel (http://teens.webmd.com/), http://sexetc.org/
Internet ပေါ်မှာ ခြိမ်းခြောက်ခံရသည်ဖြစ်စေ၊ အနိုင်ကျင့် ခံရသည်ဖြစ်စေ မိဘကို ပြန်ပြောပြဖို့ အမြဲပြောပါ။ ကိုယ်က သူ့ဘက်မှာ အမြဲရှိတယ်ဆိုတာ မကြာခဏပြောပြပါ။ ဘယ်နေရာကို တိုင်ရမလဲဆိုတာကိုလည်း ကိုယ်နေတဲ့နေရာဒေသအလိုက် စုံစမ်းထားပါ။ ဘယ်ကိုသွားသွား check in လုပ်တာကိုလည်း တတ်နိုင်သမျှရှောင်ပါ။ ကိုယ့်မိသားစု ခရီးရက်ရှည်ထွက်မယ်ဆိုတာမျိ
ကွန်ပျူတာကို လူမြင်တဲ့နေရာမှာ အတတ်နိုင်ဆုံးထားပါ။ ကလေးတွေ smart phone နဲ့ အခြား electronic device တွေ သုံးစွဲတာကို မျက်ခြေမပြတ်ပါစေနဲ့။ သတိရဖို့က သူတို့ဟာ အသက်မပြည့်သေးတဲ့ minor ပဲ ရှိသေးတယ်ဆိုတာပါ။ အသက်မပြည့်သေးတဲ့ ကလေးတွေရဲ့ လုံခြုံရေးဟာ မိဘမှာ အလုံးစုံရှိပါတယ်။ ဝင်စွက်ဖက်ပါ။ ကလေးတွေအတွက် အထူးကန့်သတ်လို့ရတဲ့ software တွေ၊ filter လုပ်တဲ့ features တွေ ရှိပါတယ်။ နားလည်တဲ့သူတွေကို မေးပြီး ကိုယ်မသွားစေချင် မကြည့်စေချင်တဲ့ နေရာတွေကို ဘလော့ခ်လုပ်ထားလို့ ရပါတယ်။ အင်တာနက်ဟာ သုံးတတ်ရင် အင်မတန် အကျိုးများသလို မသုံးတတ်ရင်လည်း အသက်အန္တရာယ်ရှိတဲ့အထိ ကြောက်စရာကောင်းပါတယ်။
မေတ္တာဖြင့်
Wellness Mommy
Ref: http://teens.webmd.com/