⛔️ဗိုက်ထဲက ရင်သွေးနှင့် ဆေးလိပ်မီးခိုး⛔️
|

==========================
မြန်မာအမျိုးသမီးအများစုက ဆေးလိပ်မသောက်တတ်တာ ချစ်စရာဓလေ့ပါ။သို့သော်……ကိုယ်ဝန်ဆောင
ဆေးလိပ်ငွေ့ဟာ အဆောက်အဦးရဲ့နံရံများ၊ ကော်ဇောများ၊ ဖျာများ၊ ပရိဘောဂ ပစ္စည်းများနဲ့ ဆေးလိပ်သောက်သူရဲ့ အင်္ကျီအဝတ်အစားများမှာ စွဲနေနိုင်ပြီး လေထုထဲ တစိမ့်စိမ့် ထွက်လာတဲ့ အခါ ကိုယ်ဝန်ဆောင်ရှူမယ့် လေထဲ ရောက်ရှိသွားပါတယ်။
ဆေးလိပ်တစ်လိပ်မှာ ဓာတုဗေဒ အဆိပ် အမျိုးပေါင်း ၄၀၀၀ ကျော်ပါတယ်ဆိုရင် ကလေးဆီရောက်မယ့် အဆိပ်ပမာဏကို သင် ခန့်မှန်းနိုင်မှာပါ။
ဆေးလိပ်သောက်သူရဲ့ ပတ်ဝန်းကျင်မှ ကိုယ်ဝန်ဆောင်ဟာ အောက်ပါ ပြဿနာများနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
🔺၁/ သားပျက်ခြင်း
🔺၂/ ကိုယ်ဝန်လမစေ့ပဲ မွေးခြင်း
🔺၃/ ကလေး ပေါင်ချိန်မပြည့်ခြင်း
🔺၄/ ကလေးအသေလေးမွေးလာခြင်း
🔺၅/ မီးတွင်းထဲတွင် အခက်အခဲရှိခြင်း
🔺၆/ မွေးလာသောကလေး ဉာဏ်ရည်တိမ်ခြင်း၊ အပြုအမူ မမှန်ခြင်း
🔺၇/ မွေးပြီး ၁ နှစ်အတွင်း ကလေးက ရောဂါ လက္ခဏာမရှိဘဲ ရုတ်တရက်သေဆုံးခြင်း
သင့်ဆေးလိပ်ငွေ့ကြောင့် သင့်အနီးအနားမှ ဗိုက်ကြီးသည်နဲ့ ရင်သွေးငယ် ဒုက္ခမရောက်လေအောင် သတိပေးဖို့ ရည်ရွယ်ရေးပါသည်။ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲစွာ ကြိုးစားနေသူများအားလုံး ဤ post ဖတ်ခြင်းဖြင့် ဆေးလိပ်ဖြတ်ဖို့ ခွန်အားသစ် မွေးဖွားနိုင်ကြပါစေ။
Reference: American Pregnancy Organization & Victoria Australia Better Health Channel
Photos Credit to Google
#naynaymoeswe
#နေနေမိုးဆွေ ( Child Health Myanmar)