Newborn လေးတွေ ညဘက်အိပ်အောင်
|ရောက်လာတာဆိုတော့ နေ့ရယ် ညရယ် ဆိုပြီး သူတို့လေးတွေ မသိသေးပါဘူး။ နေ့ည မကွဲသေးဘူးပေါ့။ ဒါကြောင့် သင်ပေးရပါတယ်။ ကျင့်ပေးရပါတယ်။ ကလေးလေးတွေ ၂ လကစလို့ ညဘက် ပိုအိပ်အောင် တဖြည်းဖြည်း စကျင့်ပေးလို့ရပါပြီ။ ကျမ လုပ်ဖြစ်တာလေး ပြောပြမယ်နော်။

✅ပြတင်းပေါက် တံခါး၊ လိုက်ကာ စတာတွေကို ဖွင့်ထားပြီး အလင်းရောင် ဝင်နေစေရပါမယ်။ နေ့ဘက်ဆိုတာ သိစေပါ။
✅ ကလေးကို နေ့လည်ဘက် နိုးနေချိန်မှာ ကစားပေးပါ။ စကားပြောပေးပါ။ မျက်လုံးချင်း ဆုံပြီး တုံ့ပြန်ဆက်ဆံမှု များများလုပ်ပေးပါ။ နိုးနေချိန်မှာ ရွှင်လန်းတက်ကြွစွာ သူ့ကို ဆက်ဆံပါ။
✅နေ့လည်ဘက်မှာ နို့ကို အချိန် တတ်နို်င်သမျှ စိပ်စိပ် တိုက်ပေးပါ။( နို့ဘူးတိုက်ရင်လည်း နှစ်နာရီခြား သေချာ တိုက်ပေးပါ)
✅ ညဘက်အိပ်ရမယ့် အိပ်ချိန် နီးရင် … ဥပမာ bedtime ကည၇နာရီဆိုရင် ၆ နာရီလောက်မှာ ရေနွေးလေးနဲ့ ရေချိုး ပေးပါ။( ရေပတ်သုတ်ပေးပါ) လုံခြုံနွေးထွေးတဲ့ အခန်းမှာ ခဏသာ ချိုးပေးတာ/ ရေပတ် သုတ်ပေးတာ ဖြစ်ပါတယ်။
✅ညဝတ်အင်္ကျီ ဝတ်စေပြီး အိပ်ချိန်ဆိုတာ သိသာပါစေ။
✅ နို့တိုက်ပြီး ဝပြီ ဆိုရင် ကလေး ပြုစုသူ( သို့)မိခင် နဲ့ အတူ တိတ်ဆိတ်ချိန်ယူပြီး နေပေးပါ။ ကလေးကို ပွေ့ထားတာ၊ rocking chair မှာ လှုပ်ပြီးထိုင်တာ၊ လိုအပ်ရင် ပခုံးပေါ်ချီထားပြီး ယိမ်းပေးတာတွေကို ကလေးတွေဟာ နှစ်သက်တတ်ပါတယ်။ ကလေးငယ်တွေဟာ ညင်သာစွာ ရွေ့လျားလှုပ်နေရင် အိပ်ဖို့မြန်ပါတယ်။
#နီတိုးလေးမေမေ
✅နို့စို့နေရင်း မအိပ်စေပါဘူး။ နို့ဝပြီထင်တာနဲ့ နို့သီးခေါင်းကို သူတို့ ပါးစပ်ထောင့်နားကနေ လက်သန်းနဲ့ ထိုးပြီး ထုတ်လိုက်လို့ရပါတယ်။ နို့ဟာ အိပ်ဖို့အတွက် အကူ ပစ္စည်း အဖြစ် မဖြစ်စေအောင် ငယ်ကတည်းက လေ့ကျင့်ထားမှ နို့ငုံပြီးမှ အိပ်တာ၊ နို့စို့မှ အိပ်တာ စတဲ့ နောက်ပိုင်း sleeping problem တွေ မဖြစ်မှာပါ။
✅bed time routine အတွက် စာအုပ်ဖတ်ပြတာ၊ lullaby သီချင်းဖွင့်ထားတာ၊ ညအိပ်မီး အမှိန်သုံးတာတွေ လုပ်နိုင်တယ်။ ဒီလို လုပ်လိုက်တာနဲ့ ကလေးဟာ အိပ်ရတော့မယ်။ အိပ်ချိန်ရောက်ပြီဆိုတာကို သင်ယူပါတယ်။ ကလေးပြုစုသူ/
✅
✅ အိပ်ချိန်ကို တဖြေးဖြေး ရွှေ့မှာ ဖြစ်တဲ့ အတွက် ဒီလိုတွေ လုပ်ပြီးရင် ကလေးက မအိပ်ချင်ဘဲ လန်းဆန်းနေရင်လည်း ကလေးနဲ့ စကားမပြောရပါဘူး။ ကလေးကို မမြှုရပါဘူး။မျက်လုံးချင်းဆု
✅
✅ဒီလိုပြုလုပ်လို့ တစ်ည နာရီဝက်ပဲ ဖြစ်ဖြစ် စောပြီး ကလေးက အိပ်လာရာကနေ ကိုယ်လိုချင်တဲ့ bed time ကို ရောက်လာပါမယ်။
✅
✅
✅ အချက်အားလုံးကို စိတ်ရှည်ရှည်နဲ့ တသမတ်တည်း လုပ်ရပါမယ်။
ဒါဆိုရင် လသားလေးတွေ နေ့နဲ့ ည မှားတာကို စောစောစီးစီး တည့်မတ်နိုင်မယ်။ နေ့လည်ဘက် သူတို့လေးတွေ အိပ်ချိန် မှန်အောင်လည်း ဂရုစိုက်သင့်တယ်။ နေ့လည်အိပ်မှ ညအိပ်တာပါ။ အရမ်း အိပ်ချင်တာ လွန်သွားရင်လည်း ကလေးတွေက အိပ်ဖို့ ခက်ပါတယ်။ ပင်ပန်းနေတဲ့ ကလေးဟာ အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒါကြောင့် အရမ်း အိပ်မငိုက်ခင် ကြိုသိပ်ရပါမယ်။
( ဆက်ရေးဦးမယ်နော်)
မေတ္တာဖြင့်
ယုငယ်
၁၅/၉/၂၀၁၇