ကလေးအညစ်အကြေးစွန့်ပြီးတိုင်း Wet tissue ဘယ်လိုသုံးမလဲ

မေမေတို့ရေ ကလေးအညစ်အကြေးစွန့်ပြီးတဲ့အခါတိုင်း သန့်ရှင်းရေးဘယ်လိုလုပ်ပေးလေ့ရှိကြသလဲ။ Wet tissue ကောသုံးပေးတတ်ကြလား။သုံးပေးတဲ့အခါမှာကော ဘယ်လိုမျိုး သုတ်ပေးလေ့ရှိကြသလဲ

Wet tissue သုတ်တဲ့အခါမှာလည်း စနစ်တကျသုတ်ပေးဖို့လိုတယ်နော်

မိန်းကလေးကို သန့်ရှင်းရင်လုပ်ပေးတဲ့အခါမှာ Wet tisse နဲ့ အရှေ့ကအနောက်ကိုသုတ်ပေးရပါမယ်။ အနောက်က အရှေ့ကို မသုတ်ရပါဘူုး။အညစ်အကြေးတွေ မိန်းကလေးအဂါင်္ထဲကို ရောက်သွားပြီးဆီးလမ်းကြောင်းပိုးဝင်တတ်ပါတယ်။

ယောက်ျားလေးတွေအတွက်ဆိုရင် Diaper လဲပေးတဲ့အခါမှာ သန့်ရှင်းအောင် ဂရုစိုက်ရပါမယ် အထူးသဖြင့် ကလေးရဲ့ငယ်ပါကိုပေါ့။ဘာလို့လဲဆိုတော့ ငယ်ပါက diaper နဲ့အများဆုံးထိနေတဲ့ နေရာဖြစ်ပြီး သန့်ရှင်းပြီး လေ၀င်လေအထွက်
ကောင်းဖို့လိုတယ်လေ။ဒါမှသာ ဆီးအလွယ်တကူ သွားနိုင်ပြီး ဆီးလမ်းကြောင်းပိုးမ၀င်မှာပေါ့။

ဒီလိုမျိုး နည်းနည်းမှန်မှန်လေးသုတ်ပေးမယ်ဆိုရင် မလိုလားအပ်တဲ့ရောဂါတွေကို ကာကွယ်နိုင်ပြီပေါ့။
သူငယ်ချင်းထဲမှာ ကလေးအမေတွေရှိရင်လည်း သိသွားရအောင် Mention လေးခေါ်ပေးလိုက်ကြပါအုံးနော်