ပန်ကိတ် (၅ ခု)


ဒီတခါပန်ကိတ်ကို Imperial Pancake Mix ကိုသုံးပြီးလုပ်ထားတယ်။
အရမ်းလွယ်ကူပြီး အရမ်းအဆင်ပြေတယ်။
ဘာအရသာမှ ထည့်ဖို့မလိုဘူး။ အချို ကြိုက်ရင်တော့ သကြားနည်းနည်းထပ်ထည့်ပါ။

ကျွန်မကတော့ တစ်ထုပ်ကို ၂ခါခွဲလုပ်တယ်။
သူ့မှာလည်း ကြက်ဥ နွားနို့ ဘယ်လောက်ထည့်ရမယ်ဆိုတဲ့ အချိုးဗူးပေါ်မှာ ရေးထားတယ်။

ကျွန်မ အချိုး အစားလေးကို ပြောပြမယ်နော်။

Pancake Mix ဆန်ချိန်ခွက် ၂ ခွက်
နွားနို့ ၁၄၀ ml
ကြက်ဥ ၁ လုံး
ထောပတ် လက်ဖက်ရည်ဇွန်း ၅ ဇွန်း

ပထမဆုံး ကြက်ဥကို နာနာလေးခလောက်ပေးလိုက်တယ်။
နွားနို့ထည့်ပြီး သမအောင်ရောမွှေပေးတယ်။
နောက်ဆုံးမှာတော့ pancake mix ကိုထည့်မွှေပေးတယ်။
နည်းနည်းချင်းဆီ ထည့်မွှေတယ်။
မုန့်သားအားလုံးချောနေရပါမယ်။
မိနစ်၃၀ခန့် ခဏထားထားတယ်။

မကပ်တဲ့ဒယ်ကို အပူပေးပါ။
ဒယ်ပူလာတာနဲ့ မီးကို လျော့ပါ။
ထောပတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဒယ်အနှံ့ ဖြန့်ပေးပါ။
ဟင်းချက်တဲ့ ဇွန်းအကြီးကြီးနဲ့ မုန့်ရည်ကိုယူကာ လောင်းထည့်ပါ။
အပေါ်ဘက် မျက်နှာပြင်မှာ အမြှုပ်ကလေးတွေထလာရင် နောက်တစ်ဖက်ကို လှန်ပေးပါ။
ခဏနေရင်တော့ ဒယ်ထဲကနေဖယ်ထုတ်လိုက်ပါ။
နောက်တစ်ခုလုပ်ဖို့ ထောပတ်ထပ်သုတ်ပါ။
ခုနပြောခဲ့သလိုပဲ လုပ်ပါ။
မုန့် ၅ခုရပါတယ်။

သတိထားရမှာက မီးအရှိန် မပြင်းဖို့ပါ။

ကစ်ကစ်မေမေကတော့ အရမ်းကြို က်လို့ လုပ်နေရင်းကို စားနေမိပါတယ်။
လုပ်ရတာလည်း လွယ်ကူလို့လုပ်စားကြည့်ပါနော်။