ပုဇွန်တန်ပူရာကြော်

ဒီတခါတော့ ကလေးတွေ အကြိုက် ပုဇွန်တန်ပူရာကြော်လေးပါ။
လုပ်နည်းလေးက အရမ်းလွယ်ကူပါတယ်။

ပုဇွန် ၁၂ကောင် (အရွယ်က အလတ်စားလေးကို သုံးထားပါတယ်။)
ဆား အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ်
ကြက်ဥ ၁လုံး
တန်ပူရာမှုန့် စားပွဲဇွန်း ၃ဇွန်းခွဲ
ပေါင်မုန့်ခြောက် စားပွဲဇွန်း ၃ ဇွန်း
ဆီ ၁၅ ကျပ်သားခန့်
ပုဇွန်တွေကို သေချာရေဆေးကာ အမြီး ခေါင်းဖြုတ်ကာ အခွံတွေခွှာထားပါ။
ကျောခွဲထားပါ။ ရေခြောက်နေအောင် စစ်ထားပါ။ သန့်ရှင်းတဲ့ အဝတ်တစ်ခုနဲ့ ရေခြောက်အောင်သုတ်ပါ။ ဆား ငရုတ်ကောင်းနဲ့ နယ်ထားပါ။

မုန့်နှစ်အတွက် တန်ပူရာမှုန့်ထဲကို ဆားထည့်ကာမွှေပေးပါ။
ကြက်ဥဖောက်ထည့်ကာ သမအောင်မွှေပါ။
အရမ်းပျစ်နေရင် ရေနည်းနည်းထည့်ပါ။

ပန်းကန်တစ်ခုထံမှာ ပေါင်မုန့်ခြောက်တွေထည့်ထားပါ။
ပုဇွန်တစ်ကောင်ကို မုန့်နှစ်ထဲကို နှစ်ပြီးလျှင် ပေါင်မုန့်ခြောက်ကပ်လိုက်ပါ
ကျန်တဲ့ပုဇွန်တွေကိုလည်း အတူတူပဲလုပ်ထားပါ။

ဆီပူအောင်တည်ပါ။ ဆီပူလာလျှင် ခုနပုဇွန်တွေကိုထည့်ကြော်ပါ။ မီးမပြင်းရပါ။
နှစ်ဖက် အကျက်ညီသွားမှ ဆယ်ကာ ဆီစစ်ထားပါ။

Mayonnaise နဲ့တွဲစားရင်လည်း စားလို့ကောင်းသလို ငရုတ်သီးဆော့ ခရမ်းချဉ်သီးဆော့နဲ့လည်း စားလို့ကောင်းပါတယ်။