ကြက်စအုကြော်
|ကလေးတွေ အရမ်းကြိုက်တဲ့ အကြော်လေး တမျိုးပါ။
ကစ်ကစ်လေးကတော့ ကြက်စအုကြော်နဲ့ ထမင်းတွေ အများ ကြီး စားပါတယ်။
ကြက်သားတောက်တောက် ၂၀၀ ဂရမ်
ကြက်ဥ ၁လုံး
ဆား လက်ဖက်ရည်ဇွန်း တဝက်
တန်ပူရာမှုန့် စားပွဲဇွန်း ၂ ဇွန်းခန့်
ငရုတ်ကောင်း အနည်းငယ်
ကြော်ရန်ဆီအရင်ဆုံး ကြက်ဥကို နာနာလေး ခလောက်ပါ။
ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ပေါင်းကာ သမအောင် နယ်ပါ။

ဆီပူလာရင် နယ်ထားတဲ့ ကြက်သားတွေကို ထမင်းစားဇွန်းနဲ့ ခပ်ထည့်ကာ ကြော်ပေးပါ။
အကျက်ညီစေရန် အတွင်းသားတွေပါကျက်စေရန်အတွ
ကြက်သားလုံးလေးတွေ ရွှေအိုရောင် ပြောင်းလာရင် ဆယ်ကာ ဆီစစ်ထားပါ။
ဒီနေ့ အိမ်မှာ ကြက်စအုကြော် နဲ့ ကန်ဇွန်းရွက် ချဉ်ဟင်းချက်စားတာပါ။