Chocolate Cake Ball


ချောကလက်အလုံး ၁၅ လုံးစာအတွက်ပါ
– ထောပတ်ကိတ် သို့မဟုတ် ကြိုက်နှစ် သက်ရာကိတ်တစ်လုံး (၃၅၀ ဂရမ် ခန့်) ကို အလုံးလုံးလို့ရမယ့် အနေအထားအထိ ခြေပြီး နယ်ထားပါ။ ထောပတ် (၅၀ ဂရမ်)ကို အနည်းငယ် အပူပေးပြီး ထည့်နယ်ပေးပါ။
– ၃၀ ဂရမ်ခန့်ရှိသော သို့မဟုတ် အနေတော်အလုံးလေးတွေလုံးပြီး ရေခဲသေတ္တာထဲ တစ်နာရီခန့် ထည့်ထားပါ။
– ချောကလက်အဖြူ (၂၀ဝ ဂရမ်)ကို ဇလုံတစ်ခုထဲထည့်၊ ရေနွေးခံပြီး ပျော်အောင်လုပ်ထားပါ။
– ချောကလက်အမည်း (၂၀ဝ ဂရမ်)ကိုလည်း အထက်ပါနည်းအတိုင်း ပျော်အောင်လုပ်ထားပါ။
– ချောကလက်အပေါ် ဖြူးမယ့် အရောင်စုံအစေ့လေးတွေကိုတော့ ကြိုက်နှစ်သက်ရာ အသုံးပြုပါ။

ပြုလုပ်နည်းအဆင့်ဆင့်
၁။ အအေးခံထားသော ကိတ်အလုံးလေးတွေကို အရည်ပျော်နေတဲ့ ချောကလက် အရည်ထဲနှစ်ပါ။
၂။ ချောကလက်အရည်ထဲနှစ်၊ အပေါ်ကနေ ရောင်စုံအစေ့လေးတွေ ဖြူးပြီး Baking Paper ပေါ်တင်ကာ ရေခဲ သေတ္တာထဲ တစ်ညထားပြီးမှ သုံးဆောင်ပါ။
၃။ အရသာရှိပြီး လှပတဲ့ ချောကလက် ကိတ်လုံးလေးတွေကို ကလေးတို့ ကြိုက်နှစ် သက်ကြမှာပါ။ ကိတ်အစား စတော်ဘယ်ရီ၊ ပန်းသီး၊ ငှက် ပျောသီး ကြိုက်နှစ်သက်ရာနဲ့လည်း လုပ်လို့ရပါတယ်။ ပျော်ရွှင်စရာနေ့လေးဖြစ် ကြပါစေရှင်။
……………
May’s Healthy Food
for Food Magazine