ကလေးများနဲ့အိပ်ယာထဲ ရှူးရှူးပေါက်ခြင်းပြဿနာ
|ကလေးတွေဟာ အသက် ၂ နှစ်လောက်အထိ အိပ်ယာထဲ ရှူးပေါက်တတ်ကြတဲ့အတွက် သန့်ရှင်းမှုမရှိတဲ့မိသားစုဆိုရင် အိပ်ယာထဲ ကျင်ငယ်နံ့ တထောင်းထောင်း ထနေတတ်ပါတယ်။ အသက် ၂နှစ်အတွင်း ကလေးတွေဟာ ပုံမှန်အတိုင်းဆိုရင် သူတို့ဘာသာ ထိန်းတတ်သွားတဲ့အတွက် အိပ်ယာထဲ ရှူးပေါက်ချတာ မဖြစ်တော့သလောက် ဖြစ်သွားပါတယ်။ ပုံမှန်မဟုတ်ဘဲ အသက် ၅ နှစ်ကျော်တဲ့အထိ အိပ်ယာထဲ ပေါက်ချနေကြတဲ့ ကလေးတွေအတွက် ဖြေရှင်းစရာပြဿနာဖြစ်လာပါတယ်။
အသက် ၅ နှစ်ရောက်တဲ့အခါ ၉၀-၉၅ ရာခိုင်နှုန်းကလေးများဟာ နေ့မှာလုံးဝကောင်းစွာ ဆီးထိန်းထားနိုင်ကြပြီး ၈၀-၈၅ ရာခိုင်နှုန်းကတော့ ညမှာအိပ်ယာထဲ ရှူးမပေါက်ချအောင် ထိန်းထားနိုင်ကြတယ်။ အသက် ၅ နှစ်ကျော်တဲ့အခါ ကလေးဟာ အိပ်ပျော်နေတုန်း သူကိုယ်တိုင် မသိလိုက်ဘဲနဲ့တောင် ရှူးပေါက်ချခြင်းကို (nocturnal enuresis) လို့ ခေါ်ပါတယ်။ အဲဒါကိုလည်း ၂မျိုးခွဲနိုင်သေးတယ်။
ညရှူးပေါက်ချသူ ကလေးတွေရဲ့ ၇၅-၉၀ ရာခိုင်နှုန်းက အမြဲတမ်းလို ညတိုင်းအိပ်ယာထဲ ပေါက်ချကြတာတွေ့ရတဲ့ ပရိုင်မာရီ အမျိုးအစားနဲ့ လအနည်းငယ်လောက် ညညမပေါက်ချဘဲ နောက်ပိုင်းမှ ရှူးပေါက်ချပြန်တဲ့ Secondary အမျိုးအစားတို့ ဖြစ်ကြပါတယ်။ ဒုတိယအမျိုးအစားကတော့ ၁၀-၂၅ ရာခိုင်နှုန်းလောက် တွေ့ရှိရတယ်။
အတွေးရများပုံ
ည ရှူးပေါက်တဲ့ ကလေးတွေမှာ ၆၀ ရာခိုင်နှုန်းဟာ ယောကက်ျားလေးတွေ ဖြစ်ကြတယ်။ အထူးသဖြင့် နေ့မှာ ခုန်ပေါက်ပြေးလွှား၊ ဆော့ကစားကြပြီး ညကျတော့ ပေါက်ချကြပြန်ပါတယ်။ သူတို့မေးရင်ကစားရင် အိပ်မက်ထဲ ပါချမိတာလို့ ဆိုတတ်ကြပါတယ်။ မိဘတွေမှာ ည ရှူးပေါက်ချတဲ့ ရာဇဝင်ရှိဖူးရင် သူတို့ကလေးတွေလည်း မျိုးရိုးလိုက်ပါတယ်။ မိဘတဦးဦးက အလားတူရာဇဝင်ရှိခဲ့ရင် ကလေး၄၄ ရာခိုင်နှုန်းက ည ရှူးပေါက်ချတတ်ကြပြီးမိဘ ၂ ဦးလုံးအလားတူ ရာဇဝင်ရှိရင်တော့ သူတို့ကလေး ၇၇ ရာခိုင်နှုန်းက ဘမျိုးဘိုးတူ ဖြစ်လာကြပါတော့တယ်။ တချို့ကလေးတွေက နေ့ခင်းအိပ်ရင်းရှူးမပါချဘဲ ညဘက်မှသာ အိပ်ယာထဲ ပါချကြတာပါ။ ဒါပေမဲ့ တချို့ကလေး၂၅ ရာခိုင်နှုန်းကတော့ နေ့ရောညပါ အိပ်ယာထဲ ရှူးပေါက်ချကြပါတယ်။ အဲဒါကြောင့်မို့ အဲဒီလိုကလေးမျိုးတွေကို မိသားစုရာဇဝင်၊ ပါချပုံ၊ ပါချနည်း၊ အကြိမ်ရေ အနည်းအများ၊ မိသားစုနဲ့ ချစ်ခင်စည်းလုံးစွာ နေ၊ မနေ စသဖြင့် အသေးစိတ်မေးဖို့လိုပါတယ်။၏
အိပ်ယာထဲရှူးပါချတဲ့ အကြောင်းအရင်းများ
အလွန်အမင်း အိပ်မောကျခြင်း( Deep Sleep)
– အရမ်းအိပ်ပျော်နေတဲ့ အချိန်မှာ အချိန်မရွေး ပေါက်ချတတ်ပါတယ်။ ပြီးတော့အဲဒီလိုအကျင့်ရှိတဲ့  ကလေးဟာ ညမှာ အိပ်ယာကနှိုးပြီး ရှူးထပေါက်ခိုင်းလည်းနှိုးရခ က်ခဲပါတယ်။
– ဆီးထွက်နည်းစေတဲ့ဟော်မုန်း အထွက် ညဘက်မှာနည်းသွားခြင်း အဲဒီဟော်မုန်း(ADH) အထွက်နည်းသွားလို့ ဆီးအထွက်ပိုများလာပြီး ညဘက်မှာ အိပ်ယာထဲ ရှူးပိုပေါက်ချလာပါတယ်။
– မျိုးရိုးဗီဇ အချက်အလက်အဖြစ် မျိုးဗီဇ (၁၂)နဲ့ (၁၃) တွေပေါ်မှာ အဲဒီချို့ယွင်းချက်ပါလာခြင်း၊ အဲဒါကြောင့်မို့ မိဘ ၂ဦးလုံး(သို့) မိဘတစ်ဦးဦးမှာ အိပ်ယာထဲ ရှူးပေါက်တဲ့အလေ့အထပါရှိနေတာ တွေ့ရပါတယ်။
– ဆီးလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်း၊
ကျောက်တည်လို့ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း စတဲ့ အချက်တွေရှိရင်လည်းညဘက် ရှူးပိုပေါက်ချလာနိုင်ပါတယ် ။
စိတ်ပိုင်းဆိုင်ရာ မကျေနပ်ချက်၊ အလိုမပြည့်ချက်များခြင်း၊
နေ့ခင်းက စိတ်ထိခိုက်ရတဲ့ အနေအထား၊ အရိုက်ခံရခြင်း၊ ဆူပူငေါက်ငမ်းခံရခြင်း စတာတွေဖြစ်ခဲ့ရင် ကလေးတွေဟာ တုံ့ပြန်ချက် ဖော်ပြတဲ့အနေနဲ့ (အရွဲ့တိုက်ပြီး) အိပ်ယာထဲ ရှူးပေါက်ချတတ်ကြတာကို Secondary enuresis အမျိုးအစားမှာ တွေ့ရှိရပါတယ်။
ညဘက် ရှူးပေါက်ချတတ်တဲ့ ကလေးတွေမှာ တွေ့ရှိရချက်များ
တချို့ကလေးတွေက ညနေပိုင်းတွေမှာ ရေနဲ့ အရည်သောက်တာများခဲ့ရင် သေချာပေါက် အိပ်ယာထဲ ညဘက်မှာ ရှူးပါချကြပါတယ်။ တချို့ကလေးတွေကျပြန်တော့ ဆီးများလွန်းတဲ့ရောဂါ ၊ ဆီးချိုရောဂါအမျိုးအစား(၁) ( Type 1 Diabetes) ။ နာတာရှည် ကျောက်ကပ်ရောဂါရှိနေခဲ့ကြရင် ဆီး မတရားများတဲ့အတွက် ညဘက် အိပ်ယာထဲ သေးပါကြပြန်ပါတယ်။ ဒါ့အပြင် အိပ်မောကျရင် ဟောက်သံပြင်းပြင်းကြားရတဲ့ ကလေးတွေဟာလည်း အိပ်ယာထဲ မကြာခဏ ရှူးပါချကြပြန်ပါသေးတယ်။
စမ်းသပ်စစ်ဆေးမှုများ
ဆီးစစ်ဆေးခြင်းအားဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ရောက်မှု ရှိ ၊ မရှိ ဆီးချီု ရှိ၊ မရှိ ဆီးလွန်ရောဂါ ရှိ ၊ မရှိ သိနိုင်ပါတယ်။ လိုအပ်ခဲ့ရင် ဆီးနမူနာကို ပိုးမွေးကြည့်ခြင်း၊ သွေးစစ်ကြည့်ခြင်း၊ ကျောက်ကပ် ကောင်း၊ မကောင်း အာထရာဆောင်း ရိုက်ကြည့်ခြင်း၊ ဆေးသွင်း ဓာတ်မှန်ရိုက်ကြည့်ခြင်း ပြုလုပ်ရပါတယ်။ တွေ့ရှိချက်တွေက ပုံမှန်ဆိုရင် တော်သေးပေမဲ့ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ပုံမမှန်ဖြစ်ခြင်း၊ ကျောက်တည်ခြင်းလက္ခဏာတွေ တွေ့ရတယ်ဆိုရင် တွေ့ရှိချက်အတိုင်း ကုသရမှာဖြစ်ပါတယ်။
ကုသခြင်းများ
အရင်ဆုံး မိဘတွေကို ဆွေးနွေးအားပေးရပြီး တချို့ကလေးတွေလည်း ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရင်းနဲ့ ကောင်းသွားနိုင်ပါတယ်။ ညနေ ၆ နာရီ၊ ၇ နာရိကျော်ရင် အရည်လျှော့သောက်ခိုင်းရပါတယ်။ ၇၅ ပေါင်အောက်ရှိတဲံကလေးဆိုရင် အရည်နှစ်အောင်စခန့်၊ ၇၅ ပေါင်နဲ့ ပေါင် ၁၀၀ ကြားဆိုရင် သုံးအောင်စခန့်၊ ပေါင် ၁၀၀ ကျော် ကိုယ်အလေးချိန်ရှိတဲ့ ကလေးဆိုရင်တော့ အရည်လေးအောင်စလောက်သာ(သတိထားပြီး) အနည်းငယ်ပဲသောက်ဖို့ မှာကြားရပါတယ်။ ဆီးရွှင်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ အချိုများတဲ့ အချိုရည်နဲ့ မုန့်တွေကိုလည်း ညနေ ၄ နာရီကျော်ရင် ရှောင်ကြဉ်သင့်ပါတယ်။ အိပ်ရင်တအားဟောက်တတ်တဲ့ ကလေးမှာ အဒီနွိုက်ဂလင်းပါ စမ်းတွေ့ရလောက်အောင် ကြီးမားနေတယ်ဆိုရင် ခွဲစိတ်ဆရာဝန်ဆီ သွားပြပြီး ဖယ်ရှားပစ်လိုက်ရင် အိပ်ယာထဲဆီးပေါက်တာ ပျောက်ကင်းသွားနိုင်ပါတယ်။
အသက် ၆ နှစ်ကျော်တဲ့အထိ အိပ်ယာထဲ ပါချနေတုန်းဆိုရင် ထိရောက်တဲ့ ကုသမှု ခံယူသင့်ပါပြီ။ အရွယ်ရောက်ခါနီးမှ ကုသလေလေ ကုသမှု၊ အောင်မြင်မှု ပိုရလေဖြစ်ပါတယ်။ ကလေးရဲ့ အိပ်ယာခေါင်းရင်းမှာ ဇယားကွက်ကို ရုပ်ပုံလှလှလေးတွေနဲ့ ချစ်စဖွယ် ဆင်ယင်ချိတ်ဆွဲထားပြီး ရှူးမပါချတဲ့ ညအတွက် ဆုချတဲ့ အမှတ်တရပစ္စည်းလေးနဲ့အတူ ကြယ်ပွင့်ကလေးတစ်ခုကို ဇယားကွက်မှာ ချိတ်ဆွဲပေးတဲ့နည်းကလည်း ကလေးတွေ စိတ်ကျေနပ်မှုရရှိစေပြိး အိပ်ယာထဲ ပါချမှု နည်းပါးသွားစေ (သို့) ကင်းဝေးသွားစေပါတယ်။ တချို့မိဘတွေကကလေးကို အိပ်ယာကခဏခဏနှိုးပြီး ရေအိမ်ဝင်ခိုင်း၊ ရှူးပေါက်ခိုင်းတတ်ကြတဲ့အခါ တချို့ကလေးလည်း အောင်မြင်ပေမဲ့ တချို့ကလေးတွေမှာကျတော့ နှိုးတဲ့အချိန်မှာ အိပ်ချင်မူးတူးနဲ့ မပေါက်ဘဲ အိပ်ပျော်တော့မှ အိပ်ရေးပျက်တာပဲ အဖတ်တင်တတ်ပါတယ်။
နိုင်ငံခြားမှာတော့ ကလေးတွေရဲ့ အတွင်းခံမှာ စိုစွတ်လာတာနဲ့ အသံပေးတဲ့ (သို့) တုန်ခါမှုပေးတဲ့ ကိရိယာတပ်ထားပြီး ရှူးစပေါက်တာနဲ့ တစ်ပြိုက်နက်ကလေးကို အသံပေးပြီး (သို့) တုန်ခါပြီး နိုးလာစေကာ အိပ်ယာပေါ် ရှူးမပေါက်ဘဲအိမ်သာဆီ (သို့) အိုးထဲပေါက်အောင် နှိုးဆော်ပေးတဲ့ အစီအစဉ်အောင်မြင်တာတွေ့ရပါတ ယ်။ အောင်မြင်တာက ၃၀-၆၀ ရာခိုင်နှုန်းအထိ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီနည်းသုံးတာ ကြာလာတော့ ကလေးက ရိုးသွားပြီး နှိုးတာကို ကလေးက မနိုးဘဲ တခြားအိမ်သူအိမ်သားတွေသာ နိုးသွားတာ အဖတ်တင်တာတွေ့ရပြန်ပါတယ်။ လူကြီးတွေ နိုးတဲ့ချိန်ကလေးက အိပ်ယာပေါ် ရှူးပေါက်ချပြီးသားဖြစ်နေတော့ အကျိုးမရှိ ဖြစ်ရပါတယ်။ တချို့ကလေးတွေကိုတော့ စိတ်ပညာကုထုံးနဲ့ အမြဲ နိုးနိးကြားကြားဖြစ်အောင် ဆီးအိမ်ထဲ ဆီးတင်းလာတာနဲ့ တစ်ပြိုက်နက် အိပ်ယာက နိုးလာစေတှဲ့Self hypnosis နည်းကို သုံးစွဲကြည့်ရင်လည်း ကလေးကြီးတွေမှာ အောင်မြင်တာ တွေ့ရပါတယ်။
တချို့ကလေးတွေကို အိပ်ရာမဝင်ခင် ဆီးပေါက်တာ၊ အိပ်ရာထဲပါချတာမကောင်းကြောင်း၊ ရှက်စရာ၊ ရွံစရာကောင်းကြောင်း၊ ဒီနေ့ည အိပ်ရာထဲ ရှူးမပါချရင် နံနက်ကျတော့ သမီး၊ သား လိုချင်တာဝယ်ပေးမယ် စသဖြင့် ဆွေးဆွေးဝမ်းတစ်မျိုးမျိုး စိုနေတာ မြင်တာနဲ့တစ်ပြိုက်နက် အမြန်ဆုံး လဲလှယ်သင့်ပါတယ်။ အိပ်မှာနေရင်း (သို့) ညအခါမှာတော့ ဖြစ်နိုင်ရင် ကလေးခါးတောင်ကျိုက်အမြဲတမ်း သုံးစွဲတာ ရှောင်ကြဉ်သင့်ပါတယ်။ပေါင်ြ ခံတစ်ဝိုက်၊ စအိုတစ်ဝိုက် နေရာတွေဟာ အမြဲတမ်းခြောက်သွေ့နေသင့်ပါ တယ်။
ခါးတောင်းကျိုက်နဲ့ ကလေးအရေပြား အမြဲတမ်း ထိနေရရင် ဆီးတွေ၊ ဝမ်းတွေ ထဲမှာပါတဲ့ ယူရီးယားနဲ့ အမိုးနီးယားဓာတ်တွေရဲ့ အာနိသင်ကြောင့် အရေပြားပူလောင်နာတွေဖြစ်လာေ စပါတယ်။ ကလေးဟာနီရဲရောင်ရမ်းနေတဲ့ စအိုနဲ့ ပေါင်ခြံပတ်လည် အခြေအနေကြောင့် ထိလိုက်တိုင်း နာကျင်၊ ဆီးဝမ်းပါတိုင်းလည်း ပူစပ်ပူလောင်ဖြစ်လို့ ငိုကြွေးရတာနဲ့ အတော်လေး ခံရခက်ရှာပါတယ်။ အဲဒီလို နီရဲရောင်ရမ်းတာက ကြာသွားရင်၊ ဗက်တီးရီးယားတွေ၊ မှိုပိုးတွေဝင်ရောက်လာကာ အရေပြားရောဂါတွေအထိ ဖြစ်လာစေပါတယ်။
ပေါင်ခြံတစ်ဝိုက်နဲ့ စအိုတစ်ဝိုက် အရေးပြားပိုးဝင် ရောင်ရမ်းနာကျင်ခြင်း
ဒီအရေပြားရောင်ရမ်းခြင်းရော ဂါဟာ ကလေးတွေမှာ အတွေ့ရများပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းရင် ဆီး၊ ဝမ်းသွားပြီးတိုင်း ရေနဲ့ ဆပ်ပြာနဲ့စင်ကြယ်အောင် မဆေးကြောပေးရင်၊ ခါးတောင်းကျိုက် Diaper ကို အဲကြာကြီးနဲ့ အမြဲတမ်းသုံးစွဲနေရင် ၊ ဆီး၊ ဝမ်း မကြာခဏ အကြိမ်ရေများစွာ ပါနေခဲ့ရင် ဖင်ပူလောင်နာတွေအဖြစ် နီရဲနေအောင် တွေ့ရပါတယ်။ ယောက်ျားလေးတွေမှာ အဖြစ်ပိုများပြီး အသက် ၆ လကနေ ၁၀ နှစ်အတွင်း ကလေးတွေမှာ စအိုပတ်လည်း၊ ပေါင်ခြံပတ်လည် နီရဲရောင်ရမ်းနာတွေအဖြစ်နဲ့ ယားယံခြင်းတွေပါ တွဲဖက်တွေ့ရှိရပါတယ်။
စဖြစ်ခါစ ရက်သတ္တပတ် ၆ ပတ်အတွင်းဆိုရင် နီရဲရောင်ရမ်းမှုဟာ အပေါ်ယံလောက်သာဖြစ်ပြီး စိုရွှဲနီးရဲ ပြောင်လက်နေကာ အထိမခံနိုင်အောင် နာကျင်ပါတယ်။ ၆ပတ်ထက်ကျော်ပြီး ကြာလာရင်တော့ အနာနေရာတွေက ထူလပျစ်ကြီးဖြစ်လာပြီး ချွဲကျိကျိအရည်တွေ ထွက်နေကာ နာကျင်တဲ့ အစင်းကြောင်း၊ အက်ကြောင်းတွေ ကွဲလာတဲ့အပြင် အဝါရောင် အနာဖေးတွေ တက်လာပါတယ်။ အဲဒီအဆင့်ဆိုရင် မိန်းကလေးတွေမှာ မိန်းမကိုယ်နေရာတွေပါ ရောင်ရမ်းနီရဲနေပြီးယောက်ျားလေးတွေမှာဆိုရင် ရွှေပန်းတွေပါ နီရဲရောင်ရမ်းလာပါတယ်။တချို့ ကလေးတွေမှာ စအိုအတွင်းဘက်ပါ ရောင်ရမ်းလာတဲ့အတွက် ဝမ်းသွားရင်နာကျင်ခြင်း၊ စအိုအတွင်းထဲ ပူစပ်ပူလောင် ခံစားနေရခြင်း၊ ဝမ်းနဲ့အတူ သွေးစသွေးန ကပ်ပါလာခြင်းတွေ ဖြစ်လာပါတယ်။ ဝမ်းသွားတိုင်း နာကျင်ပူလောင်ခြင်းခံစားရတော့ ကလေးတွေဟာ ဝမ်းသွားချင်စိတ်ကို အောင့်ထားကြလို့ ဝမ်းချုပ်လာနိုင်ပါသေးတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုမထားမိကြရင် အခုလို စအိုပတ်လည်ရောင်ရမ်းမှုက အတူနေ မိသားစုဝင်တွေဆီသို့ပါ ကူးစက်နိုင်ပါတယ်။
စအိုပတ်လည် ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ပိုးတွေကတော့ စထရက်တိုကော့ကပ် (GABHS) ပိုးနဲ့ အော့ရီးယပ်စ် (S.aureus) ပိုးတွေ ဖြစ်ကြပါတယ်။ ကုသမှုအနေနဲ့ကတော့ ကလေး ခါးတောင်းကျိုက်ကို ရောဂါဖြစ်နေစဉ် လုံးဝမသုံးဘဲ ရှောင်ကြဉ်ခြင်း၊ စအိုပတ်လည်နဲ့ ပေါင်ခြံပတ်ဝန်းကျင်အားလုံး ကို အမြဲတမ်း သန့်ရှင်း ခြောက်သွေ့အောင်ထားခြင်း၊ ဆီး၊ ဝမ်းသွားပြီးတိုင်း ရေနဲ့ ဆပ်ပြာနဲ့ စင်ကြယ်သည်အထိ ဆေးကြောခြင်း၊ ခါးတောင်းကျိုက်ကို ရောဂါပျောက်ကင်းသွားတဲ့အချိ န်မှာလည်း တစ်ခါတစ်ရံမှလွဲလို့ အမြဲတမ်းမသုံးခြင်း၊ တင်ချာ၊ အိုင်အိုဒင်းလို ဆေးပူ၊ ဆေးပြင်းတွေ မလိမ်းကျံခြင်း စတာတွေ လိုက်နာရပါတယ်။ ပဋိဇီဝဆေးအနေနဲ့ ပင်နီစီလင် အုပ်စုဝင် ဆေးများကို ၁၀ ရက် (သို့) ၂ပတ် ရက်ပြည့်သည်အထိ သောက်သုံးသင့်ပြီး ပိုးသတ်ဆေးပါတဲ့ Mupirocin လိမ်းဆေးကို အနာဧရိယာတစ်ဝိုက်တစ်နေ့ ၄ ကြိမ် (သို့) ဆီး၊ ဝမ်းသွားပြီးတိုင်း သန့်ရှင်းခြောက်သွေ့အောင် လုပ်အပြီး လိမ်းကျံပေးသင့်ပါတယ်။ ကုသလို့ ပျောက်ကင်းသွားရင်းလည်း တစ်ကိုယ်ရေသန့်ရှင်းမှု မရှိရင် ပြန်ပြန်ဖြစ်နိုင်တဲ့အတွက် အချိန်မှန်ပြန်လည်ပြသသင့်ပါ တယ်။ အဲဒါကြောင့်မို့ အသက် ၅ နှစ်၊ ၆ နှစ်ကျော်တဲ့အထိ အိမ်ယာထဲ ရှူးပေါက်ချနေတဲ့ ကလေးတွေရဲ့ စအိုပတ်လည်ရောင်ရမ်းနာဖြစ်ေ နတဲ့ ကလေးတွေအတွက် အနာနဲ့ဆေး တည့်အောင်ပေးနိုင်အောင် စောစီးစွာပဲ ကျန်းမာရေးဌာနသို့ပြသကာ အကူအညီရယူသင့်ပါကြောင်း အကြုံပြုအပ် ပါတယ်။
“အိပ်ယာထဲမှာ ရှူးပေါက်တာဟာ မကောင်းလှတဲ့အကျင့်ပါ။ သေချာဆွေးနွေးပြုပြင်ပေး၊ မနှေးသေချာ နံစော်တာ ပျောက်ကင်းသွားမှာပါ။ ဒါမှသာ ကလေးတို့ ဘဝ ပျော်ရွှင်ကြမှာ စိတ်တိုင်းကျ”
ဒေါက်တာမြမြချယ်ကလေးအထူးကုဆရာဝန်ကြီး
အသက် ၅ နှစ်ရောက်တဲ့အခါ ၉၀-၉၅ ရာခိုင်နှုန်းကလေးများဟာ နေ့မှာလုံးဝကောင်းစွာ ဆီးထိန်းထားနိုင်ကြပြီး ၈၀-၈၅ ရာခိုင်နှုန်းကတော့ ညမှာအိပ်ယာထဲ ရှူးမပေါက်ချအောင် ထိန်းထားနိုင်ကြတယ်။ အသက် ၅ နှစ်ကျော်တဲ့အခါ ကလေးဟာ အိပ်ပျော်နေတုန်း သူကိုယ်တိုင် မသိလိုက်ဘဲနဲ့တောင် ရှူးပေါက်ချခြင်းကို (nocturnal enuresis) လို့ ခေါ်ပါတယ်။ အဲဒါကိုလည်း ၂မျိုးခွဲနိုင်သေးတယ်။
ညရှူးပေါက်ချသူ ကလေးတွေရဲ့ ၇၅-၉၀ ရာခိုင်နှုန်းက အမြဲတမ်းလို ညတိုင်းအိပ်ယာထဲ ပေါက်ချကြတာတွေ့ရတဲ့ ပရိုင်မာရီ အမျိုးအစားနဲ့ လအနည်းငယ်လောက် ညညမပေါက်ချဘဲ နောက်ပိုင်းမှ ရှူးပေါက်ချပြန်တဲ့ Secondary အမျိုးအစားတို့ ဖြစ်ကြပါတယ်။ ဒုတိယအမျိုးအစားကတော့ ၁၀-၂၅ ရာခိုင်နှုန်းလောက် တွေ့ရှိရတယ်။
အတွေးရများပုံ
ည ရှူးပေါက်တဲ့ ကလေးတွေမှာ ၆၀ ရာခိုင်နှုန်းဟာ ယောကက်ျားလေးတွေ ဖြစ်ကြတယ်။ အထူးသဖြင့် နေ့မှာ ခုန်ပေါက်ပြေးလွှား၊ ဆော့ကစားကြပြီး ညကျတော့ ပေါက်ချကြပြန်ပါတယ်။ သူတို့မေးရင်ကစားရင် အိပ်မက်ထဲ ပါချမိတာလို့ ဆိုတတ်ကြပါတယ်။ မိဘတွေမှာ ည ရှူးပေါက်ချတဲ့ ရာဇဝင်ရှိဖူးရင် သူတို့ကလေးတွေလည်း မျိုးရိုးလိုက်ပါတယ်။ မိဘတဦးဦးက အလားတူရာဇဝင်ရှိခဲ့ရင် ကလေး၄၄ ရာခိုင်နှုန်းက ည ရှူးပေါက်ချတတ်ကြပြီးမိဘ ၂ ဦးလုံးအလားတူ ရာဇဝင်ရှိရင်တော့ သူတို့ကလေး ၇၇ ရာခိုင်နှုန်းက ဘမျိုးဘိုးတူ ဖြစ်လာကြပါတော့တယ်။ တချို့ကလေးတွေက နေ့ခင်းအိပ်ရင်းရှူးမပါချဘဲ
အိပ်ယာထဲရှူးပါချတဲ့ အကြောင်းအရင်းများ
အလွန်အမင်း အိပ်မောကျခြင်း( Deep Sleep)
– အရမ်းအိပ်ပျော်နေတဲ့ အချိန်မှာ အချိန်မရွေး ပေါက်ချတတ်ပါတယ်။ ပြီးတော့အဲဒီလိုအကျင့်ရှိတဲ
– ဆီးထွက်နည်းစေတဲ့ဟော်မုန်း
– မျိုးရိုးဗီဇ အချက်အလက်အဖြစ် မျိုးဗီဇ (၁၂)နဲ့ (၁၃) တွေပေါ်မှာ အဲဒီချို့ယွင်းချက်ပါလာခြင်
– ဆီးလမ်းကြောင်း ပိုးဝင်ရောင်ရမ်းခြင်း၊
ကျောက်တည်လို့ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း စတဲ့ အချက်တွေရှိရင်လည်းညဘက် ရှူးပိုပေါက်ချလာနိုင်ပါတယ်
စိတ်ပိုင်းဆိုင်ရာ မကျေနပ်ချက်၊ အလိုမပြည့်ချက်များခြင်း၊
နေ့ခင်းက စိတ်ထိခိုက်ရတဲ့ အနေအထား၊ အရိုက်ခံရခြင်း၊ ဆူပူငေါက်ငမ်းခံရခြင်း စတာတွေဖြစ်ခဲ့ရင် ကလေးတွေဟာ တုံ့ပြန်ချက် ဖော်ပြတဲ့အနေနဲ့ (အရွဲ့တိုက်ပြီး) အိပ်ယာထဲ ရှူးပေါက်ချတတ်ကြတာကို Secondary enuresis အမျိုးအစားမှာ တွေ့ရှိရပါတယ်။
ညဘက် ရှူးပေါက်ချတတ်တဲ့ ကလေးတွေမှာ တွေ့ရှိရချက်များ
တချို့ကလေးတွေက ညနေပိုင်းတွေမှာ ရေနဲ့ အရည်သောက်တာများခဲ့ရင် သေချာပေါက် အိပ်ယာထဲ ညဘက်မှာ ရှူးပါချကြပါတယ်။ တချို့ကလေးတွေကျပြန်တော့ ဆီးများလွန်းတဲ့ရောဂါ ၊ ဆီးချိုရောဂါအမျိုးအစား(၁) ( Type 1 Diabetes) ။ နာတာရှည် ကျောက်ကပ်ရောဂါရှိနေခဲ့ကြရင
စမ်းသပ်စစ်ဆေးမှုများ
ဆီးစစ်ဆေးခြင်းအားဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ရောက်မှု ရှိ ၊ မရှိ ဆီးချီု ရှိ၊ မရှိ ဆီးလွန်ရောဂါ ရှိ ၊ မရှိ သိနိုင်ပါတယ်။ လိုအပ်ခဲ့ရင် ဆီးနမူနာကို ပိုးမွေးကြည့်ခြင်း၊ သွေးစစ်ကြည့်ခြင်း၊ ကျောက်ကပ် ကောင်း၊ မကောင်း အာထရာဆောင်း ရိုက်ကြည့်ခြင်း၊ ဆေးသွင်း ဓာတ်မှန်ရိုက်ကြည့်ခြင်း ပြုလုပ်ရပါတယ်။ တွေ့ရှိချက်တွေက ပုံမှန်ဆိုရင် တော်သေးပေမဲ့ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ပုံမမှန်ဖြစ်ခြင်း၊ ကျောက်တည်ခြင်းလက္ခဏာတွေ တွေ့ရတယ်ဆိုရင် တွေ့ရှိချက်အတိုင်း ကုသရမှာဖြစ်ပါတယ်။
ကုသခြင်းများ
အရင်ဆုံး မိဘတွေကို ဆွေးနွေးအားပေးရပြီး တချို့ကလေးတွေလည်း ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရင်းနဲ့
အသက် ၆ နှစ်ကျော်တဲ့အထိ အိပ်ယာထဲ ပါချနေတုန်းဆိုရင် ထိရောက်တဲ့ ကုသမှု ခံယူသင့်ပါပြီ။ အရွယ်ရောက်ခါနီးမှ ကုသလေလေ ကုသမှု၊ အောင်မြင်မှု ပိုရလေဖြစ်ပါတယ်။ ကလေးရဲ့ အိပ်ယာခေါင်းရင်းမှာ ဇယားကွက်ကို ရုပ်ပုံလှလှလေးတွေနဲ့ ချစ်စဖွယ် ဆင်ယင်ချိတ်ဆွဲထားပြီး ရှူးမပါချတဲ့ ညအတွက် ဆုချတဲ့ အမှတ်တရပစ္စည်းလေးနဲ့အတူ ကြယ်ပွင့်ကလေးတစ်ခုကို ဇယားကွက်မှာ ချိတ်ဆွဲပေးတဲ့နည်းကလည်း ကလေးတွေ စိတ်ကျေနပ်မှုရရှိစေပြိး အိပ်ယာထဲ ပါချမှု နည်းပါးသွားစေ (သို့) ကင်းဝေးသွားစေပါတယ်။ တချို့မိဘတွေကကလေးကို အိပ်ယာကခဏခဏနှိုးပြီး ရေအိမ်ဝင်ခိုင်း၊ ရှူးပေါက်ခိုင်းတတ်ကြတဲ့အခါ
နိုင်ငံခြားမှာတော့ ကလေးတွေရဲ့ အတွင်းခံမှာ စိုစွတ်လာတာနဲ့ အသံပေးတဲ့ (သို့) တုန်ခါမှုပေးတဲ့ ကိရိယာတပ်ထားပြီး ရှူးစပေါက်တာနဲ့ တစ်ပြိုက်နက်ကလေးကို အသံပေးပြီး (သို့) တုန်ခါပြီး နိုးလာစေကာ အိပ်ယာပေါ် ရှူးမပေါက်ဘဲအိမ်သာဆီ (သို့) အိုးထဲပေါက်အောင် နှိုးဆော်ပေးတဲ့ အစီအစဉ်အောင်မြင်တာတွေ့ရပါတ
တချို့ကလေးတွေကို အိပ်ရာမဝင်ခင် ဆီးပေါက်တာ၊ အိပ်ရာထဲပါချတာမကောင်းကြောင
ခါးတောင်းကျိုက်နဲ့ ကလေးအရေပြား အမြဲတမ်း ထိနေရရင် ဆီးတွေ၊ ဝမ်းတွေ ထဲမှာပါတဲ့ ယူရီးယားနဲ့ အမိုးနီးယားဓာတ်တွေရဲ့ အာနိသင်ကြောင့် အရေပြားပူလောင်နာတွေဖြစ်လာေ
ပေါင်ခြံတစ်ဝိုက်နဲ့ စအိုတစ်ဝိုက် အရေးပြားပိုးဝင် ရောင်ရမ်းနာကျင်ခြင်း
ဒီအရေပြားရောင်ရမ်းခြင်းရော
စဖြစ်ခါစ ရက်သတ္တပတ် ၆ ပတ်အတွင်းဆိုရင် နီရဲရောင်ရမ်းမှုဟာ အပေါ်ယံလောက်သာဖြစ်ပြီး စိုရွှဲနီးရဲ ပြောင်လက်နေကာ အထိမခံနိုင်အောင် နာကျင်ပါတယ်။ ၆ပတ်ထက်ကျော်ပြီး ကြာလာရင်တော့ အနာနေရာတွေက ထူလပျစ်ကြီးဖြစ်လာပြီး ချွဲကျိကျိအရည်တွေ ထွက်နေကာ နာကျင်တဲ့ အစင်းကြောင်း၊ အက်ကြောင်းတွေ ကွဲလာတဲ့အပြင် အဝါရောင် အနာဖေးတွေ တက်လာပါတယ်။ အဲဒီအဆင့်ဆိုရင် မိန်းကလေးတွေမှာ မိန်းမကိုယ်နေရာတွေပါ ရောင်ရမ်းနီရဲနေပြီးယောက်ျာ
စအိုပတ်လည် ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့
“အိပ်ယာထဲမှာ ရှူးပေါက်တာဟာ မကောင်းလှတဲ့အကျင့်ပါ။ သေချာဆွေးနွေးပြုပြင်ပေး၊ မနှေးသေချာ နံစော်တာ ပျောက်ကင်းသွားမှာပါ။ ဒါမှသာ ကလေးတို့ ဘဝ ပျော်ရွှင်ကြမှာ စိတ်တိုင်းကျ”
ဒေါက်တာမြမြချယ်ကလေးအထူးကုဆရာဝန်ကြီး