ကလေးတွေကိုအပြစ်မတင်ပါနဲ့

ကလေးကို စောစီးစွာ စာဖတ်ပြတဲ့ အလေ့အထ
လသားမှာတည်းက မလုပ်ခဲ့ပဲ 3/4 yr ရောက်မှ သူများကလေးက
စာအုပ်ကြိုက်တယ် စာဖတ်တယ် ဖတ်ပြရင် ငြိမ်နားထောင်တယ် စသည်
ဖြင့် ကိုယ့်ကလေးကို အပြစ်တွေတင်လို့ မရပါဘူး ။

ဖြည့်စွက်စာ စတင်ချိန်မှ စ ထမင်း အသီး အရွက် အသား ငါး အရသာစုံ
စတင်မကျွေးခဲ့ပဲ 1yr ကျော် လူကြီးထမင်းဟင်း စစားရမယ့်ချိန် ကလေးက ဂျီးများ မစားမသောက်နေ ရင် ကလေးကို အပြစ်တင်လို့
မရပါဘူး ။

စထိုင်တတ်စအချိန် 7months လောက်မှစပြီး baby chair
နဲ့ ပေးထိုင် တဲ့ အကျင့် မလုပ်ပေးခဲ့ပဲနဲ့ လိုက်ကျွေး လမ်းမထွက်ကျွေး
လုပ်ခဲ့ပြီးမှ မိတ်ဆွေတွေနဲ့ ဆိုင်တွေမှာစားသောက်ချိန် ထိုင်ခုံမှာ ထိုင်မစားပဲ လျှောက်ပြေးနေခဲ့ရင် ကလေးကို အပြစ်မတင်ပါနဲ့ ။

6 months လောက်တည်းက ပေပွပါစေ လက်နဲ့ ထိတွေ့ ခွင့်ပေး
ကိုယ်တိုင်ယူစားစေဆိုပြီး self feeding skill ကို မလေ့ကျင့်
ပေးခဲ့ပဲနဲ့ 2yr 3yr ထိ ခွံ့ကျွေးလာခဲ့ပြီးမှ မူကြိုရောက်လို့ ကလေးက
သူ့ဖာသာ ထမင်းမစားတတ်ရင် ” သူများတွေတောင်စားတတ်တယ်
နင်က မစားတ်သေးဖူးလား ဆိုပြီး မချိတင်ကဲ နဲ့ ကလေးကို အပြစ်မတင်ပါနဲ့ ”

ကိုယ်တိုင်ကစားတတ်တဲ့ချိန် စာအုပ်ယူဖတ်တတ်တဲ့ချိန် ကစလို့
ဆော့ပြီးကစားစရာလေးတွေ ပြန်သိမ်းဖို့ စာအုပ်လေးတွေ စင်ပေါ်
ပြန်တင်ဖို့ မသင်ပြ မပြောပြခဲ့ပဲနဲ့ ကြီးလာမှ ” စည်းကမ်းကိုမရှိဘူး
စည်းပျက်ကမ်းပျက်နဲ့ နင်ဟာ ဘယ်သူနဲ့ တူတာလေ ” ဘာညာ
အပြစ်တွေ စုပုံ မတင်ပါနဲ့ ။

ငယ်စဉ် မှာ TV တွေပြ ph တွေပြ ပြီးအလွယ်တကူထိန်းကျောင်း လာခဲ့ပြီးမှ လူအများရှေ့ ph လု tv အတင်းဖွင့်ခိုင်းတာတွေရှိရင
ကလေးကို အပြစ်မတင်ပါနဲ့ ။

စကားစပြောစ မိဘစကားနားလည်ချိန်မှစ “ဒါကတော့ကောင်းတယ်”
“ဒါကမကောင်းဘူးသားလေး” ပြောဆို ရှင်းပြခြင်း မရှိ
ကလေးကမပီကလာပီကလာပြောစေကာမူ ” ဘာပြောတာလဲ ပြောလေ
သြော် ဟုတ်လား ဒီလိုလား ” စသည်ဖြင့် တလေးတစား နားထောင်
ပေးခဲ့ခြင်း များ မရှိ လုပ်ခဲ့ပြီးမှ ကြီးလာတဲ့အခါ စကားနားမထောင်
ပြောမရ ဆိုမရ တဲ့အခါ ” အဲ့ကလေးကလေ ဆိုးကိုဆိုးတာ ဘယ်လို
ပြောပြော မရဘူး ” ဆိုပြီး အပြစ်တွေ မတင်ပါနဲ့ ။

“အစကောင်းခဲ့မှ အနှောင်းသေချာ ပါမည် ”

” လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ဗစရိယ မိနဲ့ဖ ”

“မြေဆီ မြေသား ကောင်းကောင်း မချခဲ့ပဲ အပင်သန်သန် လိုချင်လို့မရ”

Just Sharing !
credit-ဥာဏ်ဘုန်း မာမီ
photo from google