သားသားမီးမီးလေးတို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေသုံးစွဲမှု မလွန်ကဲစေဖို့

ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ကလေးတွေ သုံးတာလွန်ကဲလာမယ်ဆိုရင်တော့ အာရုံစိုက်နိုင်စွမ်းကျဆင်းပြီး အစားစားချင်စိတ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

မွေးကင်းစကလေးငယ်တွေနဲ့ လမ်းလျောက်တဲ့ အရွယ်ကလေးတွေကို ငြိမ်ငြိမ်နေစေဖို့ မိဘအချို့က ဖုန်း၊ တက်ဘလက်စတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ ဆော့ကစားစေပါတယ်။ ဖုန်းတွေ၊ တက်ဘလက်တွေထဲ ရုပ်ရှင်၊ ကာတွန်း၊ သီချင်း၊ ဂိမ်း စတာတွေ ထည့်ထားပြီး ကလေးကို ဆော့ကစားစေတာဖြစ်ပါတယ်။

အခုခေတ်ဒစ်ဂျစ်တယ်ပစ္စည်းတွေက လက်နဲ့ ထိလိုက်တာနဲ့ အလွယ်တကူအသုံးပြုလို့ ရနိုင်ပါတယ်။ ကလေးတွေကို ပေးထားတဲ့အခါ သူတို့ကိုယ်တိုင် စိတ်ကြိုက်ကစားလို့ ရတာကြောင့် မိဘတွေက လိုက်လံထိန်းကျောင်းစရာ မလိုတော့တာကြောင့် အလုပ်များတဲ့ မိဘတွေက ကလေးတွေကို ပေးပြီး ကစားတတ်ကြပါတယ်။ ထမင်းကျွေးလို့ မလွယ်တဲ့အခါမှာလည်း မေမေတို့က ဒီအတိုင်းလုပ်ဆောင်ကြတာတွေ

screen နဲ့ ထိတွေ့မှုများတာဟာ လူကြီးတွေအတွက်တောင် မကောင်းနိုင်တာ ကလေးတွေအတွက်ဆိုရင် တော်တော်စိုးရိမ်စရာရှိပါတယ်။ screen အသုံးပြုခြင်းက ကလေးရဲ့ဖွံ့ဖြိုးနေတဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ လွန်လွန်ကဲကဲဖြစ်လာမယ်ဆိုရင်တော့ အာရုံစိုက်နိုင်စွမ်းကျဆင်းပြီး အစားစားချင်စိတ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

စူးစမ်းလေ့လာတဲ့အရွယ်မှာ ကလေးတွေကို ဖုန်းတွေ၊ တက်ဘလက်တွေကို ပေးပြီး ငြိမ်ဆေးကျွေးတာထက် လှုပ်ရှားတက်ကြွတဲ့ နည်းလမ်းတွေနဲ့ ကမ္ဘာကြီးကို စူးစမ်းလေ့လာစေတာက ကလေးအတွက် သဘာဝကျတဲ့ ဖွံ့ဖြိုးမှုတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ရှိပါတယ်။  ဖုန်းထဲက ကာတွန်းဖွင့်ပြမှ ထမင်းစားတယ်ဆိုတာထက် စားလိုစိတ်ဖြစ်လို့စားတာကသာ အကောင်းဆုံးဖြစ်ပါတယ်။