တစ်နှစ်အောက်ရင်သွေးငယ်များတွင် အဖြစ်များသော ကြက်ညှာချောင်းဆိုးရောဂါ

Bordetella pertussis လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်တာပါ။ အသက်ရှူ လမ်းကြောင်းကနေ ကူးစက်တတ်ပြီး လွယ်လွယ်နဲ့မြန်မြန်လည်း ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီး (၂) ရက် ကြာတာနဲ့ ထူးထူးခြားခြားချောင်းဆိုးပါတယ်။ အဆက်မပြတ်ချောင်းဆိုးရာကနေ အောက်စီဂျင်မဝဖြစ်ပြီး မျက်နှာပြာလာတဲ့အထိ ချောင်းဆိုးတတ်ပါတယ်။ နှာချေတာ၊ နှာရည်ယိုတာ၊ ဖျားတာ၊ အန်တာ၊ အစာမစား တော့တာ၊ အသက်ရှူခက်လာတာ၊ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေပြလာတာတွေအပြင် နောက်ဆက် တွဲအနေနဲ့ နျူမိုးနီးယားအဆုတ်ရောင် ရောဂါဖြစ်တာမျိုးအထိ ရောက်သွားနိုင်ပါတယ်။ သုံးပတ်လောက်အထိ ကြာအောင် ချောင်းဆိုးနေတတ်ပါတယ်။ အထက်ပါလက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ အကောင်းဆုံးက ဆေးခန်းပြပြီး ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ကုသသင့်ပါတယ်။ ကာကွယ်ဆေးလည်းထိုးထားလို့ရပါတယ်။ ချောင်း ဆိုးနေတဲ့ အချိန်မှာ Flemex Kids (ဆေးရည်) ကို တိုက်ကျွေးနိုင်ပါတယ်။ ရပ်စ်ဘယ်ရီနဲ့ စထော်ဘယ်ရီ အရ သာတို့ကို ပေါင်းစပ်ထုတ်လုပ်ထားလို့ ဆေးတိုက်ရတာ ပိုမိုအဆင်ပြေပါတယ်။ ချောင်းဆိုးသက်သာပြီး ချွဲသ လိပ်များ ပိတ်ဆို့မှုကို လျင်မြန်စွာ သက်သာပျောက်ကင်းစေပါတယ် ဆိုတာ မိဘတွေ သိသွားအောင်လည်း Share ပေးပါနော်။