မွေးစကလေး မျက်လုံးစောင်းခြင်း
| မွေးစကလေး မျက်လုံးစောင်းတာ စွေတာစိတ်ပူကြတဲ့ မေမေတွေများလို့ ပြောပြမယ်နော်။ ကလေးမျက်လုံးလေးတွေ အလယ်မှာ စုတာ၊ မျက်လုံးတစ်ဖက် ထောင့်ကပ်နေတာ အသက်လေးလအထိ ဖြစ်တတ်တယ်။ သူတို့မျက်လုံးလေးတွေကို ဟန်ချက်ညီအောင် မလုပ်တတ် မကြည့်တတ်သေးလို့၊ ဦးနှောက်နဲ့မျက်လုံးဟန်ချက
မျက်လုံးစွေတာက ၂မျိုးရှိတယ်။ တစ်ခုက Strabismus လို့ခေါ်တယ်။ အရပ်အခေါ်တော့ crossed eye or squint လို့ခေါ်တာပေါ့။ နောက်တစ်ခုက lazy eye လို့ခေါ်တယ်။ မျက်လုံးတစ်ဘက်က အလုပ်ကောင်းကောင်းမလုပ် မကြည့်တာပေါ့။ တကယ်စွေတာဆိုရင်တော့ သူ့ဘာသာသူ ပြန်မကောင်းဘူး။ ဘယ်လိုသိနိုင်သလဲဆိုရင် ကလေးက အချိန်တော်တော်များများ မျက်လုံးစွေနေမယ်။ နေရောင်စူးရင် စွေတဲ့ဘက်က ပိုစွေတာ၊ ပိတ်သွားတာမျိုးဖြစ်မယ်။ ခေါင်းစောင်းနေမယ် (မျက်လုံးစွေနေတော့ အလိုင်းမင့်ပြန်မှန်အောင် ခေါင်းကိုစောင်းပြီး ကြည့်ရတာ)။ လမ်းသွားရင် ပစ္စည်းတွေကို ဝင်တိုက်မိနေတာ။ ကလေးမျက်လုံးစွေနေတယ်လို့ သံသယရှိရင် ကလေးဆရာဝန်ကို တိုင်ပင်ပါ။ လိုအပ်ရင် မျက်စိဆရာဝန်ကိုပြပါ။ စောစောသိရင် မျက်မှန်တပ်နိုင်တယ်။ နောက်တစ်ခုက ကောင်းတဲ့မျက်လုံးကို အုပ်ထားပေးရတယ်။ အဲဒါမှ အားနည်းနေတဲ့ မျက်လုံးကို ကလေးက ပိုသုံးမှာလေ။ မျက်လုံးကို လေ့ကျင့်ပေးတဲ့သဘောပေါ့။ အဲဒါမှ မကောင်းသေးဘူးဆိုရင်တော့ မျက်လုံးကြွက်သားလေးတွေကို ခွဲစိတ်လို့ရတယ်။ စောစောသိရလေ ကုရတာ ပိုလွယ်လေပါ။ မကုဘဲထားရင် မျက်စိအမြင်ချို့ယွင်းတာဖြစ