သားသား မီးမီးတို့ကို သွေးလှူပါ ဆက်ရှင်သန်ခွင့်ပေးပါ!!!
|သွေးသွင်းကုသခြင်းသည် ဆေးပညာရပ်တွင် လွန်စွာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
သွေးသွင်းကုသမှုဖြင့် အသက်ဆက်နေရသောကလေးငယ်များစွ
လူရယ်လို့ပင် ပီပီပြင်ပြင် မဖြစ်ရသေးခင်မှာပင် သွေးယူနစ်ပေါင်းများစွာသွင်
ထို သားသားမီးမီးတို့ ခံစားနေရသော ရောဂါဝေဒနာကလည်း စုံလင်လှသည်။
မွေးကင်းစ အသားဝါ၍ တစ်ကြိမ်သာ မဖြစ်မနေ သွေးသွင်းကုသလိုက်ရသော သားငယ် သမီးငယ် များမှ အစပြု၍ အကြိမ်ပေါင်းများစွာသွေးသွင
ထိုကလေးငယ်များအတွက် သွေးလှူရှင် လုံလုံလောက်လောက်ရှိသည်ဟုထင
သွေးသွင်းရမည့် သားသားမီးမီးတို့ အတွက် ဖေဖေ မေမေ တို့သည် သွေးလှူရှင်များ ကိုရှာဖွေရသည်။
ယခုပင် ဖောက်ထားသော လတ်ဆတ်သောသွေး သို့မဟုတ် သွေးရည်ကြည် ကိုသွင်းရမည်ဆိုပါက သွေးလှူဘဏ်ရှိသည့် ဆေးရုံဖြစ်စေကာမူ သိုလှောင်ထားသော သွေးအိတ်များကိုထုတ်ပေးရန် မဖြစ်နိုင်တော့ပေ။
ထိုအခါ ပုံမှန်သွေးလှူလေ့ရှိသော သွေးလှူရှင်ထံမှသာလျှင် မှန်ကန်သန့်စင်သော လတ်ဆတ်သည့်သွေးကို အလှူခံရနိုင်ပေသည်။
လှူဒါန်းလိုက်သောသွေးများသည
လူတစ်ယောက်တွင်ပုံမှန် လည်ပတ်နေသောသွေး ၅ လီတာခန့်နှင့် အဆုတ် အရေပြားစသည်တို့တွင် သိုလှောင်ထားသော သွေး ၁ လီတာခန့်ရှိပေသည်။
လှူဒါန်းလိုက်သော သွေးပမာဏ မှာ လီတာဝက် ခန့်သာရှိပေရာ လှူဒါန်းသည့် လူအား မည်သို့မျှ အန္တရာယ် မဖြစ်စေနိုင်ပေ။
ထိုမျှမက သွေးလှူပြီးနောက်တွင် ရိုးတွင်းခြင်ဆီ မှအသစ်အသစ်ဖြစ်လာသော သွေးနီဥ ကလေးများကလည်း သွေးလှူရှင်ကို ပိုမို လန်းဆန်း တက်ကြွစေပါသည်။
သင့်တွင် သွေးလှူရှင်ကောင်းတစ်ယောက်၏
သားသားမီးမီးတို့ကို သင့်သွေးဖြင့် အသက်ဆက်ရှင်ခွင့်ပေးလိုက်ပါ
သွေးသည်အသက်ဟုဆိုသဖြင့် သွေးလှူခြင်းသည် အသက်ကိုလှူခြင်း ဇီဝိတဒါနလည်း မည်ပါပေသည်။
သွေးလှူဘဏ်ရှိသော နီးစပ်ရာဆေးရုံတွင် သွေးလှူဒါန်းနိုင်ပါသည်။
သွေးလှူပါ။ Give blood.
ယခုပဲ လှူလိုက်ပါ။ Give now.
မကြာခဏ လှူပါ။ Give often.
သွေးလှူမည်ဆိုပါက
အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
ယောက်ျားလေးဖြစ်ပါက ကိုယ်အလေးချိန် ပေါင် ၁၁၀ နှင့် အထက်ဖြစ်ရမည်။
မိန်းကလေးဖြစ်ပါက ပေါင်၁၀၀ အထက်ရှိရမည်။
သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (အသည်းရောင် အသားဝါ ဘီ စီ ကာလသားရောဂါ အေအိုင်ဒီအက်စ် ရောဂါစသည်ဖြင့်) ကင်းစင်ရမည်။
သင့်အား ဆရာဝန်က ကျန်းမာကြောင်း စစ်ဆေးပြီးမှ သွေးအလှူခံမည်ဖြစ်ရာ သွေးလှူဒါန်းခြင်းအား စိုးရိမ်စိတ်ကင်းစွာဖြင့် ဆောင်ရွက်နိုင်ပါသည်။
အဆင်ပြေကြပါစေ။
အောင်ငြိမ်းဝင်း (Child Health Myanmar Page)
Photo – Credit to Google.