သွေးနုသားနုအချိန်မှာ အိပ်ရေးဝစေဖို့ ဘာတွေလုပ်ဆောင်ကြမလဲ

မွေးဖွားစမိခင်တွေဟာ စိတ်ပူပန်တာတွေ၊ သောကများတာတွေ၊ ဝမ်းနည်းတာတွေဖြစ်တတ်လို့ အိပ်ရေးဝနေဖို့တော့ လိုပါတယ်။

မွေးကင်းစကလေးလေးကို ဂရုစိုက်ဖို့ အရေးကြီးသလိုပါပဲ မေမေတို့ကလည်း ကလေးမွေးပြီးကာစ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မွေးပြီးကာစ ကလေးအမေကို နယ်ဒေသတွေမှာတော့ မီးနေသည်လို့ခေါ်ကြပါတယ်။ မီးဖွားတဲ့မေမေတို့ရဲ့ မွေးပြီးကာစ (၆)ပတ်အတွင်း အချိန်ကို ခေါ်ဆိုတာပါ။

ဒီလိုအချိန်ဟာ မိခင်တွေရဲ့ သွေးနုသားနုအချိန်ဖြစ်တာကြောင့် သာမန်အချိန်တွေထက်ကို ပိုပြီး ဂရုစိုက်ကြရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေလည်း ဖြစ်ပေါ်နေပါတယ်။ သာမန်လူတစ်ယောက်လို ခွန်အားတွေ ပြန်လည်ရရှိနိုင်ဖို့ လိုအပ်ချက်တွေကတော့ အများကြီးပါ။ အာဟာရကောင်းတွေ၊ လုံလောက်အောင် အနားယူဖို့နဲ့ အကူအညီတွေလည်း အများကြီး လိုအပ်နေပါတယ်။

အနားယူဖို့ကိစ္စက အရေးကြီးပါတယ်။ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်း အပြောင်းအလဲတွေကြောင့် မွေးဖွားစမိခင်တွေဟာ စိတ်ပူပန်တာတွေ၊ သောကများတာတွေ၊ ဝမ်းနည်းတာတွေဖြစ်တတ်လို့ အိပ်ရေးဝနေဖို့တော့ လိုပါတယ်။

မွေးပြီးကာစ ကလေးလေးဟာ (၃)နာရီလောက် အိပ်လိုက်၊ သေးပါလိုက်၊ အီးအီးပါလိုက်၊ ပြန်အိပ်လိုက် စတဲ့ အလုပ်တွေနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ သူတို့ငိုသံကြားတာနဲ့ မေမေတို့လည်း အလုပ်တွေ ရှုပ်တော့တာပါပဲ။ အိပ်ရေးဝဖို့ဆိုရင် သူတို့နဲ့ အတူလိုက်အိပ်တတ်ဖို့အရေးကြီးပါတယ်။ ညနက်သန်းခေါင်နို့တိုက်ရအဆင်ပြေအောင် ကလေးနဲ့ ကပ်လျက်အိပ်ပါ။ တချို့ကလေးအမေတွေက ဧည့်သည်တွေကို ဧည့်ခံဖို့ ကြိုက်ကြပေမယ့် မေမေတို့က စိတ်ရှုပ်ပြီး အနားယူဖို့လိုအပ်တယ်လို့ထင်ရင်  ဧည့်သည်တွေနဲ့ ဧည့်ခံစကားမပြောပဲ နားပါ။ အပြင်ဘက်ကို ခဏတဖြုတ်လမ်းလျောက်ထွက်ပါ။ ညဘက် ကလေးနို့တိုက်လည်း အိပ်ရေးမအပျက်အောင် အိပ်ရင်းနို့တိုက်ပါ။ ဒါဆိုမေမေတို့အတွက် အနားရဖို့ လွယ်ကူပါလိမ့်မယ်။

From Kalay with