DHA နာမည်ကြီးတယ်လို့ ပြောပြောနေကြတဲ့ဆေး
|၁။ ဆရာရှင့် ကျွန်မ က အသက် ၂၄နှစ်ပါ။ အမျိုးသားက ၂၈ပါ။ ကျွန်မတို့က့ ဇာတိပါရှင့်။ မီးဖွားပြီးတာ ၄၈ရက် ရှိပါပြီ။ သမီးလေးပါရှင့်။ မိခင်နို့တိုက်တာပါ။ Nature Made ကထုတ်တဲ့ Postnatal အားဆေး သောက်လို့ရလား သိချင်လို့ပါရှင့်။ အဲဒီဆေးသောက်ရင် တခြားဘယ်ဆေး (eg. Fish oil etc.) ထပ်သောက် ဖို့လိုသေးလဲဆိုတာ သိပါရစေရှင့်။ ကျေးဇူး တင်ပါတယ် ဆရာ။
၂။ ဆရာရှင့် ဆရာရေးထားတဲ့ ကိုယ်ဝန်ဆောင်နဲ့ အားဆေးစာလေးဖတ်ပြီး မေးချင်လို့ပါရှင့်။ တချို့ကိုယ်ဝန်ဆောင် အားဆေးတွေမှာ DHA ဆိုပြီးပါတာတွေ့လို့ပါ။ ပြီးတော့ အခုတလော ကြားမိတာက ကလေးတွေ သောက်တဲ့အားဆေးမှာ DHA ပါရင် ဉာဏ်ကောင်းတယ်ပြောကြတော့ ကိုယ်ဝန်ဆောင် မိခင်တွေရော အဲလိုပါတာ သောက်သင့်မသင့် သိချင်လို့ပါရှင့်။ ဗိုက်ထဲက ကလေးအတွက်ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။
ကြော်ငြာဆေးကို အတော်ကိုမေးကြတယ်။ နာမည်ကြီးတယ်လို့ပြောတဲ့ဆေး
DHA ဆိုတာ ဖက်တီးအက်စစ်တမျိုးဖြစ်တယ်။
DHA ကိုအားဆေးအနေနဲ့သုံးကြတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်မပြည့်တဲ့ကလေ
အစားအသောက်ထဲက ပျမ်းမျှတနေ့မှာ Omega-3 1.6 grams ရနေကြတယ်။ အဲဒီထဲမှာ ALA 1.4 grams နဲ့ EPA + DHA 0.1-0.2 grams ပါနေတယ်။ အစားအသောက်ထဲမှာ Omega-6 ပါတာဟာ Omega-3 ထက် (၁ဝ) ဆ ပိုတယ်။
• အမေရိကန်နှလုံးအသင်းက အဆီပါငါး တပါတ်မှာ ၂ ခါ စားဘို့အကြံပြုထားတယ်။ WHO ကတော့ EPA နဲ့ DHA 0.3-0.5 grams နဲ့ ALA intake of 0.8-1.1 grams နေ့စဉ်စားဘို့ ဖြစ်တယ်။
• Aggression စိတ်ကြမ်းတမ်းခြင်းအတွက် DHA + EPA 1.5-1.8 grams (သို့) DHA 1.5 grams နဲ့ EPA 0.2 grams ကို ၂-၃ လသောက်ပါ။
• မွေးလာမယ့် ကလေးငယ်လေးမှာ အလာဂျီမဖြစ်အောင် ကိုယ်ဝန် ၂၅ ပါတ်ကစပြီး နောက် ၃-၄ လမှာ 1.6 grams of EPA and 1.1 grams of DHA သောက်ပါ။
• စိုးရိမ်စိတ်များခြင်းအတွက်
• သွေးလွှတ်ကြောတွေတင်းနေခြင်း
• ပန်းနာအတွက် 2.7-3.2 grams of EPA + 1.8-2.2 grams of DHA or 0.2-1.0 gram of EPA + DHA, 20 milliliters of fish oil, or 10-20 grams of perilla seed oil (ALA) ၁၂ လ။
• အားကစားသမားတွေ ၈ တောင့် နေ့စဉ် ၈ ပါတ်။ Fish oil capsules (3.2 grams of EPA plus 2.2 grams of DHA) ၃ ပါတ်။
DHA ဆေးက နာမည်တော့ကြီးပါတယ်။ ဒါပေမယ့် ဆေးသုတေသနကိုဖတ်ပါ။
ထိရောက်နိုင်ခြေရှိတာတွေကတေ
• Age-related macular degeneration (AMD) အသက်ကြီးလို့ချို့ယွင်းလာတာ
• Coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ၊
• High cholesterol ကိုလက်စထောများတာ၊
မထိရောက်ဘူးဖြစ်နိုင်တာတွေက
• Attention deficit-hyperactivity disorder (ADHD) ကလေးပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ၊
• Mental performance စိတ်ရောဂါ၊
• Depression စိတ်ဓါတ်ကျရောဂါ၊
• Diabetes ဆီးချိုရောဂါ။
တကယ်မထိရောက်တဲ့ရောဂါတွေကတေ
• Alzheimer’s disease ရောဂါ၊
• Cystic fibrosis ရောဂါ၊
• Dementia ရောဂါ၊
• Dyslexia ရောဂါ၊
• Improving infant development ရောဂါ၊
• Liver disease (nonalcoholic fatty liver disease) အသည်းအဆီဖုံးရောဂါ၊
• Prostate cancer ဆီးကျိတ်ကင်ဆာရောဂါနဲ့
• Inherited vision loss (retinitis pigmentosa) ရောဂါတွေဖြစ်တယ်။
သတိပေးချက်များ
• ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ မသင့်ပါ။
• Aspirin ဆေးနဲ့တွဲမသောက်သင့်ပါ။
• သွေးခဲစနစ်ကိုသက်ရောက်စေနို
• သကြားဓါတ်တက်စေနိုင်တယ်။
• သွေးတိုးကျစေလို့ သွေးကျဆေးနဲ့တွဲရင် ဆေးထိန်းရခက်တယ်။
ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၆
၁၇-၁ဝ-၂ဝ၁၆
၁၇-၁ဝ-၂ဝ၁၇