ကလေးများရဲ့ သွားတိုက်တံ

ကလေးငယ်လေးတွေ အပေါ်သွား၊ အောက်သွား လေးချောင်းလောက်စုံလာရင်ကို သွားတိုက်တံလေး ဝယ်ပေး ပြီး သန့်ရှင်းရေး လုပ်ပေးချင်ကြတာ ဟုတ်တယ်ဟုတ်။ ခံတွင်းသန့်ရှင်းရေးလုပ်ပေးတယ်ဆိုတာ ကောင်းတဲ့ အပြုအမူဖြစ်လို့ Flemex ကလည်း ကန့်ကွက်စရာ မရှိပါဘူ။ သတိပြုစရာလေးတော့ ပြောပြချင်ပါတယ်။ ကလေးငယ်လေးတွေကို ခံတွင်းသန့်ရှင်းရေးလုပ်ပေးတဲ့ သွားတိုက်တံရဲ့ သက်တမ်းကို ဘယ်တော့မှ သုံးလ မကျော်ပါစေနဲ့။ အထူးသဖြင့် သွားတိုက်တံပေါ်က အမွှေးလေးတွေ ကျွတ်ပြီဆိုရင် ချက်ချင်းလဲပေးပါလို့ Flemex ကအကြံပြုပါရစေ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွတ်ထွက်သွားတဲ့ အမွှေးလေးတွေနေရာမှာ ချိုင့်ခွက် လေး ဖြစ်ကျန်ခဲ့တာ တွေ့ဖူးမယ်ထင်ပါတယ်။ အဲဒီချိုင့်ခွက်လေးတွေဟာ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားခို အောင်းဖို့ အကောင်းဆုံးနေရာ ဖြစ်လို့ပါပဲ။ ကလေးချစ်တဲ့ မိဘတွေ သိသွားအောင်လည်း Share ပေးပါနော်။