ကလေးပေါက်စ ချီလျှင် သတိပြုရန်များ
|

ကလေး ခေါင်းကိုင်လျှင် ပျော့ပြီး မပိတ်သေးသော ငယ်ထိပ်နှင့် နောက်စေ့ကို မဖိမိပါစေနှင့်။
မထိုင်တတ်သေးသော၊ ခေါင်းမနိုင်သေးသော အရွယ်ကို ချီသူ့ခါးတစ်ဖက်တွင် လက်တစ်ဖက်ထဲသုံး၍ ခွမချီပါနှင့်။
ကလေး ချီစဉ် ရေနွေးပူ၊ ကော်ဖီပူ၊ လက်ဖက်ရည်ပူခွက်များ မကိုင်ထားပါနှင့်။
ကလေး ချီစဉ် ထမင်းဟင်းမချက်ပါနှင့်။ ကလေးရော ချီသူပါ အပူလောင်ဖို့များသည်။
လှေကား အတက်အဆင်း ကလေးချီလျှင် လက်နှစ်ဖက်သုံး၍ ချီပါ။ ပစ္စည်း မကိုင်ထားပါနှင့်။
ဆေးလိပ်သောက်သူများ ကိုယ့်ကလေးဖြစ်ဖြစ် သူများကလေးဖြစ်ဖြစ် မချီခင် လက်နှင့် ခံတွင်းကို သေချာဆေးကြောပါ။
#နေနေမိုးဆွေ – Child Health Myanmar Page
Pictures- credits to Google & Wikihow
Reference- Raising Children Net
#naynaymoeswe