မေမေတို့ ကိုယ်ဝန်(၁၉) ပတ်လောက်မှာ ဘာတွေ ဂရုစိုက်ရမလဲ
|မေမေတို့ရေ ကိုယ်ဝန်စရှိကာစနေ အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့တဲ့ မေမေတို့ရဲ့ သန္ဓေသားလေးဟာ ခုတော့ (၁၉) ပတ်ထဲ ရောက်လာပါပြီနော်။ မေမေတို့ရေ ကိုယ်ဝန်စရှိကာစနေ အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့တဲ့ မေမေတို့ရဲ့ သန္ဓေသားလေးဟာ ခုတော့ (၁၉) ပတ်ထဲ ရောက်လာပါပြီနော်။ မေမေတို့ ရင်သွေးလေး(၁၉) ပတ်မြောက်မှာ လုပ်ဆောင်သင့်တဲ့ ဂရုစိုက်မှုတွေလည်း ရှိပါသေးတယ်။ ဒါလေးတွေ လုပ်မှလည်း မွေးဖွားချိန်ရော၊ မွေးပြီးနောက်ပိုင်းမှာပါ ကျန်းမာရေး ကောင်းမွန်စေမှာပါနော်။
မေမေတို့ရေ ဒီအချိန်မှာ ကလေးရဲ့ လှုပ်ရှားမှုက ပုံမှန်မဟုတ်သေးဘူးနော်။ တခါတလေ အရမ်းလှုပ်ပြီး တခါတလေ သူမဟုတ်တဲ့အတိုင်း ငြိမ်နေတဲ့ ရက်တွေလည်း ကြုံရမှာပါ။ (၂၈) ပတ်လောက်ရောက်ရင်တော့ ပုံမှန်လှုပ်ရတော့မှာပါ။ အဲဒီအချိန် မလှုပ်ရင်တော့ စိတ်ပူရမှာပါ။ (၁၉) ပတ်မှာ ကလေးမလှုပ်လို့ နည်းနည်းလေးတော့ လှုပ်စေချင်တယ်ဆိုရင် နွားနို့ ဒါမှမဟုတ် လိမ္မော်ရည်သောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဒါက သူတို့လေးတွေအတွက် လှုံဆော်မှုပါပဲ။
မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်မှာ လိင်ဆက်ဆံတာကလည်း ဂရုစိုက်ရမှာပါနော်။ တချို့တွေက ဒီအချိန်မှာ လိင်ဆက်ဆံတာမျိုးတွေ ရှိပါတယ်။ မေမေတို့မှာ ဟော်မုန်းအပြောင်းအလဲကြောင့် လိင်စိတ်နည်းပါးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့သာ လိင်ဆက်ဆံပါ။
မေမေတို့ အစားအသောက်လည်း ဂရုစိုက်ဖို့ လိုပါတယ်။ မေမေတို့အနေနဲ့ အသီးအနှံ၊ ဖျော်ရည်တွေ စားသုံးနိုင်တဲ့အပြင် ပဲအမျိုးမျိုး လည်း စားပါ။ အသားတွေကိုတော့ ကျက်အောင်ချက်ဖို့ လိုပြီး ပင်လယ်စာတွေလည်း အစိမ်းမစားဖို့ လိုပါတယ်။