၁။ ကလေးမွေးတာ ကြောက်စရာ ကောင်းတယ်
ကလေးမကြာခင် မွေးရတော့မယ် မိခင်လောင်း တစ်ယောက် ရှေ့မှာ ကလေးမွေးတာဟာ ကြောက်စရာ ကောင်းတယ်လို့ တဖွဖွ မပြောမိပါစေနဲ့။ ပုံမှန်ထက် မိခင်လောင်းတွေဟာ စိတ်အားငယ်တတ်တဲ့ အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
၂။ အလှအပတွေ ပျက်ဆီးနေပြီ
မိခင်လောင်းဟာ ကိုယ်ဝန်ကို လွယ်ထားရတဲ့ အတွက်ကြောင့် သူမရဲ့ အလှအပ ပျက်ဆီးချင် ပျက်ဆီးနေလိမ့်မယ်။ ဒါကို ဘေးနားက လူတွေက သူရဲ့အလှအပ ပျက်ဆီးမူတွေကို ဝေဖန်အပုပ်ချ မလုပ်သင့်ပါ။
၃။ ဘာဖြစ်လို့ ကလေးယူတာလည်း
တစ်ချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအစောကြီး ယူတာရှိတယ်။ မိခင်လောင်း ရှေ့မှာ ကလေးယူတာကို အပြစ်ပြောတာဟာ မိခင်လောင်းရဲ့ ကလေးမွေးဖွားခြင်း သတ္တိကို ဆွဲချပါတယ်။ ဒါဟာ လုံးဝ အသေအချာပါ။ ဒါကြောင့် ကိုယ်ဝန်သည် တစ်ယောက်ကို ဘာဖြစ်လို့ ကလေးယူတာလည်း လို့ မမေးပါနဲ့။
၎။ ကလေးယူပြီးရင် ပင်ပန်းတော့မှာ
မိခင်လောင်းကို ကလေးရပြီးနောက် ပင်ပန်းတော့မှာလို့ ပြောတာဟာလည်း မိခင်တစ်ယောက်ရဲ့ စိတ်ကို ပင်ပန်းအားငယ်အောင် လုပ်ခြင်း တစ်မျိုးပါပဲ။ ဒါကြောင့် သူရှေ့ရောက်ရင် အားပေးပါ။ ခွန်အား ဖြစ်စေမယ့် စကားများကိုသာ ပြောပါ။
၅။ သူမကို ဒေါသကြီးစွာ မပြောမိစေနဲ့
မိခင်လောင်းကို ဒေါသကြီးစွာနဲ့ အော်တာ၊ စိတ်ဆိုးပြီး ပြောမိလိုက်တာ စတာတွေကို ဒီကိုယ်ဝန် လွယ်နေတဲ့ အတော်အတွင်းမှာ ရှောင်ရှားပါ။ အဲဒီလို မိမိက စိတ်ထဲက မပါဘဲ အော်လိုက်မိသော်လည်း စိတ်အားငယ်တတ်တဲ့ ကိုယ်ဝန်သည် တစ်ယောက်မှာ စိတ်ထိခိုက် သွားစေနိုင်ပါတယ်။
ဓာတ်ပုံ – kidsinthehouse.
ကျော်လင်းနိုင် (ပစ်တိုင်းထောင်)