(က​လေးများကို မ​ပြောရတဲ့ အချက်​ ၅၀)

“မေမေ ..သားသားကို အရုပ်ဝယ်ပေးပါ”
“နောက်တခါမှ ဝယ်ပါလားသားရယ် အရုပ်က ၁၂၀၀ ဆိုတော့ ပိုက်ဆံတွေ အများကြီးပေးရမှာပေါ့”
“အများကြီး မပေးရဘူးလေမေမေရဲ့ တထောင်တန် တရွက်နဲ့ နှစ်ရာတန်တရွက် နှစ်ရွက်ထဲလေ မေမေ”
“မဝယ်ပါနဲ့ သားရယ်”

မေမေကလဲ သားသားလိုချင်ရင် ဘယ်တော့မှချက်ခြင်းမရဘူး။ သားသားကြီးလာရင် အလုပ်လုပ်ပြီး မေမေ့ကို အရုပ်တွေအများကြီး ပြန်ဝယ်ပေးမှာပေါ့..ဒါပေမဲ့ အခုတော့ မေမေ အရင်ဝယ်ပေး ..မရဘူး မရဘူး ….

မေမေ ..သားသား ငိုချင်တယ် ဒါပေမဲ့မေမေက… မေမေလုပ်သမျှ ..အားလုးံသားအတွက်ဘဲလို့ ပြောတယ်။ ဟိုတနေ့က မေမေနှုတ်ခမ်းနီဝယ်တာ သားသားမှ ဆိုးလို့မရဘဲ။
မေမေဝယ်တဲ့ဖိနပ်လဲ သားသားနဲ့ မတော်ဘူး
ဒါပေမဲ့သားအတွက် ..အရာရာမေမေဖြည့်ဆည်းနေရတယ်ထင်လို့ ..သား မငိုရဲ ဘူး ။

မေမေ ..သားစာမကျက်ချင်ဘူး ..တခါတလေအမှတ်ကောင်းပြီး …တခါတလေအမှတ်နည်းပါတယ်။ အမှတ်ကောင်းတဲ့အခါ မေမေကသားသား တော်တယ်လို့ ပြောတော့ သားသိတ်ကျေနပ်တာဘဲ …မေမေက …သားတော်တယ်ဒါပေမဲ့ .အမြဲ အမှတ်ကောင်းအောင်မလုပ်နိုင်ဘူးလား ” လို့ ဘာလို့ ပြောတာလဲ
မေမေ့ရဲ့ ဒါပေမဲ့ဆိုတာ မပါရင် သိတ်ကောင်းမှာ။

ပြီးတော့ သားသား B ရတဲ့အခါ မေမေမဆူတာ ကျေးဇူးပါ။ A ရရင် ပိုကောင်းတာပေါ့လို့ မေမေပြောတော့ A မရမချင်း ..သားသား ကြိုးစားသမျှ မေမေက အသိမှတ် မပြုတာလားဟင် ။ A ဆိုတာတော်မှရတာလား …မေမေ ။သားသား B ရတာ ..မကြိုးစားလို့လား .. ။ ဘဲဥ ရတာမှမဟုတ်ဘဲ ..မေမေရယ်။ကြိုးစားမှု့တိုင်းရဲ့ရလာဒ်ကို …ယုံကြည်ပေးပါနော်။

ဟိုတနေ့က ..သားသား မေမေ့ကိုစိတ်ဆိုးအောင်လုပ်မိတယ်။ နင့်ကြောင့်ဒေါသထွက်ရတယ်လို့ မေမေ မပြောပါနဲ့ ….မေမေ့ကြောင့်လည်း သားသား ဒေါသထွက်ရတာဘဲ။ မေမေကလူကြီးဖြစ်ပြီး …စိတ်အေးအေးမှ မထားတာ။

သားသား မလိုင်ကြိုက်တယ်။ ချောကလက် ရေခဲမုန့်  ဟမ်ဘာဂါ အရမ်း အရမ်း ကြိုက်တယ်။ အဲဒါမစားနဲ့ ဝလာလိမ့်မယ်လို့ …မေမေခဏခဏပြောတယ်။ သားသား နာမလည်ဘူး။ဝ တော့ ဘာဖြစ်လဲမေမေ ။ ဘယ်လိုကျန်းမာရေးနဲ့ မညီညွတ်တာလဲ ။ သားသားနားလည်အောင် ပြောပါလား။

ဆရာမကသားသားကို ..,ဝတုတ်နေတာဘဲလို့ ပြောတယ်။ကိုယ်အလေးချိန်နဲ့ ပက်သက်ပြီး ဆရာမက ..သားသား စိတ်ကို ဝမ်းနည်းအောင် လုပ်တယ်။

မေမေကလဲ ရော့ ဒါတွေစား ဆိုပြီး အရွက်ခါးခါးတွေ အသီးစိမ်းစိမ်းတွေ ကျွေးတယ်။
ဒါတွေစားရင် ဘာဖြစ်မှာလဲ။ ဘယ်လိုပျော်စရာကောင်းလဲ သိရင် သားသား စိတ်ဝင်စားမှာ ပေါ့။

မှန်ရှေ့မှာ မေမေက ခါးထောက်ပြီး ငါသိတ်ဝနေပြီ ဝိတ်ချရမယ်လို့ ပြောတယ်။သားသားက မေမေ သိတ်လှတယ်လို့ထင်တာ။မေမေ အဲဒ်ီလိုပြောသံကြားတော့ သားသားလဲ ငါရော ဒီလိုဘဲလား လို့ ကိုယ့်ကိုကိုယ် မချစ်တော့ဘူး။စိတ်ပျက်သွားတယ်။
မေမေက သားသားကြားအောင် ပြောတာကိုး။

ငါ ငယ်ငယ်က ဆေးလိပ်သောက်တယ်။ဆေးချတယ် လို့ ကျောင်းမှာ ဆရာက ပြောပြတယ်။
ဆေးချတဲ့ ကြောက်စရာကောင်းပုံတွေ ဆရာက ဆက်ပြောလို့ တော်သေးတာပေါ့။
မဟုတ်ရင် သားသားတို့က အတုယူတော့မှာ။

မေမေ ..သားသား ငိုတာဝမ်းနည်းလို့ပါ။
ငိုနေတာ အခုရပ်လိုက် လို့ မေမေ မပြောပါနဲ့ ..ရပ်လို့မှ မရဘဲ ။ ပျော်ရွှင်တာ ဝမ်းနည်းတာတွေကို သားသား ခံစားပါရစေ။
မေမေရော ငိုနေရင် ချက်ခြင်းမျက်ရည်တိတ်လို့လား။

သားသား ညတိုင်းဖက်အိပ်နေကျ အရုပ်လေး လက်တဖက်ပြတ်သွားလို့ သားသားဘာမှ မစားချင်တော့ဘူး။ ဘာမှမဟုတ်ပါဘူး အသေးအမွှားပါလို့ မပြောပါနဲ့လား မေမေ။
မေမေသာ သားသားနဲ့တူတူ ဝမ်းနည်းပေးရင် ဒီလိုခံစားရတာ ငါတယောက်ထဲမဟုတ်ဘူး ဆိုတဲ့ အဖော် သားသားလိုချင်တယ်။

စိတ်အေးအေး ထား လ်ို့ ခဏခဏ မပြောပါနဲ့ မေမေရာ ။ စိတ်အေးအေးမထားနိုင်လ်ို့ ပူတာပါ။ မေမေက ဘေးကနေ တည်တည်ငြိမ်ငြိမ်နေရင် သားတဖြေးဖြေး စိတ်အေးအေး ထားဘို့ သတိရလာမှာပါ။

သားမပျင်းဘူး မေမေ
စိတ်မပါတာနဲ့ ပျင်းတာ မတူဘူး မဟုတ်လား။
အရုပ်လေးတွေဆက်တာ သားသား ဝါသနာပါတယ်လေ။ နာရီပေါ်င်းများစွာ အာရုံစိုက်နိုင်ပါတယ်။ မပျင်းပါဘူး မေမေရဲ့။

လောလော လောလောနဲ့ မြန်မြန်လုပ် မြန်မြန်လုပ်လို့ ခဏခဏ တွန်းအားမပေးပါနဲ့ မေမေ
သားသား စိတ်ဖိစီးလို့ နှလုးံရောဂါ ရလိမ့်မယ်။

မေမေပြောတာ အကြိမ်တသောင်းလောက်ရှိလဲ တချို့ဟာတွေ သားသားမှ မမှတ်မိတာ။
သားသား မှတ်မိချင်တာမှတ်မိပြီး မမှတ်မိချင်တာ မှတ်မထားဘူး။ အဲဒါ မေမေညံ့ လ်ို့ပေါ့။

ကလေးမဟုတ်တော့ဘူး မကြောက်နဲ့ လ်ို့ မေမေ ပြောတော့ သားသားက အခု လူကြီးလား။ ဟိုတနေ့က မေမေ့ကို သားသား က ဝါးး ဆိုပြီးခြောက်တုန်းက မေမေကြောက်တယ်လေ။

တခါတလေ မေမေ့စကားတွေသားသား နားမလည်ဘူး။ ကလေးမဆန်နဲ့ ဆိုတာ ဘာလဲ မေမေ။သားသားကို .. လူကြီးမဆန်နဲ့ ပြောရမှာ မဟုတ်ဘူးလား။

သားသားကို ဟာသမလုပ်နဲ့မေမေ။သားသား အူကြောင်ကြောင် နိုင်တယ် လို့ မေမေ ထင်လို့ ဟာသ လုပ်တာ ။သားသား မကြိုက်ဖူး။ သားသား ကြီးလာရင် မေမေ့ရုးံမှာ ရုးံတက်မယ်
ရုးံဆင်းရင် မေမေနဲ့ သားနဲ့ ပန်းခြံထဲမှာ တူတူ ဆော့မယ် ပြောတာ ဘာလို့ရီတာလဲ။
သားသားကြီးလာရင် ကျောင်းအုပ်ဆရာကြီးလုပ်မယ်
ဘာဖြစ်လို့လဲ မေမေမေးတယ်။
ကလေးတွေကို ရိုက်ချင်လို့ လို့ ပြန်ပြောတာ
မေမေ ရီတယ်။ မေမေက မယုံလို့လား။

အကုန်လိုချင်တာဘဲ ..တကိုယ်ကောင်းမဆန်ရဘူး ပြောတော့ လူဘဲမေမေ။ ကိုယ့်က်ုကိုယ် ချစ်တာ အဆန်းလား။

ဒါပေမဲ့ သားသားကိုစိတ်ပျက်တယ်လို့ မေမေ မပြောပါနဲ့။ မေမေက သားသား ကမ္ဘာ မို့ပါ။

မေမေ့ကို ဝမ်းနည်းအောင်လုပ်တယ်လို့ ဘာလို့ထင်ရတာလဲ။ လူကြီးတယောက်ကို ကလေးတယောက်က စိတ်ခံစားချက် ပျက်စီးအောင် လုပ်နိုင်လို့လားမေမေ။ မေမေသာ နုနယ်တဲ့ သားသားစိတ်ကို ဒဏ်ရာပေးနိုင်တာပါ။

ဒါမလုပ်ရဘူးဆိုတဲ့ မေမေ့ တားမြစ်ချက်တွေမှာ သားသားနားမလည်လို့ပါ။ ဘာ့ကြောင့်မလုပ်သင့်တာ သိရင် သားသား နားထောင်မယ်။

ပြောစကားနားမထောင်ရင် အခုလှည့်ပြန်မယ်လို့ မေမေခြိမ်းခြောက်တာလား။ ဒါဟာ ပုန်ကန်လိုစိတ်ကို တွန်းအားပေးတယ်ဆိုတာ မေမေသိရင် သိတ်ကောင်းမှာဘဲ။

မေမေ့အိမ်မှာနေရင် မေမေ့စည်းကမ်းကိုလိုက်နာရမယ် ဆိုရင် မလိုက်နာချင်ရင်ကော မေမေ
အိမ်ပေါ်က ဆင်းသွားရင် မေမေ မငိုနဲ့နော်။

မေမေငယ်ငယ်ကလဲ ဒီစည်းကမ်းနဲ့ ကြီးပျင်းခဲ့ရတာလို့ မပြောပါနဲ့။
မေမေနဲ့ သားသား တူမှမတူဘဲ ။ မေမေ့အဖေနဲ့ သားသား အဖေလဲ မတူဘူးလေ။

ငါပြောသားဘဲလို့ ပြဿနာဖြစ်ခါမှ ဂုဏ်မယူပါနဲ့ မေမေရာ။ မေမေက ငါအမြဲမှန်တယ်လို့ ဂုဏ်ယူချင်တာနဲ့ သားသားက ပိုသိမ်ငယ်ရမှာလား။

မေမေ မကြိုက်တဲ့သားသားအကျင့်တွေကို မုန်းတယ်လို့ မေမေပြောတာလား။
သားသားလဲ မေမေ့ အကျင့်တချို့ကို မကြိုက်ဘူး။

ဒီလိုပြုမူတာ မင်းအတွက်ရှက်စရာကောင်းတယ်လ်ို့ မေမေပြောရင် သားသားက မေမေ့ရှေ့မှာ ရှက်နေပါပြီ။ သားကိုယ်သား …ကမ္ဘာလောကကြီးက ထွက်မပြေးချင်အောင် မေမေတယောက်ထဲကာကွယ်ပေးပါ။ လုံလောက်ပါပြီမေမေ။

သားထက်ငယ်တဲ့ ကလေးတယောက်ကို သားရိုက်မိတယ်။ မေမေပြောတာ သားရီချင်တယ်။ သားက မသိလ်ို့ရိုက်မိတာဘဲ ဟုတ်တယ်မလား နောက်မရိုက်နဲ့နော်တဲ့…...
ဟင့်အင်း သားသားသိတယ် ….ရိုက်ချင်လို့ ရိုက်တာ။

နင်နဲ့ နင့်အဖေ တူတူဘဲ လို့ မပြောပါနဲ့
သားသားဘယ်သူနဲ့မှ မတူချင်ဘူး။

ဘယ်သူနဲ့ တူအောင်လုပ်
နင့်အကို ကြည့်စမ်း
သိတ်တော်တယ်
အဲဒါတွေမကြားချင်ဘူး
မေမေ့စကားတွေ မကြားချင်ဘူး
မေမေ့နှလုးံသားထဲမှာ သားသားကဘယ်နေရာမှာလဲ ။

ညီမလေးကို စိတ်မဆိုးပါနဲ့လ်ို့ မပြောနဲ့မေမေ….
ချစ်ခြင်းမုန်းခြင်းကိုခံစားရတဲ့အခါ ….ရေကာတာ ဆောက်သလို တားလို့မရဘူး ။
ဆင်ခြင်ဆုးံဖြတ်နိုင်အောင်သာ …မေမေသင်ပေးပါ။

ပြီးတော့ …တခါတလေမေမေက သားသားကိုပြောတယ်။ အတုမရှိ ပြည့်စုံတဲ့ မေမေ့ရဲ့ နတ်သားလေးတဲ့။ ဒါဆို ဘာလို့ ဆူလဲ။ အဲလိုအရမ်း ချီးကျူး မြှောက်စားပြီးရင် ….သားသားက ဆူတာမကြိုက်တော့ဘူး ဘဝင်မြင့်သွားလ်ု့။

သားသူငယ်ချင်းထက် ….သားကပိုတော်တယ်လို့ မေမေ မပြောပါနဲ့… သားသားလူတွေကို ချစ်တယ်။

သားသားမေးတဲ့အခါ အမှန်တိုင်းဖြေပါမေမေ
သားသား မေမေ့ကို …အမြဲအတုယူနေရလို့ပါ။

မေမေ မငိုပါဘူး..မေမေဘာမှမဖြစ်ပါဘူးလို့ မျက်ရည်တွေကျနေရဲ့သားနဲ့ …ဟန်မဆောင်ပါနဲ့မေမေ
ရှက်စရာ မှ မဟုတ်ဘဲ
သားသားလဲငိုချင်တဲ့အခါ …မျက်ရည်ကျပါရစေ
ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းဆိုတာ …လွတ်လပ်စွာ ခံစားရတဲ့ အပြစ်ကင်းခြင်းလို့ ….မေမေ့ဆီက သင်ယူပါရစေ။ ဖုးံကွယ် ဟန်ဆောင်ခြင်းရဲ့ နောက်မှာ ရှက်ရွံ့ခြင်းနဲ့ မပွင့်လင်းခြင်းပါလို့….
မြိုသိပ်ရတဲ့ ခံစားချက်က ….သိမ်ငယ်အားငယ်ခြင်းကို ဖြစ်စေတတ်တယ်မေမေ။

မေမေ့ကိုသားသား ချစ်တယ်
သားသားကို မဆူပါနဲ့နော်။