သားသားမီးမီးတို့ အရပ်ရှည်စေဖို့ အတွက် ဘာတွေစားရမလဲ ?

သားသားမီးမီးတွေ အရပ်ရှည်ဖို့အတွက် လုပ်ဆောင်ပေးလို့ ရတာတွေကလည်း များပါတယ်။ အရပ်ရှည်ဖို့အတွက်က အစားအစာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်လို့ ရပါတယ်။

သားသားမီးမီးလေးတွေ အရပ်ရှည်တာလေး မြင်ချင်တယ်ဆိုရင်တော့ မေမေတို့ လုပ်ပေးလို့ ရပါတယ်။ သားသားမီးမီးတွေ အရပ်ရှည်ဖို့အတွက် လုပ်ဆောင်ပေးလို့ ရတာတွေကလည်း များပါတယ်။ အရပ်ရှည်ဖို့အတွက်က အစားအစာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်လို့ ရပါတယ်။ အခု Kalay က သားသားမီးမီးလေးတွေ အရပ်ရှည်ဖို့ ဘာတွေ ကျွေးရမလဲ ဘာတွေ စားဖို့လိုလဲ ဆိုတာ မျှဝေပေးလိုက်ပါတယ်။

သားသားမီးမီးလေးတွေရဲ့ အရပ်အရှည်ဟာ မျိုးရိုးပေါ်မှာ မူတည်ပါတယ်။ မေမေ ဖေဖေတို့က အရပ်ပုတယ်ဆိုရင် သားသားမီးမီးလေးတွေ အရပ်အရမ်းရှည်စေဖို့ မျှော်လင့်ထားလို့ မရပြန်ပါဘူး။ အစားအစာ၊ အားဆေးနဲ့ ကျန်းမာရေးအခြေအနေတွေ အားလုံးကတော့ အရပ်ရှည်ခြင်းအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။

အရပ်ရှည်ဖို့အတွက် ဗီတာမင်၊ ပရိုတင်း၊ အစေ့အဆံနဲ့ ကောင်းမွန်တဲ့ အဆီတွေလည်း စားသုံးပေးဖို့ လိုပါတယ်။ နောက်တစ်ခုက ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးသောက်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

ပဲအမျိုးမျိုး

ပဲတွေက အစားအစာတွေထဲမှာ အာဟာရ အပေးနိုင်ဆုံး အစားအစာပါပဲ။ ပဲတွေမှာ ပရိုတင်း၊ အမျှင်ဓါတ် စတာတွေလည်း ပါဝင်ပြီး အရပ်ရှည်စေတဲ့ တစ်ရှူးတွေကို အထောက်အကူပြုပါတယ်။ မေမေတို့ သားသားမီးမီးလေးတွေအတွက် အစားအစာ ချက်တဲ့အခါ ပဲအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ ထည့်ချက်ပါနော်။

အသီးအရွက်များ

မေမေတို့ရေ အသီးအရွက်တွေမှာ အရပ်ရှည်ဖို့ အထောက်အကူပြုနိုင်တဲ့ သတ္တုဓါတ်နဲ့ ဗီတာမင်တွေ စုံစုံလင်လင် ပါရှိပါတယ်။  ဒါဟာ အရပ်ရှည်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို ဖြစ်ပေါ်စေတာမို့ များများလေး ကျွေးပေးပါ။

ငါး

မေမေတို့ရေ သားသားမီးမီးလေးတွေရဲ့ ဖြည့်စွက်စာထဲမှာတောင် ငါး ထည့်ကျွေးပါနော်။ ငါးမှာ ဗီတာမင်ဒီ ပါဝင်ပြီး အရပ်ရှည်စေနိုင်တဲ့ အစားအစာပါပဲ။ အရပ်ရှည်စေတဲ့အပြင် အရိုးတွေရဲ့ သိပ်သည်းဆကိုလည်း တိုးမြင့်စေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကတော့ သားသားမီးမီးလေးတို့ နည်းနည်းလေးကြီးမှ ကျွေးတာ ကောင်းပါတယ်။ ငှက်ပျောသီးထဲမှာ ဆိုဒီယမ် ပါဝင်ပြီး ဒီဆိုဒီယမ် ဓါတ်ဟာ အရပ်ရှည်စေနိုင်တဲ့ အသီးအနှံပါပဲ။