နုနယ်လွန်းတဲ့ကလေးတွေအတွက် သတိထားသင့်တဲ့အချက် (၃)ချက်

၅ နှစ်အောက်ငယ်တဲ့ သားသားမီးမီးလေးတွေက အရမ်းကိုနုနယ်လွန်းပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေကို ကိုင်တွယ်တဲ့အခါမှာ သတိထားသင့်တဲ့အချက်လေးတွေကို သိသလောက်မျှဝေပေးပါ့မယ်။

(၁) ၅ နှစ်အောက်ငယ်တဲ့ သားသားမီးမီးလေးတွေကို တံတောင်ဆစ်ကနေ ဆွဲမတာမျိုးတွေမလုပ်ပါနဲ့။ ကလေးတွေရဲ့ အရိုးတွေက ပုံမှန်မဟုတ်သေးတာကြောင့်ပါ။

(၂) ၅ နှစ်အောက် ငယ်တဲ့ ကလေးတွေကို ဆွဲခါပြီးရမ်းတာတွေ မြှောက်ချီပြီးဆော့ကစားတွေလည်း မပြုလုပ်ပါနဲ့နော်။ ကလေးကို ပြင်းပြင်းထန်ထန် လှုပ်ရမ်းတာကြောင့် ဦးနှောက် ပျက်စီးမှုတွေဖြစ်တတ်ပါတယ်။ ငယ်ရွယ်သေးတဲ့ကလေးရဲ့ ဦးနှောက်ထဲက သွေးကြောလေးတွေက နုနယ်လွန်းသေးတာကြောင့်ပါ။

(၃) ၅ နှစ်အောက်ငယ်တဲ့ ကလေးတွေကို ငြိမ်ရင်ပြီးရော ဆိုပြီး အီလက်ထရောနစ်ပစ္စည်းတွေ ပေးမကိုင်ပါနဲ့။ ကလေးတွေက အမြင်အာရုံတွေ ပျက်စီးသွားနိုင်တာကြောင့်ပါ။