Baby Carrier

ကလေးတွေကို အပြင်ခေါ်တဲ့အခါ baby wrap တော်တော်လေး သုံးသင့်တယ်။ လက်နဲ့ ချီထားတာနဲ့စာရင် ပိုပြီး စိတ်ချရလို့ပါ။ ကိုယ့်ဘာသာ လက်ချော်ပြီးပဲ ဖြစ်ဖြစ်၊ မတော်တဆ ခြေလှမ်းမှားလို့ပဲ ဖြစ်ဖြစ်၊ လမ်းလျှောက်နေရင်း သူများ ကိုယ့်ကို လာတိုက်မိရင်ပဲ ဖြစ်ဖြစ် လက်ကနေ ကလေး ပြုတ်ကျသွားနိုင်တာကို ကာကွယ်နိုင်တာပေါ့။

လသားကလေးလေးတွေကို Baby carrier/ baby wrap သုံးရင် ထိုင်တဲ့ပုံစံ မှန်ဖို့ လိုပါတယ်။ ကလေးရဲ့ ဒူးဟာ ကလေးရဲ့ တင်ပါးထက်ကို မြင့်နေရပါမယ်။ တနည်းအားဖြင့်ကလေးဟာ ဆောင့်ကြောင့် ထိုင်နေတဲ့ပုံစံ ဖြစ်နေရပါမယ်။ မတ်တပ်ရပ်နေတဲ့ ပုံစံ မဖြစ်ရပါဘူး။ ဒါလေးသတိထားရင် baby wrap က တော်တော် အသုံးဝင် အဆင်ပြေပါတယ်
😊

ဖြည့်စွက်>> Baby carrier / baby wrapကို ကျမ သုံးတယ်ဆိုရာမှာ အိမ်နီးနား တဝိုက် သွားတာလောက် တစ်နာရီ နှစ်နာရီ လောက်ပဲ ကလေးကို ထည့်ထားတာပါ။ တနေကုန် baby wrap နဲ့ ချီထားတာ မဟုတ်ပါဘူးနော်။ တနေကုန်သွားမယ့် ခရီးဆို ကလေးတွန်းလှည်းယူပါတယ်။ တွန်းလှည်း ကပိုပြီး ကောင်းတာပေါ့။ အိမ်နေရင်းလည်း baby wrap မသုံးပါဘူး။
လူခွဲလည်း မရှိ၊ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံအရ လိုအပ်ချက် ရှိတော့ သုံးရတယ်။ သုံးသင့်တယ်ပေါ့။
အဲလိုသုံးတဲ့အခါ စိတ်ချရတဲ့ ပုံစံ နဲ့ ကလေးတွေကို လွယ်သင့်ပါတယ်။

Credit : Yu Nge