ကိုယ်ဝန်ကာလမှာ အရေးကြီးလုပ်ဆောင်သင့်တဲ့ ကိစ္စ(၂)ရပ်
|ကလေးမွေးတဲ့အခါ ခွဲမွေးတာပဲဖြစ်ဖြစ်၊ ရိုးရိုးမွေးတာပဲဖြစ်ဖြစ် ကလေးမွေးတဲ့အချိန်မှာ မိခင်ဟာ ခွန်အားအပြည့်ဖြစ်နေဖို့လိုပါတယ်။
ကိုယ်ဝန်ကာလ အင်အားပြည့်စေဖို့ဆိုတာ အစားအသောက်နဲ့ အိပ်စက်ခြင်းတို့ လုံလောက်ဖို့လိုပါတယ်။ အလုပ်ခွင်ဝင်ရတဲ့ မေမေတို့အတွက်ဆို ပိုလို့တောင် ဂရုစိုက်ဖို့ လိုပါတယ်။ ခွဲမွေးတာပဲဖြစ်ဖြစ်၊ ရိုးရိုးမွေးတာပဲဖြစ်ဖြစ် ကလေးမွေးတဲ့အချိန်မှာ မိခင်ဟာ ခွန်အားအပြည့်ဖြစ်နေဖို့လိုပါတယ်။
အာဟာရပြည့်ဝဖို့လိုသလို အာဟာရစားသုံးမှုမှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်ရဲ့ အစားအသောက်တွေဟာ သန္ဓေသားအတွက် အင်အားဖြစ်စေလို့ ဖြစ်ပါတယ်။ မိခင်စားသုံးတဲ့အာဟာရမှားယွင်းတဲ့အခါ သန္ဓေသားရဲ့ အာရုံကြောချို့ယွင်းတာ၊ မှတ်ဉာဏ်ချို့ယွင်းတာတွေ ဖြစ်နိုင်လို့ပါ။
နောက်တစ်ခုကတော့ အာဟာရပြည့်ရင်ပြီးရော ကြိုက်တာအကုန်စားမယ်ဆိုတာမျိုးလုပ်လို့လည်း မရပြန်ပါဘူး။ ဆီကြော်မုန့်တွေ၊ အသင့်စားအစားအစာတွေက မိခင်ရော ကလေးရဲ့ သန်စွမ်းမှုအတွက် တန်ဖိုးမဲ့တဲ့ အစားအပိုတွေဖြစ်ပါတယ်။ မေမေတို့ အသားဓါတ်လိုအပ်ပါတယ်။ ပရိုတိန်း၊ ဗီတာမင်နဲ့ သံဓါတ်တွေပါဝင်တာတွေ စားပေးရပါမယ်။ အသားတွေစားတဲ့အခါ အဆီမများတာတွေ စားရင် အကောင်းဆုံးပါ။ အရောင်စုံတဲ့ အသီးအရွက်တွေ တွေကို နေ့တိုင်းစားပေးပါ ။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် အေ၊ စီ နဲ့ ကေ တို့ကြွယ်ဝစွာပါဝင်ပြီး ဟင်းနုနွယ်၊ ကိုက်လန် နဲ့အခြားသောအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ စားပေးပါ။
နောက်တစ်ခုက အိပ်ချိန်လုံလောက်ဖို့ပါ။ ကိုယ်ဝန်ကာလတွေမှာ ဆီးမကြာခဏသွားရတာနဲ့ အိပ်ရာက ခဏခဏထရတာနဲ့တင် အိပ်ရေးပျက်ရပါတယ်။ ဒါကြောင့် နေ့ခင်းဘက်တွေမှာ မကြာခဏပြန်အိပ်ပေးဖို့ လိုပါတယ်။ အိပ်နေချိန်မှာ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေဟာ ပြုပြင်စရာတွေကို သူ့ဟာသူပြုပြင်နေပါတယ်။ ဖုန်အားသွင်းသလိုပေါ့။ ခန္ဓာကိုယ်လည်း အားသွင်းဖို့လိုပါတယ်။ အရေပြားရဲ့ အရေးကြိီးတဲ့ ကော်လာဂျင်အသစ်တွေကို အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်က ထုတ်ပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်စက်ခြင်းက အသားအရေကို ကြည်စေတယ်။ မျက်လုံးအောက်က အမဲရောင်ကွင်းကို ပျောက်စေတယ်၊ နောက်ပြီးအသက်ကြီးတဲ့ ဖြစ်စဉ်ကို လျော့ချပေးပါတယ်။