ဖျားနေသော ကလေး ရေမချိုးရ ဆိုသော အယူအဆနှင့် ရေချိုးမှားရင် ဖျားတတ်သည်ဆိုသော အယူအဆ

Heat Stroke (အပှုရှပ်ခြင်း) သည် အလွန်ပူပြင်းသောရာသီ၊ အလွန်ပူပြင်းသောဒေသတွင် ငယ်ရွယ်လွန်းသော ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် တွေ့တတ်သည်။ ရုတ်တရက် ချွေးမထွက်နိုင်၍ ဖြစ်ရခြင်းမျိုးဖြစ်သည်။
အထူးသဖြင့် နေ့လည်နေ့ခင်း အလွန်ပူသောအချိန်တွင် ရေတွင်း ရေကန်များဘေး ပူလောင်သောနေရောင်အောက်တွင် ချိုးခြင်းမျိုးဖြစ်သည်။ ရေကြောင့် အဓိက မဟုတ်။ နေကြောင့်နှင့် ပတ်ဝန်းကျင်က ဟပ်လိုက်သော အပူကြောင့် ဖြစ်သည်။အပူရှပ် သည် ဟုပြောရမည်။
ဒါမျိုးကို ဆင်ခြင်ဖို့ ကျန်းမာရေးဦးစီးဌာနမှလည်း ပုံမှန်သတိပေးချက် ထုတ်ပြန်လေ့ရှိသည်။ အိမ်တွင်းတွင် နေအေးသောအချိန် ရေချိုးသည်ကတော့ ပြသနာမရှိတန်ရာ။ အပူဒဏ်ကိုလည်း ကာကွယ်ရာရောက်မည်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အားပေးရာရောက်၍ ပိုးမွှားတို့ကင်းစင်မည်။
ဖျားနေသောကလေးကလည်း_ရေချိုး၍ရပါသည်။ ရောဂါကလည်း နမိုးနီးယားခေါ် အဆုတ်အအေးမိ ရောဂါမျိုှး ဖြစ်မည်။
ရာသီဥတုကလည်း ဆောင်းတွင်း အေးမြသော ရာသီဥတုမျိုးဖြစ်မည် ဆိုလျှင်တော့ ရေနွေးကလေး စပ်သင့်သည်။ မြန်မြန်ကိုယ်ဖတ် သုတ်သင့်သည်။ တခြားသော အဖျားများတွင်တော့ အဖျားကြီးရင်တောင် ရေချိုးချရသေးသည်ပဲ။ စိမ်မချိုးလျှင်ပြီးရောပေါ့
အဖျားကြီးသော ကလေးကို ရေဖတ်တိုက်ခြင်းကိုပင် ကျွန်တော်တို့အားမပေး။ ပူနေသောကလေးကို ရေဖတ်တိုက်ပေးနေသော မိခင်တစ်ယောက်ကို မြင်ယောင်ကြည့်စမ်းပါ။ နဖူးကလေး ရေ၀တ်နှင့် တို့လိုက်၊ ပါးကလေး ရေ၀တ်နှင့်တို့လိုက်နှင့် တို့ကနန်း ဆိတ်ကနန်း မ၀ံ့မရဲလုပ်နေသည်မှာ တစ်နာရီသာ ကြာသွားမည်။ အဖျားကမကျ။
တကယ်တမ်းတော့ အဖျားကြီးသော ကလေးကိုဆေးရုံမှ သူနာပြုဆရာမများ လုပ်သလိုရေတစ်ခွက်ပြီး တစ်ခွက် မြန်မြန်လောင်းချိုးချပြီး မြန်မြန်ပြန်သုတ်ပေးမှသာ အဖျားလည်းကျ၊ အအေးလည်းမမိဖြစ်မည်ပင်။
ရေခဲရေလည်းမသုံးစေချင်။ သာမန်ရေ ရိုးရိုးသည်ပင် အပူချိန်ကိုဆွဲချရန် လုံလောက်ပြီး ဖြစ်သည်။ သာမန်အပူချိန်ရှိသူ လူကြီးပင် ထိလိုက်တာနှင့် အလွန်မသက်မသာဖြစ်စေသော ရေခဲရေကို သာမန် အပူချိန်ထက် မြင့်နေသူကလေးက ထိလိုက်တိုင်းခံစားရရှာပေလိမ့်မည်။
ပြီးတော့ ရေခဲရေနှင့် တွေ့သော ကလေး၏ ချွေးပေါက်ကလေးများက ကျုံ့ဝင်သွားပြီး ချွေးထွက်နည်းသွားတတ်၍ နောက်ပိုင်းတွင် အဖျားပြန်တက်တတ်ပြန်သည်။ ထို့ကြောင့် ရေရိုးရိုးသာ သုံးသင့်ပါသည်။Credit : ဆရာဒေါက်တာရဲမြင့်ကျော်
ကလေးကျန်းမာရေးဆိုင်ရာ အယူအဆ အမှားများ စာအုပ်မှ..

www.facebook.com/BabyCareOnlineStore

Credit to Original uploader