ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ အားကစားလုပ်ရမယ့်အချိန်
|အားကစားလုပ်ခြင်းက မိခင်ရော ကလေးအတွက်ပါ အကျိုးများစေနိုင်တာမို့၊ ဆရာဝန်ရဲ့ ဆေးစစ်ချက်ကောင်းမွန်တယ်ဆိုရင်တော့ မိခင်လောင်းတို့အနေနဲ့ စတင်လုပ်ဆောင်ပါ။
ကိုယ်ဝန်ကာလရဲ့ အစောပိုင်းကာလတွေဖြစ်တဲ့ အချိန်တွေမှာတော့ မေမေတို့ လေ့ကျင့်ခန်းတွေ လုပ်လို့ မရသေးပါဘူးနော်။ သန္ဓေသားလေးက မိခင်ရဲ့ သားအိမ်ထဲ သန္ဓေတည်ကာစဖြစ်လို့ ကိုယ်ဝန်ကာလရဲ့ နုနယ်တဲ့အချိန်လို့ပြောရမှာပါ။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်မိရင် ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ကာလ ဒုတိယပတ်နဲ့ တတိယပတ်တွေမှာ မိန်းမကိုယ်က သွေးဆင်းတာတွေဖြစ်နိုင်လို့ အဲဒီအချိန်တွေမှာ ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်ဝန်ကာလ ဒုတိယပိုင်းဖြစ်တဲ့ (၅) လကျော်လောက်မှာတော့ မေမေတို့အားကစားလုပ်ဆောင်ပေးလို့ရပါပြီ။ ကိုယ်ဝန်ကာလ(၅)လကျော်ကနေ မွေးသည်အထိ မေမေတို့က အားကစားလုပ်ဆောင်ပေးခြင်းအားဖြင့် ဗိုက်ထဲကကလေးအတွက်ရော၊ မေမေလောင်းတို့အတွက်ပါ ကောင်းမွန်ပါတယ်။
ဒါပေမယ့် ဒီလို အားကစား လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ရာမှာလည်း ဆရာဝန်နဲ့ အသေအချာတိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်လရင့်ပေမယ့်လည်း အားကစားလုပ်လို့မရတဲ့ ပြဿနာတွေလည်းရှိပါတယ်။ အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ အမြွှာကိုယ်ဝန်ဖြစ်နေတာ၊ သွေးဖိအားများတာ၊ ပြင်းပြင်းထန်ထန်သွေးအားနည်းနေတာ စတဲ့ ရောဂါတွေရှိနေရင်တော့ အားကစားလေ့ကျင့်ခန်းလုပ်လို့ မရနိုင်ပါဘူး။
အားကစားလုပ်ခြင်းက မိခင်ရော ကလေးအတွက်ပါ အကျိုးများစေနိုင်တာမို့၊ ဆရာဝန်ရဲ့ ဆေးစစ်ချက်ကောင်းမွန်တယ်ဆိုရင်တော့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာလုပ်ဆောင်ရမယ့် အားကစားနည်းလေးတွေကို ရှာဖွေထားပါ။ အွန်လိုင်းကနေနည်းယူပြီး လုပ်ဆောင်မလား ဒါမှမဟုတ် နည်းပြနဲ့ လုပ်ဆောင်မလားဆိုတာ ရွေးချယ်ပါ။
Kalay ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကိုယ်လက်လှုပ်ရှားလုပ်ဆောင်နိုင်ဖို့အတွက် အကြံကောင်းလေးတွေ ပေးထားပြီးသားဖြစ်ပါတယ်နော်။ အကယ်၍ အဲလိုလုပ်ဆောင်ဖို့မလွယ်ဘူးဆိုရင်လည်း မနက်ခင်း တစ်နာရီလောက်အချိန်ပေးပြီး လမ်းမြန်မြန်လျောက်ပေးပါ။ ဒါကတော့မှားယွင်းမှုမရှိတဲ့ အကောင်းဆုံးအားကစားပါပဲ။