ကိုယ်ဝန်ဆောင်နှင့် သွားကိုက်သွားနာ

အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်နေချိန်မှာ သွားဖုံးသွေးယိုတာတွေ၊ အံသွားချောင်လာတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် သွားနဲ့ ပတ်သက်တဲ့ ရောဂါတစ်မျိုးက လမစေ့ဘဲ ကလေးမွေးတာတွေ၊ မွေးလာတဲ့ ကလေး ပေါင်ချိန်မပြည့်တာတွေ ဖြစ်စေတတ်တာမို့ ကိုယ်ဝန်မယူခင်ကတည်းက သွားကျန်းမာရေးကို ဂရုစိုက်ရမယ်နော်။