ကိုယ်ဝန်ဆောင်မေမေတို့ စားသုံးသင့်တဲ့ ဆန် အမျိုးအစားက ဘာလဲ

မကောင်းတဲ့ အဆီတွေကို ဖယ်ပေးလို့ ဝိတ်မတက်စေဘူး။ ဆန်လုံးညိုစားသူတွေက အားရှိပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေတာကြောင့် အထူးဝိတ်ချဖို့မလိုပါဘူး။

ဆန်ဟာ မရှိမဖြစ်အစားအစာဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့ ဆန်ဖြူတွေက ဆန်လုံးညိုလောက် ကျန်းမာရေးအတွက်အထောက်အကူမပြုနိုင်ပါဘူး။ ဆန်လုံးညိုကို ကိုယ်ဝန်ဆောင်မိခင်တွေ ဘာကြောင့်စားသုံးသင့်တာလဲဆိုရင် အကျိုးကျေးဇူးတွေ အံ့မခန်းရှိနေလို့ဖြစ်ပါတယ်။

ဆန်လုံးညိုဟာ ကိုယ်ခံစွမ်းအားကိုကောင်းစေတယ်။ အဆီဓာတ်များတဲ့ အန္တရာယ်နဲ့ နှလုံး၊ ကင်ဆာ၊ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်တွေကို လျော့ချပေးပါတယ်။ ကိုယ်ဝန်သည်တွေအတွက်လိုအပ်တဲ့ ဗီတာမင်ဘီ 6 နဲ့ မက်ဂနီဆီယမ်လို သတ္တုဓာတ်တွေပါဝင်ပါတယ်။ မိခင်တွေအနေနဲ့ ပျို့တာအန်တာသက်သာအောင် ၈ နာရီခြားတစ်ခါ ဗီတာမင်ဘီ 6 သောက်ရတာဖြစ်လို့ ဆန်လုံးညိုကနေ ဘီ6 ဓာတ်ကို များများရနိုင်ပါတယ်။

ကိုလက်စထရော

ဆန်လုံးညိုမှာပါဝင်တဲ့ ကိုလက်စထရောက ခန္ဓာကိုယ်တွင်းကောင်းတဲ့ အဆီဓာတ်ကို တိုးမြင့်စေပြီး မကောင်းတဲ့ အဆီဓာတ်ကို လျော့ချပေးပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေခြင်း

စိတ်ဖိစီးမှုဖြစ်လာချိန်မှာဖြစ်တဲ့ ဆင့်ကဲစိတ်ပြဿနာတွေကိုကောင်းမွန်စေတယ်။ စိတ်ဖိစီးပြီးနုံးနေတဲ့ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဆန်လုံးညိုစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးတဲ့အခါ ကိုယ်ခံစွမ်းအားကျဆင်းစေတာဖြစ်လို့ ဆန်လုံးညိုက ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးလို့ပါပဲ။

အမျှင်ဓာတ်တွေများခြင်း

ဗီတာမင်နဲ့ သတ္တုဓာတ်များသလိုပဲ အမျှင်ဓာတ်ကလည်း အများကြီးပါဝင်ပါတယ်။ ဒီလိုအမျှင်ဓာတ်များတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ကိုလက်စထရော၊ သကြားဓာတ်၊ သွေးဖိအားစတဲ့ ဓာတ်တွေကို မျှတမှုရှိစေတယ်။ နောက်ပြီး ရင်သားကင်ဆာလို ရောဂါတွေကိုပါဆန့်ကျင်တိုက်ဖျက်ရာမှာ ကူညီပေးပါတယ်။ ဆန်လုံးညိုထဲမှာရှိတဲ့ အာဟာရဓာတ်တွေက အူနဲ့ ရင်သားမှာရှိတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုဓာတ်တွေကို တိုက်ထုတ်ပေးတယ်။ ဒါ့အပြင် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်။

အာဟာရဓာတ်ကြွယ်ဝခြင်း

ဆန်လုံးညိုမှာ နိုင်ရာစင်၊ မင်းဂနိစ်၊ ဖော့စဖရပ်၊ ဆယ်လီနီယမ်၊ ဇင့်ဓာတ်စတဲ့ ခန္ဓာကိုယ်စွမ်းအင်ကို တိုးတက်ကောင်းမွန်စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။

ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပေးခြင်း

မကောင်းတဲ့ အဆီတွေကို ဖယ်ပေးလို့ ဝိတ်မတက်စေပါဘူး။ ဆန်လုံးညိုစားသူတွေက အားရှိပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ ဆန်လုံးညိုကို စားသုံးပေးတာက မေမေလောင်းတို့အနေနဲ့ အထူးဝိတ်ချဖို့မလိုတော့ဘူးပေါ့။

အစာခြေစနစ်ကောင်းမွန်စေခြင်း

ဆန်လုံးညိုကို အဓိကအစားအစာအဖြစ်စားပေးခြင်းအားဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေတယ်။

credit: kalay