💙ဖေဖေသို့ ပေးစာ💙 *******************

သို့/
ဖေဖေ🔹
ဖေဖေ့ရဲ့မေမေ (သားတို့သမီးတို့ ဖွားဖွား)ကို ရိုသေလေးစားသလို သားတို့သမီးတို့ မေမေကို တန်ဖိုးထားပေးပါ။ 🔹

မေမေက ခေတ်ပညာတတ်ပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်ရင် မေမေတိုးတက်ဖို့ အခွင့်အရေးတွေပေးပါ။ ချီးကျူးပါ။ ပညာကို အသုံးချပြီး အများကောင်းကျိုးတွေပြုဖို့ အားပေးပါ။🔹

မေမေဟာ အကြောင်းအမျိုးမျိုးကြောင့် ပညာမတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ရင် ကူညီပါ။ စောင့်ရှောက်ပါ။ သိသင့်သိထိုက်တာကို အလင်းပြပါ။ လက်တွဲခေါ်ပါ။🔹

အဆင်မပြေတာရှိရင် ပြေလည်တဲ့အထိ ညှိနှိုင်းယူပါ။ ဘယ်လိုပဲဖြစ်ဖြစ် မေမေဟာ အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် မေမေ့ရဲ့ စိတ်နဲ့ ခန္ဓာ လုံခြုံမှု အတွက် သူရဲကောင်းတစ်ဦး ဖြစ်ပေးပါဖေဖေ။🔹

မှ/
သားနဲ့ သမီး🔹🔹
*****************************
မိခင်ကို တန်ဖိုးထားသော အမျိုးသားတိုင်း ရှောင်ရှားအပ်သောအချက်များ⛔️
*****************************
(၁) ဇနီးကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်း⛔️

ဥပမာများ
-လက်ဖြင့်ရွယ်ခြင်း
-လက်သီးနှင့်ထိုးခြင်း
-လက်ကောက်ဝတ် ချိုးလိမ်ခြင်း
-ရိုက်နှက်ခြင်း
-တွန်းထုတ်ခြင်း
-ဆံပင်ဆွဲခြင်း
-ပစ္စည်း၊ လက်နက်နှင့်နာကျင်စေခြင်း

(၂) ဇနီးကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်း⛔️

ဥပမာများ
-အသုံးမကျတဲ့မိန်းမဟု ပြောဆိုခြင်း
-ငါပြောရင်ပြန်မပြောနဲ့ဟု အာဏာပြခြင်း
-“မင်းငါ့ကို ရထားတာ ကံကောင်းတယ်၊ မဟုတ်ရင် ဘယ်သူမှ မင်းကိုယူမှာ မဟုတ်ဘူး”ဟု မကြာခဏပြောဆိုခြင်း
-“မင်းငါမကြိုက်တာလုပ်ရင် သတ်ပစ်မယ်”ဟု ခြိမ်းခြောက်ခြင်း
-“မင်း ထွက်သွားရဲရင် ထွက်သွားကြည့်၊ ကလေးတွေနဲ့ ဘယ်တော့မှ ပေးမတွေ့ဘူး” ဟု ခြိမ်ခြောက်ပြီး ရေရှည် အနိုင်ကျင့်ခြင်း
-လူအများရှေ့တွင် သိက္ခာချခြင်း

(၃) ဇနီးကို ငွေကြေးပိုင်းဆိုင်ရာ ထိန်းချုပ်လွန်းခြင်း⛔️

ဥပမာ
-စားဖို့၊ ဝတ်ဖို့၊ ဆေးကုဖို့၊ သားသမီး ပျိုးထောင်ဖို့ ငွေကြေးလုံလောက်စွာ မထုတ်ပေးခြင်း

(၄) ဇနီးကို လူမှုဆက်ဆံရေးနှင့်ပတ်သက်ပြီး ချုပ်ချယ်လွန်းခြင်း⛔️

ဥပမာ
-ဇနီး၏ သူငယ်ချင်း၊ မိတ်ဆွေ၊ မိဘဆွေမျိုးများနှင့် ဇနီးကို လွတ်လပ်စွာ ပေးမတွေ့ခြင်း

အထက်ပါ အပြုအမူများကို ရှောင်ရှားပြီး သားသမီး၏မိခင်ကို ချစ်မြတ်နိုးသော သူရဲကောင်းဖခင်များဖြစ်ကြစေရန် ရည်ရွယ်ရေးပါသည်။

#နေနေမိုးဆွေ ( Child Health Myanmar Page) မိခင်များနေ့ အမှတ်တရ💞
Photo Credits to Google
#naynaymoeswe