ကိုယ်ဝန်ပထမ ၄ လပတ်မှာ သွေးယိုစီး နေတယ်ဆိုရင် ဘာလုပ်သင့်လဲ
|ကိုယ်ဝန်ဆောင်နေတုန်း အမျိုးသမီးတွေရဲ့ ၃၀% က သွေးထွက်တတ်ကြပြီး အခြေအနေ အားလုံးက စိုးရိမ်ရတာတော့ မဟုတ်ပါဘူး။
ပထမ ၄ လပတ်မှာ ကိုယ်ဝန်သည် အမျိုးသမီးတွေ တစ်ခါတလေ သွေးထွက်မှာပါ။ ဒါက ပထဆုံး ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေအတွက်ဆို ထိတ်လန့်စရာ ကြီးတစ်ခုပါ။ Marry Baby နဲ့ ဆက်သွယ်ပြီး ဒီလိုအခြေအနေတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ရှာဖွေလေ့လာလိုက်ပါ။
သွေးထွက်တဲ့ အဆင့်ပေါ် မူတည်တဲ့အတွက် အကြောင်းရင်းတွေကလည်း ကွာခြားမှာပါ။ ကိုယ်ဝန်ပထမ ၄ လပတ်မှာ သွေးယိုစီးတဲ့ ကိုယ်ဝန်သည် မိခင်တွေရဲ့ ၅၀% လောက်က ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
- လိင်ဆက်ဆံပြီးတဲ့အခါ သွေးထွက်ခြင်း။ ။ ဒီအဆင့်မှာ မိန်းမအင်္ဂါရဲ့ နံရံကပါးလွှာလွန်းတဲ့ အတွက် လိင်ဆက်ဆံပြီးတဲ့အခါ သွေးထွက်နိုင်ခြေများပါတယ်။
- မျိုးအောင်တာကြောင့် သွေးထွက်ခြင်း။ ။ မျိုးအောင်ပြီးတဲ့အခါ ဥတွေက သားအိမ်နံရံကို နေရာ ရွှေ့ပြီး အမြစ်တွယ်ကြပါလိမ့်မယ်။ အဲဒီအခါ သွေးနည်းနည်း ထွက်နိုင်ပေမယ့် ဒါက ပုံမှန်ကိစ္စ တစ်ခုဖြစ်လို့ စိတ်ပူ စရာ မရှိပါဘူး။
- မိန်းမအင်္ဂါနဲ့ သားအိမ်ခေါင်းရောဂါပိုး ကူးစက်ရောခြင်း၊ သင့်တော်တဲ့ ဆေးကုသမှုမခံယူခြင်းတွေက ကိုယ်ဝန် ပထမ ၄ လပတ်မှာ သွေးယိုစီးရခြင်းရဲ့ အကြောင်းရင်းတွေပါ။
သွေးထွက်ရင် ဘာလုပ်ရမလဲ
ကိုယ်ဝန်ဆောင်နေတုန်း အမျိုးသမီးတွေရဲ့ ၃၀% က သွေးထွက်တတ်ကြပြီး အခြေအနေ အားလုံးက စိုးရိမ်ရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သွေးထွက်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပြီး ဘာဖြစ်လဲဆိုတာ သိရအောင် လုပ်သင့်ပါတယ်။ တချို့ ကိစ္စတွေမှာ ဆရာဝန်တွေက သွေးထွက် ရတဲ့ အကြောင်းရင်းကိုရှာဖို့ စစ်ဆေးတာလေးတွေ လုပ်ပါလိမ့်မယ်။
- ကိုယ်ဝန်သည် မိခင်ရဲ့ ဟော်မုန်း ပမာဏကို သိဖို့ သွေးနဲ့ ဆီးစစ်ခြင်း။
- သားအိမ်ခေါင်း ပွင့်လာတဲ့အခြေအနေကို ကြည့်ခြင်း။
- သန္ဓေသားရဲ့ နှလုံးခုန်သံကို အာထရာဆောင်းနဲ့စစ်ဆေးခြင်း။
လူတော်တော်များများက ကိုယ်ဝန်ဆောင်စဉ် သွေးထွက်တာကို ကိုယ်ဝန်ပျက်ကျ နိုင်တာရဲ့ လက္ခဏာလို့ ပြောကြတယ်။ ဒါပေမဲ့ ဒီလို စဉ်းစားတာက လုံးဝမမှန်ပါဘူး။ ကလေးပျက်ကျတာရဲ့ လက္ခဏာက သားအိမ်အရမ်းကျုံ့တာ၊ ခါးအရမ်း နာတာတွေနဲ့ ဆက်စပ်နေပြီး သွေးခဲတွေလည်း ဆင်းတတ်ပါတယ်။
ကိုယ်ဝန်ပထမ ၄ လပတ်မှာ သွေးဆင်းတယ်ဆိုရင် ဒုတိယနဲ့ တတိယ ၄ လပတ်တွေမှာ လည်း သွေးဆင်းတာမျိုး ကြုံရ နိုင်ပါတယ်။ ဒါကြောင့် သတိလေးတော့ ထားပါမေမေရေ။