ကလေးနှင့် အရေးပေါ်လက္ခဏာများ
|စကားမပြောတတ်သေးသော ကလေးများတွင် သူတို့ခံစားရသော နာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်းများကို မေမေဖေဖေတို့ကို အသိပေးဖို့ မဖြစ်နိုင်ပါ။
ကလေး၏ အသက်အန္တရာယ်ရှိသော ရောဂါလက္ခဏာများကို မေမေဖေဖေအပြင် ကလေးကို အနီးကပ် စောင့်ရှောက်သူများအားလုံး အကျွမ်းဝင်သင့်ပါသည်။
ရုတ်တရက် နေမကောင်းသောကလေးတစ်ယောက်တွ
(၁) ပုံမှန်ထက်အိပ်ငိုက်ခြင်း
အစားကျွေးပြီးချိန်၊ နို့စို့ပြီးချိန်တွင် ကလေးတိုင်းအိပ်ငိုက်နိုင်သည
(၂) ပုံမှန်မဟုတ်သော ငိုသံ
ကလေးငယ်တိုင်းငိုသည်။ သို့သော် ပုံမှန်ထက် အာခေါင်ခြစ်ပြီး အဆက်မပြတ်ငိုလျှင်၊ ငိုသည့်အသံ အားနည်းလွန်း၍ တိမ်ဝင်သွားလျှင် စိတ်ပူသင့်ပါသည်။
(၃) အသက်ရှူပြဿနာများ
ပုံမှန်နှင့်မတူသော အသက်ရှူပုံ၊ အသက်ရှူမြန်လွန်းပြီး လည်ပင်းအောက်ပိုင်း ချိုင့်ဝင်သွားခြင်း၊ နံရိုးကြားကြွက်သားများ ချိုင့်ဝင်သွားခြင်းတို့က လေရှူဖို့ ကြိုးစားအားထုတ်ရုန်းကန်နေရ
အသက်ရှူမြန်လွန်းရာမှ ရုတ်တရက် ပြာနှမ်းလာပြီး ငြိမ်ကျသွားလျှင် အသက်အန္တရာယ် ပိုနီးကပ်လာခြင်း ဖြစ်နိုင်ပါသည်။
(၄) အရေပြားအရောင်
ဖြူပတ်ဖြူရော်ဖြစ်ခြင်း၊ နှုတ်ခမ်းနှင့် တစ်ကိုယ်လုံးပြာနှမ်းနေခြင်
(၅) အရေပြားပေါ်မှ အနီစက်များ
ဝက်သက်၊ သွေးလွန်တုပ်ကွေးနှင့် အခြားသော ကူးစက် ရောဂါပိုး များစွာက အရေပြားပေါ် အနီစက်ဖြစ်စေနိုင်သည်။ အနီစက်တိုင်း အန္တရာယ်မရှိပါ။ အနီစက်ပေါ် လက်ကလေးနှင့် ဖိကြည့်၍ အရောင်မှိန်မသွားလျှင် သွေးကြောများရောင်ရမ်းခြင်း
(၆) အရေးပေါ်တက်ခြင်း
ရုတ်တရက် မျက်လုံးများနောက်သို့လန်သွ
(၇) သိသာစွာဆီးသွားနည်းသွားခြင်
တစ်ရက်တွင်း ခါတိုင်းလဲပေးနေကျ သေးခံအရေအတွက်၏ တစ်ဝက်ထက်နည်းသွားလျှင် ရေဓာတ်လွန်စွာ ခန်းခြောက်နေပြီဖြစ်သည်။
(၈) နို့နှင့် အစာမဝင်ခြင်း
ကလေးက နို့မစို့နိုင်လောက်အောင်၊ အစားမစားနိုင်လောက်အောင် အားအင်ကုန်သွားပြီဖြစ်၍ ကိုယ်ခန္ဓာထဲ ပြဿနာ ကြီးကြီးမားမားဖြစ်နေပြီဖြစ
(၉) အဆက်မပြတ်အန်ခြင်း
၂ နှစ်အောက်ကလေး နို့နှင့် အစာမဝင်လောက်အောက် အန်ခြင်းက ၁၂ နာရီကျော်လျှင် ဆေးရုံသွားပါ။
၂ နှစ်အထက်ကလေး အစာမဝင်လောက်အောက် အန်ခြင်းက ၂၄ နာရီကျော်လျှင် ဆေးရုံသွားပါ။
(၁၀) အဖျားကြီးခြင်း
၃ လအောက်ကလေးတွင် ကိုယ်ပူချိန် ၃၈ံစင်တီဂရိတ်/ ၁၀၀.၄ံ ဖာရင်ဟိုက် ကျော်လျှင် ဆေးရုံသွားပါ။
၃ လအထက် ကလေးများတွင် ကိုယ်ပူချိန် ၃၈ံစင်တီဂရိတ်ကျော်တိုင်းတော့
ကလေးငယ်များသည် ရုတ်တရက် ပြင်းထန်စွာ နေမကောင်းဖြစ်သည့်အခါ ဆိုးရွားသော အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိတတ်ပါသည်။ အရေးကြီးသော လက္ခဏာများကို အရေးတကြီးကုမှသာ ကလေးများ၏ အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။
နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Google
#naynaymoeswe