မေမေလောင်းတို့ မွေးဖွား သတ်မှတ်ရက်ပြည့်တဲ့အထိ ကလေး မမွေးသေးဘူးဆိုရင်
|သတ်မှတ်ပေးထားတဲ့ မွေးဖွားရက် မတိုင်မီ လမစေ့ဘဲ မွေးလာမှာကိုပဲ စိတ်ပူကြပြီး သတ်မှတ်ရက်ထက် ကျော်လွန်တာတောင် ဗိုက်အနာ မပြသေးတဲ့ အခြေအနေတွေကိုတော့ မေ့နေတတ်ပါတယ်။
မေမေလောင်းတို့ အားလုံး ဆရာဝန်က သတ်မှတ်ပေးထားတဲ့ မွေးဖွားရက် မတိုင်မီ စောမွေးလာမှာ လမစေ့ဘဲ မွေးလာမှာကိုပဲ စိတ်ပူကြပြီး သတ်မှတ်ရက်ထက် ကျော်လွန်တာတောင် ဗိုက်အနာ မပြသေးတဲ့ အခြေအနေတွေကိုတော့ မေ့နေတတ်ပါတယ်။ စောတာပဲ ဖြစ်ဖြစ်၊ နောက်ကျတာပဲ ဖြစ်ဖြစ် စိုးရိမ်ရပါတယ်။
မေမေလောင်းတို့ အနေနဲ့ ဆရာဝန်က သတ်မှတ်ပေးထားတဲ့ မွေးဖွားရက် ဒါမှမဟုတ် အပတ်ရေ (၄၀) ကျော်လာတဲ့အခါ ကလေးမမွေးသေးရင် စိတ်ပူတာတွေ၊ စိုးရိမ်တာတွေ ရှိလာမှာပါ။ မွေးဖွားရက်က နီးလာပြီး ကလေးမွေးမယ့် လက္ခဏာ မပြသေးဘူးဆိုရင်တော့ နည်းနည်း တွန်းအားလေး ပေးဖို့ လိုပါတယ်။ ဆရာဝန် အကူအညီနဲ့ လုပ်လို့ ရသလို အိမ်မှာပဲ လုပ်လို့ရနိုင်တာတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန် ပြပါနော်။
သဘာဝအတိုင်းကိုပဲ ရက်လုံးဝ နောက်မကျဘဲ မွေးချင်ရင်တော့ ဆေးထိုးတာတွေ မလုပ်ဘဲ သားအိမ်ခေါင်း ပွင့်ပြီး ကလေး ရက်အတိနီးပါး မွေးအောင် လုပ်လို့ ရပါတယ်။ မေမေလောင်းတို့ရေ လမ်းများများ လျှောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ လမ်းလျှောက်တာတွေ၊ လှေကားတက်တာတွေက ကလေးရဲ့ ခေါင်းကို အောက်ဘက်ကို ရောက်သွားစေနိုင်ပါတယ်။ ကလေးရဲ့ ခေါင်းက သားအိမ်ဝကို ရောက်သွားပြီဆိုရင် မွေးဖွားဖို့ လက္ခဏာတွေ စပြနိုင်ပါတယ်။ မိနစ် (၂၀) လောက်ထိ လမ်းလျှောက်ပါ။ အိမ်က အရမ်းမမြင့်တဲ့ လှေကားလေးတွေတော့ တက်ပေးနော်။
နောက်ထပ် နည်းလမ်းတစ်ခုကတော့ မေမေလောင်းတို့ရဲ့ ရင်သားကို နှိပ်နယ်ပေးခြင်း ဖြစ်ပါတယ်။ ရင်သားကို နှိပ်နယ်ပေးမယ်ဆိုရင် သားအိမ်ရဲ့ လှုပ်ရှားမှုကို နှိုးဆော်ပေးနိုင်တဲ့ Oxytocin ဟော်မုန်းကို ထုတ်စေပြီး သားအိမ်က စညှစ်လာပါလိမ့်မယ်။ ဒါဆိုရင် မေမေလောင်းတို့ ကလေးမွေးမယ့် လက္ခဏာတွေကို ခံစားမိလာမှာပါ။
- မေမေလောင်းတို့ ခုပြောပြတဲ့ နည်းလမ်းတွေကတော့ အိမ်မှာ လုပ်လို့ ရတယ်ဆိုပေမယ့် ဆရာဝန်နဲ့တိုင်ပင်ပါ။
မေမေလောင်းတို့ရေ စက်ကိရိယာတွေ ဘယ်လောက်ကောင်းကောင်း မေမေလောင်းတို့ရဲ့ ကံတရားဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒါကြောင့် ဘုရား၊ တရား မမေ့ဖို့နဲ့ ကုသိုလ်ကောင်းမှုလေးတွေ ပြုပါလို့ အကြံပြုပါရစေနော်။