ကိုယ်ဝန်ဆောင်တို့ ပက်လက်အိပ်ခြင်းကြောင့် သန္ဓေသားပေါ် ဆိုးကျိုးဖြစ်စေမှု

သွေးပြန်တာနည်းရင် မိခင်ရဲ့အချင်းကနေတဆင့် ကလေးဆီကိုလည်း သွေးပို့ပေးတာနည်းသွားပါတယ်။ အဓိကလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ကို မိခင်ရဲ့ သွေးကနေ ရနိုင်တာပါ။

ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ရေ  အထူးသဖြင့် ကိုယ်ဝန်(၅)လကျော်လာပြီဆိုရင်တော့ ပက်လက်မအိပ်ပါနဲ့တော့။ တချို့မေမေလောင်းတို့ စိုးရိမ်ကြတာက ဘေးတစောင်းအိပ်တဲ့အခါ သန္ဓေသားကို သွားဖိမိမှာစိုးလို့ ပက်လက်အိပ်တာက လုံခြုံတယ်လို့ ထင်တတ်ကြပါတယ်။ မဟုတ်ပါဘူး။ သန္ဓေသားအတွက်ဆိုရင် မေမေတို့ ပက်လက်အိပ်တာက မေမေတို့ဆီက အောက်ဆီဂျင်နဲ့ အာဟာရရရှိနိုင်မှုအခွင့်အရေးကို လျော့နည်းစေပါတယ်။

ကိုယ်ဝန်ကာလ (၅)လကျော်လာတဲ့အခါ မေမေတို့သားအိမ်က ကြီးလာပြီး အစာအိမ်နားကိုရောက်လာပါပြီ။ သန္ဓေသားရဲ့ အလေးချိန်ကများပြီး မေမေတို့က ပက်လက်အိပ်တဲ့အခါ မေမေတို့ရဲ့အကြီးဆုံး သွေးပြန်ကြောမကြီးကို သွားပြီး ဖိထားမိတဲ့အတွက် ပြားသွားပြီး၊ သွေးပြန်တဲ့ အလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ သွေးပြန်တာနည်းရင် မိခင်ရဲ့အချင်းကနေတဆင့် ကလေးဆီကိုလည်း သွေးပို့ပေးတာနည်းသွားတယ်။ သန္ဓေသားအတွက်အဓိကလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ကို မိခင်ရဲ့ သွေးကနေ ရနိုင်တာပါ။

မေမေတို့က ပက်လက်အိပ်တဲ့အခါ သန္ဓေသားလေးဆီ သွေးမရောက်တာဖြစ်ပြီး ကလေး အသက်ရှုကြပ်တာနဲ့ အာဟာရချို့တဲ့တာတွေဖြစ်နိုင်လို့ နောက်ပိုင်းကိုယ်ဝန်ဆောင်ကာလတလျောက် ပက်လက်မအိပ်ကြဖို့ အကြံပြုလိုက်ပါတယ်။မေမေတို့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကောင်းဆုံးအိပ်စက်နည်းတွေကို Kalay ကနေ အကြံပြုထားပြီး ဖြစ်ပါတယ်နော်။

Credit: Kalay