ကလေးငယ်နှင့် ခံတွင်းသန့်ရှင်းရေး

ကလေးလေးတွေကို မွေးစကတည်းက မျက်နှာသစ် သန့်ရှင်းရေး လုပ်တဲ့အခါ oral wipe (သို့) ရေနွေးနဲ့ ဆေးပြီး ပိုးသတ်ထားတဲ့ အဝတ်နုလေးနဲ့ လျှာ၊ သွားဖုံး စတာတွေကို နေ့တိုင်း ညင်ညင်သာသာ ပွတ်ပေးရပါတယ်။ ဒီလို လုပ်ပေးရင် နောင် သွားတိုက်တဲ့အခါ ကျင့်သားရပြီး မငြင်းတော့ဘူးပေါ့။ သွားတိုက်ရင် ခက်တတ်တာ sensitive ဖြစ်တတ်တာကိုလည်း ကာကွယ် သက်သာစေတာပေါ့။

အဲလို လုပ်ပေးတိုင်း” သွားတိုက်ကြမယ်နော်”” သွားကလေးကို တိုက်မယ် တိုက်မယ် တိုက်မယ်”” brush your teeth … brush your teeth… listen to the music and brush your teeth” အဲလိုလေးတွေ ကိုယ်ကြိုက် နှစ်သက်တာ ဆိုပြပြီး ပျော်စရာကောင်းအောင် ဖန်တီးလို့ ရတယ်။ ကလေးကိုလည်း သွားတိုက်နေတာဆိုတာ ကို သင်ပေးသလိုလည်း ဖြစ်တယ်။#နီတိုးလေးမေမေ

သုံးလကျော်ကနေ လေး/ ငါး/ ခြောက်လ သွားပေါက်ဖို့ သွားဖုံးယားတာကိုလည်း အဲလို oral wipe (သို့) အဝတ်စလေးနဲ့ သွားဖုံး တစ်လျှောက် ညင်ညင်သာသာ နှိပ်ပေးနိုင်တယ်။

ဒါဆို ကလေးတို့ သွားတိုက်ဖို့ မခက်လောက်တော့ဘူး။ ခက်တဲ့ ကလေးဆိုရင်လည်း အဲလိုပဲ နှိပ်ပေးတဲ့နည်းနဲ့ သူတို့ sensitive ဖြစ်တာကို လျော့ပေးနိုင်တယ်။ လေ့ကျင့်ပေးဖို့ နောက်ကျတယ်ဆိုတာ မရှိဘူး မဟုတ်လား။

Oral wipe က ဝယ်လို့ရပါတယ်။ ကိုယ်နေတဲ့နေရာမှာ ဝယ်ဖို့မလွယ်ရင် တဘက်အနုစလေးနဲ့ ပွတ်လို့ ရတာပါပဲ။

မေတ္တာဖြင့်
ယုငယ်